HTC Desire 20 Pro ကို အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။ Google Play Console မှာ မော်ဒယ်နံပါတ် 2Q9J1000 အနေနဲ့ မှတ်ပုံတင်ထားပြီး 6GB RAM နဲ့ Snapdragon 665 Chipset တွေ ထည့်သွင်းထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို Bluetooth SIG နဲ့ WiFi Alliance မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။

HTC က Desire 20 Pro ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးပါဘူး။ ကြေညာမယ့်နေ့နဲ့ Pro မဟုတ်တဲ့ HTC Desire 20 ထွက်လာမလားဆိုတာတွေကိုလည်း မသိရသေးပါဘူး။ Desire 20 Pro ဟာ Android 10 မောင်းနှင်ထားတဲ့ HTC ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်မယ်ဆိုတာ သေချာပါတယ်။ အဲဒီ စမတ်ဖုန်းမှာ ၆.၅ လက်မ Full HD+ Resolution မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

နာမည်ကျော် Leakster ဖြစ်တဲ့ @evleaks ကနေ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံ ထွက်ပေါ်လာခဲ့ဖူးပြီး Punch Hole ပါတဲ့ HTC ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး LED Flash ကို ကင်မရာတွေရဲ့ ညာဘက်ဘေးမှာ ထည့်သွင်းထားပါတယ်။ မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို တရားဝင် သိလာရတော့မှာပါ။

Ref : gsmarena