HTC ရဲ့နောက်မိတ်ဆက်မယ့် Flagship ဖုန်းဖြစ်တဲ့ HTC U12 ရဲ့ Wallpaper တွေထွက်ပေါ်လာပါပြီ။ Wallpaper ကတော့ HTC သုံးနေကျ အရောင်နဲ့ပဲဖြစ်ပြီး လူငယ်ဆန်ဆန် စွဲဆောင်မှုရှိရှိ Design နဲ့ Wallpaper တွေဖြစ်ပါတယ်။

HTC U ဖုန်းတွေမှာ အခုနောက်ပိုင်း HTC ပြန်သုံးလာတာကတော့ Translucent Body Design ပါ။ Wireless Charging ပါတော့ ဖုန်းရဲ့နောက်ကျောမှာ Wireless Charging Coin ကိုမြင်ရအောင်လုပ်ထားတာ တော်တော်လေးလှပါတယ်။ ဖုန်းရဲ့အတွင်းဖက်ကို အားလုံးမမြင်ရပေမယ့် အခုလို Design ကတော်တော်လေးကို HTC Fan တွေ သဘောကျကြပါတယ်။

HTC U 12 နဲ့ပတ်သက်လို့တော့ Dual Camera ၊ Fingerprint Scanner ၊ Notch ပါတဲ့ Display နဲ့အတူ HTC ရဲ့ပါနေကျ Stereo Speaker တွေပါမယ်လို့ သိရပါတယ်။ အရောင်တွေနဲ့ပတ်သက်လို့တော့ Black Red Rose ၊ Violet အရောင်တွေကို U11+ မှာလိုမျိုး နောက်ကျောဖက် အကြည်နဲ့တွေ့ရမယ်လို့ သိရပါတယ်။

HTC U Series တွေက Flagship တွေဖြစ်တာကြောင့် Qualcomm ရဲ့လက်ရှိအကောင်းဆုံး Processor တွေကိုပဲ သုံးလေ့ရှိပါတယ်။ အဲ့ဒီအတွက် HTC U12 ကို Snapdragon 845 နဲ့တွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။ Display ကိုတော့ OLED အသုံးပြုဖို့ သတင်းထွက်မထားတာကြောင့် HTC ရဲ့လက်စွဲတော် Super LCD တွေကိုပဲ ဆက်အသုံးပြုလာဦးမယ်ဆိုတာ သေချာသလောက်ပါပဲ။

HTC U12 ကိုတော့ မြန်မာငွေ ၈သိန်းဝန်ကျင်နဲ့တွေ့ရနိုင်ပြီး Dual SIM ၊ MicroSD Card Slot နဲ့အတူ USB C နဲ့လာမှာဖြစ်ပေမယ့် Headphone Port ကတော့ပါမှာမဟုတ်ပါဘူး။ Dual Camera နဲ့ပတ်သက်လို့တော့ သိပ်ပြီးမျှော်လင့်စရာမရှိပါဘူး။ HTC ကတော့ AI တွေအကြောင်းသိပ်မပြောထားတော့ သူများတွေလုပ်သလိုမျိုး Effect တွေ Filter တွေထည့်ပေးလာမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ လာမယ့် ၂၅ ရက်နေ့မှာ ပွဲထုတ်သွားမှာဖြစ်လို့ ဘယ်လို Design နဲ့လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။