HTC က စမတ်ဖုန်း နယ်ပယ်ကို မစွန့်ခွာသေးဘဲ  Android 10 ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ Desire 20 Pro ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီဖုန်းကို အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး အခုတော့ ဒီလ ၁၆ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းဟာ HTC ထိုင်ဝမ် ဝက်ဘ်ဆိုက်ရဲ့ Banner ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းမှာ ဆဲလ်ဖီး ကင်မရာ အတွက် Punch Hole ကို မျက်နှာပြင် အထက် ဘယ်ဘက်နားမှာ တပ်ဆင်ထားပြီး အနောက်ကင်မရာ ၄ လုံးကို ဘယ်ဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး Punch Hole ပါတဲ့ HTC ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါလာပါဘူး။

အရင်ကထွက်ခဲ့တဲ့ Desire စမတ်ဖုန်းတွေလိုပဲ Desire 20 Pro ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။ Benchmark စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Snapdragon 660 သို့မဟုတ် 665 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB RAM ပါလာမှာပါ။ နားကြပ်ပေါက်နဲ့ ၆.၅ လက်မ LCD FHD+ မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena