[Zawgyi]

စမတ္ဖုန္းေလာကထဲမွာ တိတ္ဆိတ္ၿငိမ္သက္စြာ တည္ရွိေနခဲ့တဲ့ HTC ဟာ ယခုအခါမွာေတာ့ အသစ္တဖန္ ျပန္လည္ႏိုးထလာၿပီလို႔ ဆိုရမွာပါ။ HTC အေနနဲ႔ ၂၀၁၉ခုႏွစ္မွာ သူတို႔အတြက္ ပထမဦးဆုံး ျဖစ္လာမယ့္ စမတ္ဖုန္းကို ဒီႏွစ္ ဒုတိယႏွစ္ဝက္ေလာက္မွာ မိတ္ဆက္ေပးသြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ HTC U11, U11+ နဲ႔ U12+ တို႔ကိုလည္း Android 9 Pie Update ထုတ္လႊင့္ေပးသြားမွာ ျဖစ္ေၾကာင္း ကုမၸဏီက ေၾကညာထားပါေသးတယ္။

HTC ေနာက္ဆုံး မိတ္ဆက္ခဲ့တဲ့ စမတ္ဖုန္းကေတာ့ Blockchain နဲ႔ Cryptocurrency ေတြ ရင္းႏွီးျမႇပ္ႏွံ႔လို႔ရတဲ့ Exodus 1 ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းကို ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက မိတ္ဆက္ခဲ့တာျဖစ္ၿပီး၊ အဲ့ဒီေနာက္မွာေတာ့ HTC နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြဟာ စမတ္ဖုန္းေလာကထဲမွာ တိတ္ဆိတ္ၿငိမ္သက္သြားခဲ့ပါတယ္။

HTC Exodus 1

ဒီေန႔မွာေတာ့ HTC ရဲ႕ Decentralized Chief Officer ျဖစ္သူ Phil Chen က သူတို႔အေနနဲ႔ Exodus 1s လို႔ အမည္ရတဲ့ စမတ္ဖုန္းကို ၂၀၁၉ခုႏွစ္ ဒုတိယႏွစ္ဝက္ေလာက္မွာ မိတ္ဆက္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ အဆိုပါ စမတ္ဖုန္းဟာ ကန္ေဒၚလာ ၆၉၉ ( ျမန္မာေငြ ၁၀ သိန္း ဝန္းက်င္) တန္ေၾကးရွိတဲ့ HTC Exodus 1 ထက္ ပိုမိုေစ်းသက္သာမွာျဖစ္ၿပီး၊ သူရဲ႕ ေစ်းႏႈန္းက ကန္ေဒၚလာ ၂၅၀ ကေန ၃၀၀ ( ျမန္မာေငြ ၄ သိန္းကေန ၄သိန္းခြဲ ဝန္းက်င္ ) အတြင္းမွာ ရွိေၾကာင္း HTC ရဲ႕ ေျပာၾကားခ်က္မ်ားအရ သိရပါတယ္။ Exodus 1s ရဲ႕ Specifications နဲ႔ တျခားေသာ အခ်က္အလက္ေတြကိုေတာ့ HTC ဘက္က ထုတ္ေဖာ္ေျပာၾကားသြားခဲ့ျခင္း မရွိပါဘူး။

Ref : Phonearena

[Unicode]

စမတ်ဖုန်းလောကထဲမှာ ရေငုံနှုတ်ပိတ်နေတဲ့ HTC , စမတ်ဖုန်းအသစ် မိတ်ဆက်ဖို့ ပြင်ဆင်

စမတ်ဖုန်းလောကထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေခဲ့တဲ့ HTC ဟာ ယခုအခါမှာတော့ အသစ်တဖန် ပြန်လည်နိုးထလာပြီလို့ ဆိုရမှာပါ။ HTC အနေနဲ့ ၂၀၁၉ခုနှစ်မှာ သူတို့အတွက် ပထမဦးဆုံး ဖြစ်လာမယ့် စမတ်ဖုန်းကို ဒီနှစ် ဒုတိယနှစ်ဝက်လောက်မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ HTC U11, U11+ နဲ့ U12+ တို့ကိုလည်း Android 9 Pie Update ထုတ်လွှင့်ပေးသွားမှာ ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားပါသေးတယ်။

HTC နောက်ဆုံး မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းကတော့ Blockchain နဲ့ Cryptocurrency တွေ ရင်းနှီးမြှပ်နှံ့လို့ရတဲ့ Exodus 1 ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ HTC နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာ စမတ်ဖုန်းလောကထဲမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။

HTC Exodus 1

ဒီနေ့မှာတော့ HTC ရဲ့ Decentralized Chief Officer ဖြစ်သူ Phil Chen က သူတို့အနေနဲ့ Exodus 1s လို့ အမည်ရတဲ့ စမတ်ဖုန်းကို ၂၀၁၉ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ကန်ဒေါ်လာ ၆၉၉ ( မြန်မာငွေ ၁၀ သိန်း ဝန်းကျင်) တန်ကြေးရှိတဲ့ HTC Exodus 1 ထက် ပိုမိုစျေးသက်သာမှာဖြစ်ပြီး၊ သူရဲ့ စျေးနှုန်းက ကန်ဒေါ်လာ ၂၅၀ ကနေ ၃၀၀ ( မြန်မာငွေ ၄ သိန်းကနေ ၄သိန်းခွဲ ဝန်းကျင် ) အတွင်းမှာ ရှိကြောင်း HTC ရဲ့ ပြောကြားချက်များအရ သိရပါတယ်။ Exodus 1s ရဲ့ Specifications နဲ့ တခြားသော အချက်အလက်တွေကိုတော့ HTC ဘက်က ထုတ်ဖော်ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။

Ref : Phonearena