HTC ရဲ့ Vive ဟာ ဈေးနှုန်း အစားစား ရှိတဲ့ VR Headset တွေကို ထုတ်လုပ်ထားပြီး စွမ်းရည်မြင့် Vive Pro 2 , စွမ်းရည်သင့် Vive Cosmos Elite နဲ့ မကြာခင်က Vive Flow တို့ ပါပါတယ်။ အဲဒီ Headset အားလုံးမှာ AR စွမ်းရည် မပါလာကြပေမယ့် ကုမ္ပဏီဟာ Meta Quest Pro ကို ယှဉ်ပြိုင်ဖို့ စီစဉ်နေပါတယ်။

HTC teases a small, lightweight AR/VR headset that will be unveiled at CES

HTC က AR/VR စွမ်းရည် ပါတဲ့ Headset ၁ ခုကို ဇန်နဝါရီလ ၅ ရက်နေ့ CES ပွဲမှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ HTC ရဲ့ နိုင်ငံတကာ ထုတ်ကုန် အကြီးအကဲ Shen Ye က ဒီသတင်းကို ပြောလိုက်တာ ဖြစ်ပြီး Headset ရဲ့ သတင်းအချက်အလက်တချို့ကို သိလာရပါတယ်။

HTC announces new, small VR headset - is it Vive Flow 2?

Headset ရဲ့ အရှေ့နဲ့ ဘေးဘက်ကို မျက်နှာမူထားတဲ့ ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး Controller နဲ့ တွဲသုံးနိုင်ပါတယ်။ လက် တည်နေရာကို အာရုံခံနိုင်တဲ့ စွမ်းရည် ပါလာမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းက ၂ နာရီ ဖြစ်ပါတယ်။ ပေါ့ပါး သေးငယ်အောင် ဒီဇိုင်းထုတ်ထားပြီး ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိမှာပါ။ Ye က ဂိမ်း ၊ဖျော်ဖြေရေး၊ လေ့ကျင့်ခန်းအတွက် Headset ကို သုံးနိုင်မယ်လို့ ပြောပါတယ်။

HTC က ကုမ္ပဏီရဲ့ Headset ဟာ Meta Quest Pro ထက် ပိုကောင်းပြီး ကင်မရာတွေရဲ့ Dynamic Range ဟာ ပိုမြင့်တဲ့အတွက် ဥပမာ အနေနဲ့ လက်ပ်တော့၊ ဖုန်းတို့က စာသားတွေကို ဖတ်နိုင်မယ်လို့ ပြောပါတယ်။

မျက်လုံးကို အာရုံခံဖို့ အတွင်းဘက်ကို မျက်နှာမူထားတဲ့ ကင်မရာတွေ ပါလာမလားဆိုတာ မသိရသေးပါဘူး။ HTC က Headset မှာ Privacy ကို ဂရုစိုက် ဖန်တီးထားမယ်လို့ သိရပါတယ်။

Ref : gsmarena