HTC ရဲ့ တကြော့ပြန်ခရီးအတွက် Desire 20 Pro ထုတ်ကုန်သစ်ဟာ ဧပြီလကုန်မှာတည်းက Leak သတင်းတွေ ထွက်ခဲ့ပြီး Specs အချို့ကို မြင်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ Google Play Console စာရင်းထဲကို ရောက်ရှိလာခဲ့ပါပြီ။

ဒီဇိုင်းပိုင်းကိုကြည့်ရင် HTC Desire 20 Pro ဟာ ၂၀၂၀ Midrange စမတ်ဖုန်းတွေနဲ့ မကွာခြားလှပေမယ့် အတွင်း Specs ကတော့ ပြိုင်ဆိုင်မှု အရမ်းမပြင်းထန်တာကို တွေ့ရမှာပါ။ Google Play Console ရဲ့စာရင်းမှာ ဒီဟန်းဆက်ရဲ့ မော်ဒယ်နံပါတ်ကို HTC 2Q9J10000 လို့ဖော်ပြထားပြီး အရင် Leak မှာတော့ ကုဒ်နာမည်ကို “Bayamo” လို့ ပေးထားကြောင်း သိခဲ့ရပါတယ်။

Google စာရင်းမှာ Qualcomm Snapdragon 665 ချစ်ပ်ဆက်နဲ့ 6GB RAM တို့ကို ဖော်ပြထားပြီး ဒီချစ်ပ်ဆက် ထွက်ရှိခဲ့တာ တစ်နှစ်ကျော်ပြီဖြစ်ပါတယ်။ Display ပိုင်းကတော့ Punch-hole Display ဒီဇိုင်းကို အသုံးပြုလာပြီး 2340 x 1080p FHD+ Resolution နဲ့ဖြစ်ပါတယ်။ မိုဘိုင်း OS မှာလည်း နောက်ဆုံးထွက် Android 10 OS ကိုပဲ အသုံးပြုရမှာပါ။

ကင်မရာအပါအဝင် ကျန်တဲ့အချက်အလက်တွေနဲ့ Render ပုံကိုတော့ ခုထိ သေချာမတွေ့ရသေးဘဲ HTC က စတင်ကြော်ငြာလာတဲ့ထိ စောင့်ရဦးမှာပါ။

Ref – GizmoChina