HP က CES 2021 မှာ ထုတ်ကုန် အသစ်များစွာကို ကြေညာလိုက်ပြီး ကပ်ရောဂါ ကာလမှာ အိမ်ကနေ အလုပ်လုပ်လို့ ကောင်းအောင် အဓိက ဖန်တီးထားပါတယ်။ HP Elite Dragonfly G2 နဲ့ Elite Dragonfly Max တို့ဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်ပြီး ပေါ့ပါးပါတယ်။ ၁၃.၃ လက်မ မျက်နှာပြင် ၊ Intel 11th Gen Processor နဲ့ Tile Tracking နည်းပညာတွေ ထည့်သွင်းထားပြီး 5G နဲ့ 4G LTE မော်ဒယ်တွေ ထုတ်လုပ်ထားပါတယ်။

HP brings two convertible laptops, HP Elite Wireless Earbuds at CES

HP Elite Dragonfly Max မှာ 1080p မျက်နှာပြင်၊ 5MP Webcam (IR Sensor ပါတဲ့) ၊ မိုက်ကရိုဖုန်း ၄ လုံး ထည့်သွင်းထားပြီး လုံခြုံရေးအတွက် Webcam ကို ပိတ်ထားနိုင်တဲ့ Option ပါပါတယ်။ Elite Dragonfly G2 မှာ Intel 11th Gen i3, i5 , i7 နဲ့ Elite Dragonfly Max မှာ i5 , i7 တွေ ရွေးချယ်နိုင်ပါတယ်။ ၂ လုံးစလုံးအတွက် 32GB RAM နဲ့ 2TB SSD Storage အထိ ရွေးချယ်နိုင်ပြီး USB-C 3.1 Charging Port ၁ ခု၊ USB-C Thunderbolt 3 ၂ ခုနဲ့ HDML 1.b Port ၁ ခု တပ်ဆင်ထားပါတယ်။

HP Dragonfly G2 နဲ့ Elite Dragonfly Max တို့ကို ဒီလနှောင်းပိုင်း ရောင်းမှာ ဖြစ်ပြီး HP က ဈေး မပြောသေးပါဘူး။ ဒေါ်လာ ၁,၅၀၀ လောက်ရှိမယ့်အတွက် ဈေး မြောက်မှာပါ။

HP က Surface Pro ကို ယှဉ်ဖိုက်မယ့် Elite Filio ကိုလည်း ကြေညာလိုက်ပြီး ၁၃.၅ လက်မ FullHD မျက်နှာပြင် ၊ Gen 2 Snapdragon 8cx Processor တွေ ထည့်သွင်းထားပါတယ်။ 5G ထောက်ပံ့ထားပြီး 16GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းက ၁ ရက်လုံး ကောင်းကောင်း သုံးနိုင်တာက ကျေနပ်စရာ ဖြစ်ပြီး နောက်လမှာ ရောင်းမှာပါ။

Ref : gsmarena