[Zawgyi]

HTC ဟာ စမတ္ဖုန္းေလာကဆီ ျပန္မလာႏိုင္ေတာ့ဘူးလို႔ ေျပာဖို႔က ေစာေနေသးတယ္လို႔ ဆိုရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထိုင္ဝမ္အေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ ဆက္လက္ရွင္သန္က်န္ရစ္ဖို႔အတြက္ လက္မေလွ်ာ့လိုက္ဘဲ ႐ုန္းကန္ေနတာကိုေတြ႕ရၿပီး အခုလည္း ဦးေဆာင္သူအေျပာင္းအလဲနဲ႔အတူ ေျခလွမ္းသစ္ေတြလွမ္းဖို႔ ရွိေနေၾကာင္း ေျပာသြားခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္တုန္းက ကမာၻ႔ စမတ္ဖုန္းေဈးကြက္မွာ HTC ရရွိခဲ့တဲ့ ရာခိုင္ႏႈန္းက ၁၀ ရာခိုင္ႏႈန္းအထိ ျဖစ္ခဲ့ေပမယ့္ ဒီပမာဏက ေနာက္ဆုံးျဖစ္သြားခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ကုမၸဏီဟာ ေဈးကြက္ၿပိဳင္ဆိုင္မႈထဲမွာမရွိေတာ့ဘဲ ေဘးထြက္ထိုင္ေနခဲ့ရတာပါ။ ဒီေနာက္ပိုင္း ၈ ႏွစ္တာအေတာအတြင္း ကမာၻ႔ စမတ္ဖုန္း အေရာင္းရဆုံးဇယားထိပ္ပိုင္းမွာ HTC ကို မေတြ႕ျမင္ၾကရပါဘူး။

ကုမၸဏီဟာ လြန္ခဲ့တဲ့ လအနည္းငယ္ေလာက္က CEO ေနရာကို Yves Maitre နဲ႔အစားထိုးခဲ့ပါတယ္။ ကမာၻ႔ အႀကီးမားဆုံးတယ္လီကြန္ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ ျပစ္သစ္တယ္လီကြန္ Orange ရဲ႕ Consumer Equipment and Partnerships ကို Executive Vice President အျဖစ္ တာဝန္ယူခဲ့တဲ့ Yves က HTC ကို လမ္းေၾကာင္းမွန္ေပၚ ဘယ္လိုျပန္ၿပီး တင္ေပးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ထိုင္ဝမ္ကုမၸဏီဟာ VR လုပ္ငန္းပိုင္းမွာ ခိုင္ခိုင္မာမာနဲ႔ ေရွ႕ဆက္သြားဖြယ္ရွိသလို ေနာက္ထပ္ႏွစ္အနည္းငယ္အတြင္းမွာ ပိုၿပီးဖြံ႕ၿဖိဳးတိုးတက္လာဖြယ္လည္း ရွိေနပါတယ္။ ဒါေပမယ့္ HTC ရဲ႕ CEO သစ္ကေတာ့ ကုမၸဏီအေနနဲ႔ သင့္ေတာ္မွန္ကန္တဲ့အခ်ိန္မွာ ပရီမီယံ စမတ္ဖုန္းေဈးကြက္ထဲကို ျပန္ၿပီးေတာ့ ဝင္ေရာက္လာမယ္လို႔ ဆိုပါတယ္။

TechCrunch နဲ႔ အင္တာဗ်ဴးမွာ “HTC ဟာ စမတ္ဖုန္း ဟာ့ဒ္ဝဲပိုင္းကို တီထြင္ဆန္းသစ္မႈမွာ ရပ္တန႔္ခဲ့တယ္” လို႔ Maitre က ေျပာခဲ့ပါတယ္။ ဟုတ္ပါတယ္။ ဒါဟာ မွားယြင္းမႈတစ္ခုျဖစ္ၿပီး Nokia ရဲ႕က်ဆုံးမႈကို ျဖစ္ေပၚေစတဲ့အေၾကာင္းရင္းလို႔လည္း ေျပာႏိုင္ပါတယ္။ “ဒါဟာ အခ်ိန္ကိုက္လုပ္ေဆာင္မႈမွာ မွားယြင္းခဲ့တာပါ။ ဒါေပမယ့္ HTC မွာ ဒီအမွားကိုျပန္ကုစားဖို႔၊ တီထြင္ဆန္းသစ္ႏိုင္တဲ့ အရည္အခ်င္းေတြ ရွိေနပါေသးတယ္” လို႔လည္း Maitre က ထပ္မံေျပာဆိုသြားခဲ့ပါေသးတယ္။

Ref: Phone Arena

[Unicode]

သင့်တော်မှန်ကန်တဲ့အချိန်မှာ ပရီမီယံစမတ်ဖုန်းဈေးကွက်ထဲ ပြန်ဝင်လာဦးမယ်လို့ HTC ရဲ့ CEO သစ် ပြောဆို

HTC ဟာ စမတ်ဖုန်းလောကဆီ ပြန်မလာနိုင်တော့ဘူးလို့ ပြောဖို့က စောနေသေးတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ ဆက်လက်ရှင်သန်ကျန်ရစ်ဖို့အတွက် လက်မလျှော့လိုက်ဘဲ ရုန်းကန်နေတာကိုတွေ့ရပြီး အခုလည်း ဦးဆောင်သူအပြောင်းအလဲနဲ့အတူ ခြေလှမ်းသစ်တွေလှမ်းဖို့ ရှိနေကြောင်း ပြောသွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်မှာ HTC ရရှိခဲ့တဲ့ ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့ပေမယ့် ဒီပမာဏက နောက်ဆုံးဖြစ်သွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကုမ္ပဏီဟာ ဈေးကွက်ပြိုင်ဆိုင်မှုထဲမှာမရှိတော့ဘဲ ဘေးထွက်ထိုင်နေခဲ့ရတာပါ။ ဒီနောက်ပိုင်း ၈ နှစ်တာအတောအတွင်း ကမ္ဘာ့ စမတ်ဖုန်း အရောင်းရဆုံးဇယားထိပ်ပိုင်းမှာ HTC ကို မတွေ့မြင်ကြရပါဘူး။

ကုမ္ပဏီဟာ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က CEO နေရာကို Yves Maitre နဲ့အစားထိုးခဲ့ပါတယ်။ ကမ္ဘာ့ အကြီးမားဆုံးတယ်လီကွန်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပြစ်သစ်တယ်လီကွန် Orange ရဲ့ Consumer Equipment and Partnerships ကို Executive Vice President အဖြစ် တာဝန်ယူခဲ့တဲ့ Yves က HTC ကို လမ်းကြောင်းမှန်ပေါ် ဘယ်လိုပြန်ပြီး တင်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ထိုင်ဝမ်ကုမ္ပဏီဟာ VR လုပ်ငန်းပိုင်းမှာ ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်သွားဖွယ်ရှိသလို နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာ ပိုပြီးဖွံ့ဖြိုးတိုးတက်လာဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် HTC ရဲ့ CEO သစ်ကတော့ ကုမ္ပဏီအနေနဲ့ သင့်တော်မှန်ကန်တဲ့အချိန်မှာ ပရီမီယံ စမတ်ဖုန်းဈေးကွက်ထဲကို ပြန်ပြီးတော့ ဝင်ရောက်လာမယ်လို့ ဆိုပါတယ်။

TechCrunch နဲ့ အင်တာဗျူးမှာ “HTC ဟာ စမတ်ဖုန်း ဟာ့ဒ်ဝဲပိုင်းကို တီထွင်ဆန်းသစ်မှုမှာ ရပ်တန့်ခဲ့တယ်” လို့ Maitre က ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ မှားယွင်းမှုတစ်ခုဖြစ်ပြီး Nokia ရဲ့ကျဆုံးမှုကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းလို့လည်း ပြောနိုင်ပါတယ်။ “ဒါဟာ အချိန်ကိုက်လုပ်ဆောင်မှုမှာ မှားယွင်းခဲ့တာပါ။ ဒါပေမယ့် HTC မှာ ဒီအမှားကိုပြန်ကုစားဖို့၊ တီထွင်ဆန်းသစ်နိုင်တဲ့ အရည်အချင်းတွေ ရှိနေပါသေးတယ်” လို့လည်း Maitre က ထပ်မံပြောဆိုသွားခဲ့ပါသေးတယ်။

Ref: Phone Arena