Zawgyi
Ref – Gizmo China
Unicode
HTC ဟာ အခုနောက်ပိုင်းမှာ ကုမ္ပဏီရောင်းအားတွေဆက်တိုက်ကျဆင်းနေပြီးတော့ CEO ဖြစ်တဲ့ Yvew Maitres ကိုယ်တိုင်ကလည်း အခုလိုမျိုး ရောင်းအားကျတာက စမတ်ဖုန်းတွေမှာ တီထွင်ဖန်တီးနိုင်စွမ်းရပ်တန့်သွားတာကြောင့်ဆိုပြီး ဝန်ခံထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိ စမတ်ဖုန်းထုတ်လုပ်မှုကိုတော့ ရပ်ဆိုင်းဦးမှာမဟုတ်တဲ့ ပုံစံပါပဲ။
ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ HTC က Taiwan မှာ Desire U19e နဲ့ Desire 19+ စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး အခုလည်း Taiwan မှာပဲ Desire 19s နာမည်နဲ့ စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Desire 19s စမတ်ဖုန်းဟာ ဇွန်လတုန်းက မိတ်ဆက်ခဲ့တဲ့ Desire 19+ ထက် စွမ်းဆောင်ရည်နိမ့်ပြီးတော့ အရင်တုန်းက HTC Wildfire X လိုမျိုး Design တွေကို အသုံးပြုလာတာဖြစ်ပါတယ်။
Design ပိုင်းအနေနဲ့ဆိုရင် နောက်ကျောဘက်ကို Two-tone Design နဲ့ ပြုလုပ်ထားပြီးတော့ အောက်ဖက်ပိုင်းကို ကိုင်ရအဆင်ပြေအောင် Texture ထည့်သွင်းထားတာဖြစ်ပါတယ်။ Display အနေနဲ့ 6.2″ Screen Size ရှိတဲ့ Waterdrop Notch နဲ့ HD+ Resolution 19:9 Display ကို အသုံးပြုထားပါတယ်။
Performance ပိုင်းအနေနဲ့ကတော့ MediaTek Helio P22 Processor ကိုမှ RAM 3GB နဲ့ Storage 32GB ပဲ ပါဝင်မှာဖြစ်တဲ့အတွက် Mid Range ဖုန်းတစ်ခုအနေနဲ့တောင်မှ အားနည်းနေတယ်လို့ ပြောရမှာပါ။ MicroSD Card နဲ့ Storage ထပ်တိုးနိုင်မယ်လို့လည်း သိရပါတယ်။
Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကို အသုံးပြုထားပြီးတော့ Primary Sensor အနေနဲ့ f1.85 13MP Sensor ၊ f2.2 118-degree Ultrawide Sensor နဲ့ f2.2 5MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ f2.0 16MP Sensor ကို တပ်ဆင်ပေးထားပါတယ်။ အခု Camera တွေကနေ AI Beauty Mode ၊ Enhanced Low-light Photography ၊ HDR ၊ Face Detection ၊ Portrait Mode လို Feature တွေအပြင် Full HD Video တွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Battery အနေနဲ့ကတော့ 3850mAh ပါဝင်မှာဖြစ်ပြီး 10W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Fingerprint Sensor ကို ဖုန်းရဲ့ နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး Software အနေနဲ့ Android 9 Pie ကို အခြေခံထားတဲ့ Sense UI ကို အသုံးပြုထားပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ HTC Desire 19s ဟာ ထိုင်ဝမ်ဒေါ်လာ ၅,၉၉၀ ကျသင့်မှာဖြစ်ပြီး မြန်မာငွေကျပ် ၃ သိန်းဝန်းကျင်ခန့်ရှိမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Free Blue နဲ့ Yashi Black ဆိုပြီး ရွေးချယ်နိုင်မှာပါ။
Ref – Gizmo China