HTC Desire 20 Pro ကို ဥရောပမှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ပိုလန်နဲ့ နယ်သာလန်မှာ HTC Website ကနေ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး 6/128GB မော်ဒယ်ကို ၂၇၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်း ၅ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး ဒီလ ၂၄ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ထင်ရပါတယ်။

HTC Desire 20 Pro မှာ ၆.၅ လက်မ 1080x2340p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Punch Hole မှာ 25MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ Qualcomm Snapdragon 665 Chipset ထည့်သွင်းထားပြီး စွမ်းရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ 15W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Ref : gsmarena