[Zawgyi]
HTC အနေနဲ့ သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်ကြတဲ့ HTC U19e နဲ့ Desire 19+ တို့ကို ထိုင်ဝမ်နိုင်ငံမှာ မနေ့တုန်းက မိတ်ဆက်သွားပါတယ်။ အချိန်အတော်ကြာ ငြိမ်ချက်သား ကောင်းနေခဲ့တဲ့ HTC ဟာ မိတ်မဆက်တော့လည်း မိတ်မဆက်လို့၊ မိတ်ဆက်တော့လည်း ၂မျိုးတောင် မိတ်ဆက်သွားပါတယ်။
Ref : Gizmochina
[Unicode]
U19e နဲ့ Desire 19+ စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်တဲ့ HTC
HTC အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်ကြတဲ့ HTC U19e နဲ့ Desire 19+ တို့ကို ထိုင်ဝမ်နိုင်ငံမှာ မနေ့တုန်းက မိတ်ဆက်သွားပါတယ်။ အချိန်အတော်ကြာ ငြိမ်ချက်သား ကောင်းနေခဲ့တဲ့ HTC ဟာ မိတ်မဆက်တော့လည်း မိတ်မဆက်လို့၊ မိတ်ဆက်တော့လည်း ၂မျိူးတောင် မိတ်ဆက်သွားပါတယ်။
HTC U19e မှာ 6” OLED Display ( Resolution 1080 x 2160 pixels ) , Snapdragon 710 SoC, RAM 6GB + Storage 128GB နဲ့ 3930mAh Battery တို့ပါဝင်ပြီး 18W အမြန်အားသွင်းစနစ်ကို USB Type-C ကနေ တစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာအပိုင်းအတွက် 12MP Main Camera ကို 20MP Telephoto Lens နဲ့ နောက်ကျောဘက်မှာ တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP Main Camera နဲ့ 2MP Depth Sensor တွေကို Selfie Camera နဲ့ Face Unlock အတွက် တပ်ဆင်ပေးထားပါတယ်။ စျေးနှုန်းကတော့ ထိုင်ဝမ်ဒေါ်လာ ၁၄,၉၀၀ ( မြန်မာငွေ ၇၂၀,၀၀၀ ကျပ် ဝန်းကျင် ) ကျသင့်မှာပါ။
HTC Desire 19+ မှာ 6.2” LCD Display ( Resolution 720 x 1440 pixels ), Helio P35 SoC, RAM 4GB + Storage 64GB / RAM 6GB + Storage 128GB နဲ့ 3850mAh Battery တို့ပါဝင်ပါတယ်။ USB Type – C ကို အသုံးပြုထားပေမယ့် အမြန်အားသွင်းစနစ်တော့ ပါဝင်လာခြင်း မရှိပါဘူး။ ကင်မရာအပိုင်းအတွက် 13MP Main Camera ကို 8MP Ultra-wide + 5MP Depth Sensor တွေနဲ့ နောက်ကျောဘက်မှာ တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Waterdrop Notch ထဲမှာတော့ 16MP Camera ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ စျေးနှုန်းတွေအနေနဲ့ RAM 4GB + Storage 64GB မော်ဒယ်က ထိုင်ဝမ်ဒေါ်လာ ၉,၉၉၀ ( မြန်မာငွေ ၄၈၅,၀၀၀ ကျပ် ဝန်းကျင် ) ကျသင့်မှာဖြစ်ပြီး RAM 6GB + Storage 128GB မော်ဒယ်က ထိုင်ဝမ်ဒေါ်လာ ၁၀,၉၉၀ ( မြန်မာငွေ ၅၃၀,၀၀၀ ကျပ် ဝန်းကျင် ) ကျသင့်မှာ ဖြစ်ပါတယ်။
Ref : Gizmochina