HTC ဟာ ၂၀၁၈ ခုနှစ်တုန်းက စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ၁ လုံး ဖြစ်တဲ့ HTC U12+ ကို ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး နောက်မျိုးဆက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ အဲဒီ စမတ်ဖုန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ထားကြပေမယ့် မဖြစ်လာခဲ့ပါဘူး။ HTC ရဲ့ နောက်မျိုးဆက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း မိတ်ဆက်ချိန်ဟာ ကြာမြင့်ဦးမယ်လို့ ထင်ရပါတယ်။

HTC Desire 21 Pro 5G announced with SD690 and 90Hz display - GSMArena.com news

အခုလို HTC ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ် မိတ်ဆက်ချိန် ကြာမြင့်နေတာဟာ Covid-19 ကြောင့် စမတ်ဖုန်း အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ ပြဿနာတွေ ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် HTC ကတော့ နောက်မျိုးဆက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ထုတ်လုပ်ရောင်းချမယ့် စီမံကိန်းကို လက်မလျှော့သေးပါဘူး။ တချို့တွေက အဲဒီ စမတ်ဖုန်းဟာ ထူးခြားဆန်းသစ်မှာ ဖြစ်ပြီး Blockchain အသားပေး စမတ်ဖုန်းတွေ ဖြစ်တဲ့ Exodus 1 , Exodus 1s တို့လိုမျိုး ဖြစ်မယ်လို့ ထင်နေကြပါတယ်။

The best HTC phones you can buy right now Android Authority

HTC ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ Vive Flow VR Headset နဲ့ တွဲဖက် အသုံးပြုနိုင်မယ်လို့ ထင်ရပြီး စမတ်ဖုန်းမှာ Augmented Reality Apps တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ HTC ဟာ အခုနောက်ပိုင်း နာမည်ကြီးလာတဲ့ Metaverse နယ်ပယ်ထဲကိုလည်း အခြေချလာနိုင်ပါတယ်။

HTC ဟာ စမတ်ဖုန်း လောကမှာ မအောင်မြင်ခဲ့ပေမယ့် လက်မလျှော့သေးဘဲ စမတ်ဖုန်း အနည်းငယ်ကို ဆက်လက်ထုတ်လုပ်ရောင်းချနေပါတယ်။ ကုမ္ပဏီဟာ ဘယ်လို ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းတွေနဲ့ ဖောက်သည်တွေကို ပြန်လည် စွဲဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena