[Zawgyi]

HTC ဟာ စမတ္ဖုန္းေဈးကြက္ထဲကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ျပန္လည္ဝင္ေရာက္ဖို႔ ႐ုန္းကန္ေနရခ်ိန္ျဖစ္ေပမယ့္ မူပိုင္ခြင့္အျငင္းပြားမႈက ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာခဲ့ျပန္ပါၿပီ။ လက္ရွိအေျခအေနအရ ကုမၸဏီဟာ ယူေကမွာ စမတ္ဖုန္းမ်ား ေရာင္းခ်ေနျခင္းကို ရပ္တန႔္ရေတာ့မွာပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကိုျပန္ၾကည့္မယ္ဆိုရင္ HTC ဟာ သုေတသနနဲ႔ဖြံ႕ၿဖိဳးေရးကုမၸဏီ Ipcom ရဲ႕ ကားဖုန္းေတြရဲ႕ ႀကိဳးမဲ့နည္းပညာ ဖြံ႕ၿဖိဳးေရးအတြက္တီထြင္ထားမႈကို မူပိုင္ခြင့္ဆိုင္ရာၿငိစြန္းတဲ့ ျဖစ္ရပ္ရွိခဲ့ပါေသးတယ္။ ထိုင္ဝမ္ကုမၸဏီက ဒီျပႆနာကို ေက်ာ္လႊားႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ တရား႐ုံးရဲ႕အမိန႔္ခ်မွတ္မႈကို ထပ္ၿပီးေရွာင္လႊဲႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ Ipcom က အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

HTC အေနနဲ႔ ယူေကမွာ ျမဴးနစ္အေျခစိုက္ Ipcom ကတင္ထားတဲ့ မူပိုင္ခြင့္နဲ႔ မၿငိစြန္းတဲ့ စမတ္ဖုန္းေတြကိုသာ ေရာင္းခ်ခြင့္ရေတာ့မွာ ျဖစ္ပါတယ္။ တရား႐ုံးရဲ႕ အမိန႔္ခ်မွတ္မႈအတိုင္း လိုက္နာေဆာင္႐ြက္ဖို႔အတြက္ HTC အေနနဲ႔ Desire 12/12+, U12 Life, U12+ နဲ႔ U11 စတာေတြကိုလည္း ေရာင္းခ်မႈ ရပ္ဆိုင္းထားရေတာ့မွာလည္း ျဖစ္ပါတယ္။

HTC ဟာ ေငြေၾကးဆိုင္ရာ ဆုံးရႈံးမႈေတြကို ႏွစ္အေတာ္ၾကာ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ Flagship ဖုန္းအသစ္နဲ႔အတူ ျပန္လည္ကုစားႏိုင္ဖို႔ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရွိၿပီးသား စမတ္ဖုန္းအေတာ္မ်ားမ်ားကို Software Update ေပးဖို႔ေတာင္ ႐ုန္းကန္ေနရတုန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ HTC အေနနဲ႔ ဒီအခက္အခဲကေန ဘယ္လို႐ုန္းထြက္လာႏိုင္မလဲဆိုတာ ေစာင့္ၾကည့္သြားရေတာ့မွာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှုကြောင့် ယူကေမှာ ဖုန်းများရောင်းချခြင်းကို ရပ်တန့်တော့မယ့် HTC

HTC ဟာ စမတ်ဖုန်းဈေးကွက်ထဲကို အောင်အောင်မြင်မြင်နဲ့ ပြန်လည်ဝင်ရောက်ဖို့ ရုန်းကန်နေရချိန်ဖြစ်ပေမယ့် မူပိုင်ခွင့်အငြင်းပွားမှုက ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပြန်ပါပြီ။ လက်ရှိအခြေအနေအရ ကုမ္ပဏီဟာ ယူကေမှာ စမတ်ဖုန်းများ ရောင်းချနေခြင်းကို ရပ်တန့်ရတော့မှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကိုပြန်ကြည့်မယ်ဆိုရင် HTC ဟာ သုတေသနနဲ့ဖွံ့ဖြိုးရေးကုမ္ပဏီ Ipcom ရဲ့ ကားဖုန်းတွေရဲ့ ကြိုးမဲ့နည်းပညာ ဖွံ့ဖြိုးရေးအတွက်တီထွင်ထားမှုကို မူပိုင်ခွင့်ဆိုင်ရာငြိစွန်းတဲ့ ဖြစ်ရပ်ရှိခဲ့ပါသေးတယ်။ ထိုင်ဝမ်ကုမ္ပဏီက ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးရဲ့အမိန့်ချမှတ်မှုကို ထပ်ပြီးရှောင်လွှဲနိုင်တော့မှာ မဟုတ်ဘူးလို့ Ipcom က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

HTC အနေနဲ့ ယူကေမှာ မြူးနစ်အခြေစိုက် Ipcom ကတင်ထားတဲ့ မူပိုင်ခွင့်နဲ့ မငြိစွန်းတဲ့ စမတ်ဖုန်းတွေကိုသာ ရောင်းချခွင့်ရတော့မှာ ဖြစ်ပါတယ်။ တရားရုံးရဲ့ အမိန့်ချမှတ်မှုအတိုင်း လိုက်နာဆောင်ရွက်ဖို့အတွက် HTC အနေနဲ့ Desire 12/12+, U12 Life, U12+ နဲ့ U11 စတာတွေကိုလည်း ရောင်းချမှု ရပ်ဆိုင်းထားရတော့မှာလည်း ဖြစ်ပါတယ်။

HTC ဟာ ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတွေကို နှစ်အတော်ကြာ ကြုံတွေ့ခဲ့ရတာကြောင့် Flagship ဖုန်းအသစ်နဲ့အတူ ပြန်လည်ကုစားနိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှိပြီးသား စမတ်ဖုန်းအတော်များများကို Software Update ပေးဖို့တောင် ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။ ဒါကြောင့် HTC အနေနဲ့ ဒီအခက်အခဲကနေ ဘယ်လိုရုန်းထွက်လာနိုင်မလဲဆိုတာ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

Ref: Phone Arena