HTC ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းလောကမှာ ဖုန်းအသစ်တွေဆက်တိုက် မထုတ်လုပ်နိုင်တော့သလို ရောင်းအားလည်းကျဆင်းနေတယ်ဆိုပေယ့် မကြာခင်မှာ Desire Series စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ဦးမယ့်ပုံစံပါပဲ။

အဆိုပါ HTC Desire စမတ်ဖုန်းအသစ်ဟာ Codename အနေနဲ့ Bayamo လို့ ခေါ်ဆိုမှာဖြစ်ပြီး ဖုန်းနာမည်ကိုတော့ Desire 20 Pro လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ နောက်ကျောဘက် Design ကို လက်ရှိ Xiaomi Mi 10 ဖုန်းနဲ့တူညီတဲ့ Camera Setup Design ကို အသုံးပြုလာမယ်လို့လည်း သိရပါတယ်။

အရှေ့ဘက် Display အနေနဲ့ကတော့ အသေးစိတ် Specification တွေမသိရသေးပေမယ့် Single Punch-hole Selfie Camera ကို အသုံးပြုထားမှာဖြစ်ပါတယ်။ 3.5mm Headphone Jack လည်းပါဝင်ဦးမှာပါ။

အခု HTC Desire 20 Pro ဖုန်းကို Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာလည်းတွေ့ခဲ့ရပြီးတော့ Processor အနေနဲ့ Qualcomm Snapdragon 665 သို့မဟုတ် 660 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်တယ်လို့လည်း Geekbench မှာ ဖော်ပြထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် HTC Desire 20 Pro စမတ်ဖုန်းအသစ်ဟာ Mid Range ဖုန်းစျေးကွက်ထဲမှာ ပြန်ပြီးနေရာယူလာနိုင်မလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref – GSM Arena