HTC ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့ U11+ စမတ်ဖုန်းဟာ လက်ရှိခေတ်စားလာတဲ့ 18:9 Ratio Display နဲ့ ထွက်ရှိလာတဲ့ ပထမဆုံး HTC ဖုန်းတစ်ခုဖြစ်ပြီးတော့ အခုအချိန်မှာတော့ HTC ကနေ နောက်ထပ် 18:9 Ratio Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်ခုကို ထပ်မံထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

အခု HTC U11 EYEs ဖုန်းမှာဆိုရင် U11+ လိုမျိုးပဲ 18:9 Ratio အသုံးပြုထားတဲ့ 6″ Full HD Display ပါဝင်မှာဖြစ်ပြီးတော့ U11 ဖုန်းတွေအတိုင်းပဲ Liquid Surface Finish ကို အသုံးပြုထားတာဖြစ်ပါတယ်။ အခု HTC U11 EYEs ရဲ့ ထူးခြားချက်ကတော့ ကင်မရာပိုင်းကောင်းမွန်တာဖြစ်ပြီးတော့ ဖုန်းရဲ့ အနောက်ဘက်မှာ UltraPixel နည်းပညာအသုံးပြုထားတဲ့ f1.7 12MP Camera ပါဝင်သလို ဖုန်းရဲ့ အရှေ့ဘက်မှာလည်း 5MP Camera ၂ လုံးတပ်ဆင်ထားတယ်လို့ သိရပါတယ်။

HTC U11 EYEs ဖုန်းမှာ Qualcomm Snapdragon 652 Chipset ကို အဓိကအသုံးပြုထားတာဖြစ်ပြီးတော့ RAM 4GB နဲ့ Storage 64GB ပါဝင်မယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဖုန်းရဲ့ အရှေ့ဘက် ကင်မရာ ၂ လုံးဟာ နောက်ခံကို ဝေဝါးပေးတဲ့ Portrait Mode နဲ့ ရိုက်ကူးနိုင်တဲ့အပြင် မျက်နှာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ Face Unlock စနစ်လည်းပါဝင်မယ်လို့ သိရပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ HTC U11 EYEs စမတ်ဖုန်းဟာ IP 67 ပါဝင်တဲ့အတွက် ရေစိုခံမှာဖြစ်သလို Edge Sense Feature လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3930 mAh Battery ပါဝင်မှာဖြစ်ပြီး အရောင်တွေအနေနဲ့ကတော့ Red, Silver Blue နဲ့ Black ဆိုပြီးရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

HTC U11 EYEs စမတ်ဖုန်းဟာ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ရောင်းချသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀ ခန့်ကျသင့်မယ်လို့ သိရပါတယ်။