[Zawgyi]

HTC ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက Waterdrop Notch Smartphone ၁လုံးနဲ႔ အိႏၵိယ စမတ္ဖုန္းေဈးကြက္ကို ျပန္လည္ဝင္ေရာက္မယ္လို႔ သတင္းေပးခဲ့ပါတယ္။ အခုေတာ့ Wildfire X ကို ေၾကညာလိုက္ပါၿပီ။ ဒါေပမယ့္ အဲဒီ ဖုန္းကို HTC က ထုတ္လုပ္တာ မဟုတ္ဘဲ တရုတ္ အေျခစုိက္ InOne Smart Technology Company က ဖန္တီးထားတာပါ။

HTC Wildfire X မွာ Helio P22 SoC နဲ႔ Android Pie ထည့္သြင္းထားပါတယ္။ 256GB microSD Card စိုက္ႏုိင္ပါတယ္။ ၆.၂ လက္မ HD+ Display တပ္ဆင္ထားၿပီး Screen-to-body Ratio မွာ ၈၈.၈ ရာခိုင္ႏႈန္းပါ။ Waterdrop Notch မွာ 8MP Selfie Camera တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။

12MP Main, 8MP Telephoto (2x Optical Zoom) နဲ႔ 5MP Depth Sensor ေတြကို အေနာက္ဘက္မွာ တပ္ဆင္ထားပါတယ္။ MyBuddy လို႔ ေခၚတဲ့ Accessory ပါရွိၿပီး  အေရးေပၚ အေျခအေနေတြမွာ ခလုတ္ႏွိပ္လိုက္တာနဲ႔ က်ယ္ေလာင္တဲ့ Alarms ျမည္ေစသလို သင့္ရဲ႕ တည္ေနရာကို မိသားစု၀င္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ မွ်ေ၀ႏုိင္ပါတယ္။ သင့္ ပတ္၀န္းက်င္မွ အသံနဲ႔ ရုပ္ပံုေတြကို ဖမ္းယူၿပီးလည္း ေပးပို႔ႏုိင္ပါတယ္။ သင့္ဖုန္း ေပ်ာက္သြားရင္လည္း  MyBuddy ကေန ေျခရာခံႏုိင္ပါတယ္။

HTC Wildfire X မွာ 3,300mAh Battery ထည့္ထားၿပီး အျပာေရာင္ ၁ မ်ိဳးသာ ထုတ္လုပ္ထားပါတယ္။  3GB/32GB Model ကို ရူပီး ၁၀,၉၉၉ နဲ႔ 4GB/128GB Model ကို ရူပီး ၁၃,၉၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ ၂၃၀,၀၀၀ နဲ႔ ၃၀၀,၀၀၀ ေလာက္ရွိႏုိင္ပါတယ္။ ဒီလ ၂၂ ရက္မွာ Flipkart ကေန ေရာင္းမွာပါ။

Ref : gsmarena

[Unicode]

HTC က အနောက်ကင်မရာ ၃ လုံးပါတဲ့ Wildfire X ကို ကြေညာ

HTC က ပြီးခဲ့တဲ့ ဇူလိုင်လက အိန္ဒိယ စမတ်ဖုန်း ဈေးကွက်ကို စွန့်ခွာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ Waterdrop Notch Smartphone ၁ လုံးနဲ့ အဲဒီဈေးကွက်ကို ပြန်လည် ဝင်ရောက်မယ်လို့ သတင်းပေးခဲ့ပါတယ်။ အခုတော့ Wildfire X ကို ကြေညာလိုက်ပါပြီ။ ဒါပေမယ့် အဲဒီ ဖုန်းကို HTC က ထုတ်လုပ်တာ မဟုတ်ဘဲ တရုတ် အခြေစိုက် InOne Smart Technology Company က ဖန်တီးထားတာပါ။

HTC Wildfire X မှာ Helio P22 SoC နဲ့ Android Pie ထည့်သွင်းထားပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။ ၆.၂ လက်မ HD+ Display တပ်ဆင်ထားပြီး Screen-to-body Ratio မှာ ၈၈.၈ ရာခိုင်နှုန်းပါ။ Waterdrop Notch မှာ 8MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

12MP Main, 8MP Telephoto (2x Optical Zoom) နဲ့ 5MP Depth Sensor တွေကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ MyBuddy လို့ ခေါ်တဲ့ Accessory ပါရှိပြီး အရေးပေါ် အခြေအနေတွေမှာ ခလုတ်နှိပ်လိုက်တာနဲ့ ကျယ်လောင်တဲ့ Alarms မြည်စေသလို သင့်ရဲ့ တည်နေရာကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ မျှဝေနိုင်ပါတယ်။ သင့် ပတ်ဝန်းကျင်မှ အသံနဲ့ ရုပ်ပုံတွေကို ဖမ်းယူပြီးလည်း ပေးပို့နိုင်ပါတယ်။ သင့်ဖုန်း ပျောက်သွားရင်လည်း MyBuddy ကနေ ခြေရာခံနိုင်ပါတယ်။

HTC Wildfire X မှာ 3,300mAh Battery ထည့်ထားပြီး အပြာရောင် ၁ မျိုးသာ ထုတ်လုပ်ထားပါတယ်။ 3GB/32GB Model ကို ရူပီး ၁၀,၉၉၉ နဲ့ 4GB/128GB Model ကို ရူပီး ၁၃,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၂၃၀,၀၀၀ နဲ့ ၃၀၀,၀၀၀ လောက်ရှိနိုင်ပါတယ်။ ဒီလ ၂၂ ရက်မှာ Flipkart ကနေ ရောင်းမှာပါ။

Ref : gsmarena