HTC ရဲ့ U11 Plus စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတုန်းက ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ 18:9 Display နဲ့ နောက်ဆုံးထွက် Qualcomm Snapdragon Processor တွေထက် နောက်ဖက်က ဖောက်ထွင်းမြင်နေရတဲ့ကိုယ်ထည်က ထင်ရှားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ HTC ကနေ အခုလိုမျိုး ထူးခြားနေတဲ့ HTC U11 Plus စမတ်ဖုန်းကို ပိုပြီးတောက်ပနေတဲ့ အနီရောင်နဲ့ ထပ်မံထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အခုသတင်းကိုတော့ တရုတ် Online Shopping Website တစ်ခုဖြစ်တဲ့ AliExpress ကနေ U11 Plus စမတ်ဖုန်းရဲ့ အရောင်မှာ အနီရောင်ကိုပါ ဖော်ပြခဲ့တဲ့အတွက် သိရှိခဲ့တာဖြစ်ပါတယ်။

HTC က U11 Plus မတိုင်ခင်ထုတ်လုပ်ခဲ့တဲ့ HTC U11 စမတ်ဖုန်းတုန်းကလည်း Iron Man ရဲ့ ဝတ်စုံအရောင်လိုမျိုး ပြောင်လက်တောက်ပနေတဲ့အနီရောင်ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ အခု HTC U11 Plus စမတ်ဖုန်းကလည်း အဆိုပါ HTC U11 လိုမျိုး အရောင်ပဲဖြစ်လာမလား၊ ဖောက်ထွင်းမြင်ရတဲ့ဒီဇိုင်းနဲ့ပဲ ထွက်ရှိလာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

HTC U11 Plus စမတ်ဖုန်းဟာ 6″ Quad HD+ Display နဲ့ Qualcomm Snapdragon 835 Processor၊ RAM 6GB နဲ့ 128GB Storage တွေပါဝင်ခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်ခုပဲဖြစ်ပါတယ်။