[Zawgyi]

HTC ဟာ လြန္ခဲ့တဲ့ႏွစ္ေတြကမွ စမတ္ဖုန္းႀကိဳးဝိုင္းထဲကို ျပန္ၿပီးဝင္လာခဲ့တယ္လို႔ဆိုရေပမယ့္ ၂၀၁၉ ၾသဂုတ္လ ဝင္ေငြဟာ ၆၇% အထိ တိုးတက္လာခဲ့တယ္လို႔ သိရပါတယ္။ ဒီသတင္းနဲ႔အတူ တြဲလ်က္ထြက္ေပၚလာတာကေတာ့ ကုမၸဏီဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြက္လည္း အစီအစဥ္ေတြ ဆြဲထားၿပီဆိုတာပါပဲ။

HTC ဟာ ဒီႏွစ္ရဲ႕ က်န္ရွိေနတဲ့ အခ်ိန္ေတြမွာ Mid-range အမ်ိဳးအစားေတြကို အာ႐ုံစိုက္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ ၂၀၂၀ ထုတ္ဖုန္းတိုင္းမွာ VR နဲ႔ 5G ကိုလည္း ထည့္သြင္းသြားဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒီလိုလုပ္ျခင္းက ကုမၸဏီရဲ႕ စမတ္ဖုန္းေတြကို ေဈးကြက္ထဲမွာ ပိုၿပီးေတာ့ ေအာင္ျမင္ေစႏိုင္မယ္လို႔လည္း ယုံၾကည္ေနေၾကာင္း သိရပါတယ္။

ျပည္တြင္းေဈးကြက္ရဲ႕ သုံးပုံႏွစ္ပုံက $320 ေအာက္ (ငါးသိန္းေအာက္) စမတ္ဖုန္းေတြကို ပိုၿပီး အလိုရွိၾကတယ္လို႔ ဥကၠ႒ Darren Chen ေျပာပါတယ္။ ဒါေၾကာင့္ ထိုင္ဝမ္ကုမၸဏီႀကီးဟာ ဒီအပိုင္းအျခားထဲ ဝင္ဆံ့မယ့္ အမ်ိဳးအစားကိုပဲ ပစ္မွတ္ထား ထုတ္လုပ္သြားဖို႔ စဥ္းစားေနတာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ HTC Wildfire နဲ႔ Desire အမ်ိဳးအစားေတြ ပိုၿပီး ထုတ္လုပ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Samsung, Google, Xiaomi စတဲ့ကုမၸဏီေတြက သူတို႔ရဲ႕ ဖုန္းအေျခခံ VR headsets ေတြကို မိတ္ဆက္ခဲ့သလိုပဲ HTC ကလည္း ၂၀၂၀ မွာ မိတ္ဆက္လာဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။ လာမယ့္ႏွစ္ေတြမွာ ပိုၿပီးက်ယ္ျပန႔္လာမယ့္ 5G နည္းပညာအတြက္ ထိုင္ဝမ္ကုမၸဏီက ျပင္ဆင္ေနတယ္ဆိုေပမယ့္ Mid-range ေဈးကြက္ရဲ႕ ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈကို ေက်ာ္ျဖတ္ႏိုင္ပါ့မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

၂၀၂၀ ထုတ်ဖုန်းတွေမှာ VR နဲ့ 5G ကို ပေါင်းစပ်ဖို့ ကြံစည်နေတဲ့ HTC

HTC ဟာ လွန်ခဲ့တဲ့နှစ်တွေကမှ စမတ်ဖုန်းကြိုးဝိုင်းထဲကို ပြန်ပြီးဝင်လာခဲ့တယ်လို့ဆိုရပေမယ့် ၂၀၁၉ သြဂုတ်လ ဝင်ငွေဟာ ၆၇% အထိ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့အတူ တွဲလျက်ထွက်ပေါ်လာတာကတော့ ကုမ္ပဏီဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်အတွက်လည်း အစီအစဉ်တွေ ဆွဲထားပြီဆိုတာပါပဲ။

HTC ဟာ ဒီနှစ်ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေမှာ Mid-range အမျိုးအစားတွေကို အာရုံစိုက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ၂၀၂၀ ထုတ်ဖုန်းတိုင်းမှာ VR နဲ့ 5G ကိုလည်း ထည့်သွင်းသွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီလိုလုပ်ခြင်းက ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေကို ဈေးကွက်ထဲမှာ ပိုပြီးတော့ အောင်မြင်စေနိုင်မယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။

ပြည်တွင်းဈေးကွက်ရဲ့ သုံးပုံနှစ်ပုံက $320 အောက် (ငါးသိန်းအောက်) စမတ်ဖုန်းတွေကို ပိုပြီး အလိုရှိကြတယ်လို့ ဥက္ကဋ္ဌ Darren Chen ပြောပါတယ်။ ဒါကြောင့် ထိုင်ဝမ်ကုမ္ပဏီကြီးဟာ ဒီအပိုင်းအခြားထဲ ဝင်ဆံ့မယ့် အမျိုးအစားကိုပဲ ပစ်မှတ်ထား ထုတ်လုပ်သွားဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် HTC Wildfire နဲ့ Desire အမျိုးအစားတွေ ပိုပြီး ထုတ်လုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Samsung, Google, Xiaomi စတဲ့ကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းအခြေခံ VR headsets တွေကို မိတ်ဆက်ခဲ့သလိုပဲ HTC ကလည်း ၂၀၂၀ မှာ မိတ်ဆက်လာဖို့ မျှော်လင့်နိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ ပိုပြီးကျယ်ပြန့်လာမယ့် 5G နည်းပညာအတွက် ထိုင်ဝမ်ကုမ္ပဏီက ပြင်ဆင်နေတယ်ဆိုပေမယ့် Mid-range ဈေးကွက်ရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena