HTC ဟာ အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်ခဲ့ပေမယ့် အများမျှော်လင့်ထားသလောက် အောင်မြင်မှုမရခဲ့ပါဘူး။ အခုလည်း ဒီအမှတ်တံဆိပ်ရဲ့တစ်ကျော့ပြန်ခရီးက အတားအဆီးတွေအပြည့်နဲ့ပါ။ ဈေးကွက်ပြိုင်ဆိုင်မှုကို ရင်ဆိုင်ဖို့ကြိုးစားပြင်ဆင်နေဆဲမှာ COVID-19 ကလည်း ကုမ္ပဏီရဲ့ခြေလှမ်းတွေကို ကဖျက်ယဖျက်လုပ်နေသလိုပါပဲ။

ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီဟာ Xiaomi, Ralme, Vivo စတဲ့ တရုတ်အခြေစိုက်ကုမ္ပဏီတွေဆီပေးလိုက်ရတဲ့ သူ့ရဲ့ဈေးကွက်ဝေစုကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဈေးကွက်ထဲကို HTC Desire 20 Pro နဲ့ ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေတာပါ။

HTC Desire 20 Pro ကို လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ကြေညာမယ်လို့ ဆိုထားပြီး ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက် အတော်များများလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ ပကတိပြင်ပဓါတ်ပုံလည်း ထွက်ပေါ်လာတာပါ။ Hands-on ပကတိဓါတ်ပုံကိုတော့ နာမည်ကျော် Leakster ဖြစ်တဲ့ Evan Blass က မျှဝေခဲ့တာပါ။

Hands-on ပုံရိပ်တွေဟာ ဟန်းဆက်ရဲ့ ရှေ့ဘက်ခြမ်းရော၊ နောက်ဘက်ခြမ်းကိုပါ ပြသပြီး လွန်ခဲ့တဲ့ ဧပြီလတုန်းက ပေါက်ကြားခဲ့တဲ့ရုပ်ပုံနဲ့ အတူတူပဲဆိုတာကို တွေ့မြင်ရပါတယ်။ ဟန်းဆက်ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားသလို Fingerprint ဆင်ဆာလည်း တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ကျောဘက်ကိုယ်ထည်ကို ဖန်သားနဲ့ ပြုလုပ်ထားတာလည်း တွေ့မြင်နိုင်ပါတယ်။

မျက်နှာပြင်ကတော့ Carved အမျိုးအစားဖြစ်ပြီး ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးလည်း တပ်ဆင်ပေးထားပါတယ်။ Desire 20 Pro ဟာ 6.5-inch LCD ဖြစ်ပြီး FHD+ resolution နဲ့ ဖြစ်ပါတယ်။ GeekBench စာရင်းအရ Snapdragon 660 ဒါမှမဟုတ် 665 chipset ကို 6GB of RAM တွဲဖက်ထားသလို Android 10 OS ကိုလည်း မောင်းနှင်ထားတာ တွေ့ရပါတယ်။

Ref: Gizmochina