HTC ဟာ စမတ်ဖုန်းအသစ်တွေကို မမိတ်ဆက်တော့တာ အချိန်တစ်ခုရှိသွားပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက ယခုနှစ်အတွက် ပထမဆုံး စမတ်ဖုန်းအသစ်ဖြစ်တဲ့ Desire 22 Pro ဖုန်းကို မိတ်ဆက်သွားခဲ့ပါတယ်။ အခုလည်း HTC ကနေ Android Tablet အသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

HTC ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Tablet ကိုတော့ HTC A101 လို့ပဲ နာမည်ပေးထားပြီး Budget Android Tablet တစ်လုံးအနေနဲ့ပဲ ရောင်းချသွားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Display ပိုင်းမှာ 10-inch IPS LCD Display ကိုအသုံးပြုထားပြီး Full HD+ Resolution ရှိမှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Unisoc ရဲ့ T618 Chipset ပါဝင်မှာဖြစ်ပြီး RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာပါ။ Storage ထပ်မံတိုးချဲ့ဖို့အတွက်ကတော့ microSD Card ကနေတစ်ဆင့် တိုးချဲ့နိုင်မှာဖြစ်ပါတယ်။

Camera အနေနဲ့ကတော့ 5MP Selfie Camera ပါဝင်မှာဖြစ်ပြီး Back Camera အနေနဲ့ 16MP Sensor ကို ထည့်သွင်းပေးထားပါတယ်။ Battery အတွက်ကတော့ 7000mAh Battery ကို အသုံးပြုထားပြီး USB-C ကနေတစ်ဆင့် 10W Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာတော့ Android 11 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

HTC A101 Tablet ဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃၆၀ ဝန်းကျင် (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး လောလောဆယ်မှာတော့ ရုရှားနိုင်ငံမှာပဲ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena