[Zawgyi]

ထိုင္ဝမ္အေျခစိုက္ နည္းပညာကုမၸဏီျဖစ္တဲ့ HTC ဟာ စမတ္ဖုန္းစင္ျမင့္ထက္ကို ျပန္လည္တက္လွမ္းႏိုင္ဖို႔ CEO အေျပာင္းအလဲနဲ႔အတူ ႐ုန္းကန္ႀကိဳးစားေနခဲ့တာ ျဖစ္ပါတယ္။ ျပင္သစ္တယ္လီကြန္ Orange မွာ အေတြ႕အႀကဳံေတြအမ်ားႀကီးရွိခဲ့တဲ့ Yves Maitre ဟာ HTC ကို လမ္းေၾကာင္းမွန္ေပၚ ဘယ္လိုျပန္တင္ေပးမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ပင္လယ္ျပင္ သေဘၤာပ်က္ကိန္းဆိုက္ေနတဲ့ ကုမၸဏီဟာ ေအာက္တိုဘာလအတြက္ထြက္လာတဲ့ ဘ႑ာေရးအစီရင္ခံစာမွာလည္း ဝင္ေငြပိုင္းဆိုင္ရာ ဆုတ္ယုတ္မႈကိုပဲ ေဖာ္ျပခဲ့တာကို ေတြ႕ရပါတယ္။ Yves ကေတာ့ ကုမၸဏီအေနနဲ႔ သင့္ေတာ္မွန္ကန္တဲ့အခ်ိန္မွာ ပရီမီယံစမတ္ဖုန္းေဈးကြက္ထဲ ျပန္ဝင္လာဦးမယ္လို႔ ေျပာထားခဲ့ေပမယ့္ ဒီလႈိင္း၊ ဒီေလၾကားမွာ ဦးတည္ရာမဲ့ ေမ်ာမသြားေအာင္ပဲ့ကိုင္ဖို႔က ဦးစားေပးကိစၥျဖစ္ေနပါလိမ့္မယ္။

HTC ရဲ႕ ေအာက္တိုဘာလအတြက္ စုစုေပါင္း ဝင္ေငြဟာ TWD ၆၅၆သန္း (အေမရိကန္ေဒၚလာ ၂၁.၆သန္း) ပဲရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဝင္ေငြပမာဏဟာ ၿပီးခဲ့တဲ့လကထက္ ၄၈.၆ ရာခိုင္ႏႈန္း က်ဆင္းခဲ့တာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ကာလတူဝင္ေငြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္လည္း ၄၉.၈ ရာခိုင္ႏႈန္း က်ဆင္းသြားတာကို ေတြ႕ျမင္ရပါလိမ့္မယ္။ ဒါဟာ Yves နဲ႔ ကုမၸဏီအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ခုပါပဲ။

လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကေတာ့ HTC ဟာ Mid-range အတန္းအစားကို အာ႐ုံစိုက္ခဲ့ၿပီး Wildfire X နဲ႔ U19e လို ဟန္းဆက္ေတြကို ထုတ္လုပ္ခဲ့တာ ေတြ႕ရပါတယ္။ အျခားတစ္ဘက္ကလည္း ကုမၸဏီဟာ VR, blockchain နဲ႔ 5G နယ္ပယ္ေတြဘက္ကို ေျခလွမ္းၿပီး အားထုတ္မႈျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိ သိသာထင္ရွားတဲ့ အက်ိဳးေက်းဇူးကို မရရွိေသးတဲ့အေျခအေနပါပဲ။

လႈိင္းေလ ၿငိမ္သြားတဲ့အခ်ိန္ေရာက္ရင္ေတာ့ VR ေတြ၊ 5G ေတြဟာ HTC ရဲ႕ ႐ြက္လႊင့္ျခင္းအတြက္ အေထာက္အပံ့ေကာင္းေတြ ျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အခုအခ်ိန္ကေတာ့ ဒီမုန္တိုင္းကို ဘယ္လိုျဖတ္ေက်ာ္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။

Ref: GSM Arena

[Unicode]

အောက်တိုဘာလ ဘဏ္ဍာရေးအစီရင်ခံစာမှာလည်း ဝင်ငွေဆုတ်ယုတ်မှုကိုပဲ ပြသနေတဲ့ HTC

ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ HTC ဟာ စမတ်ဖုန်းစင်မြင့်ထက်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ CEO အပြောင်းအလဲနဲ့အတူ ရုန်းကန်ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်တယ်လီကွန် Orange မှာ အတွေ့အကြုံတွေအများကြီးရှိခဲ့တဲ့ Yves Maitre ဟာ HTC ကို လမ်းကြောင်းမှန်ပေါ် ဘယ်လိုပြန်တင်ပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

လက်ရှိအခြေအနေမှာတော့ ပင်လယ်ပြင် သင်္ဘောပျက်ကိန်းဆိုက်နေတဲ့ ကုမ္ပဏီဟာ အောက်တိုဘာလအတွက်ထွက်လာတဲ့ ဘဏ္ဍာရေးအစီရင်ခံစာမှာလည်း ဝင်ငွေပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုကိုပဲ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ Yves ကတော့ ကုမ္ပဏီအနေနဲ့ သင့်တော်မှန်ကန်တဲ့အချိန်မှာ ပရီမီယံစမတ်ဖုန်းဈေးကွက်ထဲ ပြန်ဝင်လာဦးမယ်လို့ ပြောထားခဲ့ပေမယ့် ဒီလှိုင်း၊ ဒီလေကြားမှာ ဦးတည်ရာမဲ့ မျောမသွားအောင်ပဲ့ကိုင်ဖို့က ဦးစားပေးကိစ္စဖြစ်နေပါလိမ့်မယ်။

HTC ရဲ့ အောက်တိုဘာလအတွက် စုစုပေါင်း ဝင်ငွေဟာ TWD ၆၅၆သန်း (အမေရိကန်ဒေါ်လာ ၂၁.၆သန်း) ပဲရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဝင်ငွေပမာဏဟာ ပြီးခဲ့တဲ့လကထက် ၄၈.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ကာလတူဝင်ငွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း ၄၉.၈ ရာခိုင်နှုန်း ကျဆင်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါဟာ Yves နဲ့ ကုမ္ပဏီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။

လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ HTC ဟာ Mid-range အတန်းအစားကို အာရုံစိုက်ခဲ့ပြီး Wildfire X နဲ့ U19e လို ဟန်းဆက်တွေကို ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။ အခြားတစ်ဘက်ကလည်း ကုမ္ပဏီဟာ VR, blockchain နဲ့ 5G နယ်ပယ်တွေဘက်ကို ခြေလှမ်းပြီး အားထုတ်မှုပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးကို မရရှိသေးတဲ့အခြေအနေပါပဲ။

လှိုင်းလေ ငြိမ်သွားတဲ့အချိန်ရောက်ရင်တော့ VR တွေ၊ 5G တွေဟာ HTC ရဲ့ ရွက်လွှင့်ခြင်းအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်ကတော့ ဒီမုန်တိုင်းကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

Ref: GSM Arena