[Zawgyi]

ဒီလ အစပိုင္းေလာက္ကပဲ Samsung က သူ႔ရဲ႕ Galaxy A9 2018 ဖုန္းေတြကို မိတ္ဆက္ခ်ျပခဲ့တာျဖစ္ျပီး ေက်ာဘက္ကင္မရာ ၄လံုးျပဴးေၾကာင့္ ေတာ္ေတာ္လည္း အုတ္အုတ္က်က္က်က္ျဖစ္သြားခဲ့ပါတယ္။

သူမ်ားေတြက ကင္မရာ ၄လံုး လိုလို႔လား မပါလည္းျဖစ္တာပါပဲဆိုတဲ့ သံုးသပ္ခ်က္ေတြအေပၚ Samsung က သူ႔ရဲ႕ Official YouTube Channel မွာ သူ႔ရဲ႕ ကင္မရာ၄လံုးျပဴးအလုပ္လုပ္ပံုကို ဗီဒီယိုေလးတစ္ခုနဲ႔ ေဖာ္ျပလိုက္ပါတယ္။

သိတဲ့အတုိင္း ေက်ာဘက္ကင္မရာ ၄လံုးက 24MP Main Lens, 10MP Telephoto Lens, 8MP Ultra Wide-Angle Lens နဲ႔ 5MP ရိွတဲ့ Depth Lens ဆိုျပီး သံုးထားတာပါ။ ေျပာရရင္ Samsung အေနနဲ႔ ကင္မရာေတြအမ်ားၾကီးကို ျပြတ္သိပ္သံုးလိုက္တာ ျမင္ဖူးတာ ဒါပထမဆံုးအၾကိမ္ပါ။ Android ဖုနး္ေတြထဲမွာလည္း ေက်ာဘက္၄လံုးဆိုတာန႔ဲ သူ႔ကိုအရင္ဆံုး ျမင္မိၾကမွာပါပဲ။

သူ႔ရဲ႕ Ultra-Wide Angle Sensor ကေတာ့ 120-Degree ထိ View က်ယ္ျပီး ပံုမွန္ရိုက္တာထက္ကို အမ်ားၾကီးအက်ယ္ၾကီးပိုဆံ့သြားပါတယ္။ Wide-Angle Lens ကေတာ့ ေနာက္ပိုင္းတစ္ခ်ိဳ႕ဖုန္းေတြလည္း ေတာ္ေတာ္သံုးလာၾကျပီး တစ္ခ်ိဳ႕ဖုန္းေတြမွာဆို Selfie ကိုလူမ်ားမ်ားပိုဆံေအာင္ ေရွ႕ဘက္မွာပါ Wide-Angle Lens သံုးလာၾကပါတယ္။

5MP Depth Sensor ကေတာ့ ေရွ႕ၾကည္ ေနာက္ဝါး Portrait ပံုေတြ ရိုက္ဖို႔အတြက္ျဖစ္ျပီး အားသာခ်က္က ရိုက္ျပီးတဲ့အခ်ိန္မွာ Background ကို ဘယ္ေလာက္အတိုင္းအတာထိ ဝါးမလဲဆိုတာ စိတ္ၾကိဳက္ညိွလို႔ရပါတယ္။ Samsung ကေတာ့ ဒီ Feature ကို Live Focus လို႔ေခၚထားပါတယ္။

24MP Main Sensor ကေတာ့ ဘာ Zoom, Wide Scene, Background Blur မွ မပါပဲ အေကာင္းဆံုးပံုတစ္ပံုျဖစ္ေအာင္ရိုက္ေပးႏုိင္ျပီး ပတ္ဝန္းက်င္အလင္းေရာင္ေတြ ျမင္ကြင္းေတြကိုလိုက္ျပီး Setting ကိုလည္း ေအာ္တိုခ်ိန္ညိွေပးပါတယ္။ သူကေတာ့ AI Scene Recognition လို႔ေခၚတာပါ။

Telephoto Lens ေတြကေတာ့ 2x Optical Zoom ထိရျပီး Zoom ဆြဲလိုက္ရင္ေတာင္ မဝါးသြားဘဲ အေသးစိတ္က်တဲ့ပံုေတြေပးႏုိင္ဖို႔အတြက္ပါ။ Note တို႔ S တို႔ျပီးရင္ေတာ့ Samsung က ထုတ္သမွ်ထဲမွာ စိတ္ဝင္စားဖို႔ေကာင္းတာဆိုလို႔ သူပဲရိွပါတယ္။ Galaxy S လည္းမဟုတ္ Note လည္းမဟုတ္လို႔ ေစ်းသက္သာမလားထင္ခဲ့ေပမယ့္ မသက္သာပါဘူး..ကင္မရာကလြဲလို႔ Performance ပိုင္းကို ၾကည့္မယ္ဆိုရင္ Snapdragon 660 Chipset နဲ႔ ေစ်းနဲ႔က တစ္ခ်ိဳ႕အတြက္ေတာ့ မတန္ဘူးလို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။

လာမယ့္ ႏိုဝင္ဘာ ၁၅ရက္ေန႔က်ရင္ေတာ့ ဥေရာပႏုိင္ငံနဲ႔ UK တို႔မွာရႏုိင္ေတာ့မွာေပမယ့္ U.S ေစ်းကြက္ကိုေတာ့ ဝင္မယ့္ပံုမေပၚပါဘူး။ A9 ထြက္တုန္းကလည္း ေတြ႔သင့္သေလာက္ေတြ႔ခဲ့ျပီးျပီဆိုေတာ့ A9 အေပၚ ေကာင္းျခင္းဆိုးျခင္းအျမင္ေလးေတြရိွရင္ ေဝမွ်ခ့ဲလို႔ရပါတယ္။

Source: AndroidAuthority

 

[Unicode]

ဒီလ အစပိုင်းလောက်ကပဲ Samsung က သူ့ရဲ့ Galaxy A9 2018 ဖုန်းတွေကို မိတ်ဆက်ချပြခဲ့တာဖြစ်ပြီး ကျောဘက်ကင်မရာ ၄လုံးပြူးကြောင့် တော်တော်လည်း အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ပါတယ်။

သူများတွေက ကင်မရာ ၄လုံး လိုလို့လား မပါလည်းဖြစ်တာပါပဲဆိုတဲ့ သုံးသပ်ချက်တွေအပေါ် Samsung က သူ့ရဲ့ Official YouTube Channel မှာ သူ့ရဲ့ ကင်မရာ၄လုံးပြူးအလုပ်လုပ်ပုံကို ဗီဒီယိုလေးတစ်ခုနဲ့ ဖော်ပြလိုက်ပါတယ်။

သိတဲ့အတိုင်း ကျောဘက်ကင်မရာ ၄လုံးက 24MP Main Lens, 10MP Telephoto Lens, 8MP Ultra Wide-Angle Lens နဲ့ 5MP ရှိတဲ့ Depth Lens ဆိုပြီး သုံးထားတာပါ။ ပြောရရင် Samsung အနေနဲ့ ကင်မရာတွေအများကြီးကို ပြွတ်သိပ်သုံးလိုက်တာ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပါ။ Android ဖုန်းတွေထဲမှာလည်း ကျောဘက်၄လုံးဆိုတာနဲ့ သူ့ကိုအရင်ဆုံး မြင်မိကြမှာပါပဲ။

သူ့ရဲ့ Ultra-Wide Angle Sensor ကတော့ 120-Degree ထိ View ကျယ်ပြီး ပုံမှန်ရိုက်တာထက်ကို အများကြီးအကျယ်ကြီးပိုဆံ့သွားပါတယ်။ Wide-Angle Lens ကတော့ နောက်ပိုင်းတစ်ချို့ဖုန်းတွေလည်း တော်တော်သုံးလာကြပြီး တစ်ချို့ဖုန်းတွေမှာဆို Selfie ကိုလူများများပိုဆံအောင် ရှေ့ဘက်မှာပါ Wide-Angle Lens သုံးလာကြပါတယ်။

5MP Depth Sensor ကတော့ ရှေ့ကြည် နောက်ဝါး Portrait ပုံတွေ ရိုက်ဖို့အတွက်ဖြစ်ပြီး အားသာချက်က ရိုက်ပြီးတဲ့အချိန်မှာ Background ကို ဘယ်လောက်အတိုင်းအတာထိ ဝါးမလဲဆိုတာ စိတ်ကြိုက်ညှိလို့ရပါတယ်။ Samsung ကတော့ ဒီ Feature ကို Live Focus လို့ခေါ်ထားပါတယ်။

24MP Main Sensor ကတော့ ဘာ Zoom, Wide Scene, Background Blur မှ မပါပဲ အကောင်းဆုံးပုံတစ်ပုံဖြစ်အောင်ရိုက်ပေးနိုင်ပြီး ပတ်ဝန်းကျင်အလင်းရောင်တွေ မြင်ကွင်းတွေကိုလိုက်ပြီး Setting ကိုလည်း အော်တိုချိန်ညှိပေးပါတယ်။ သူကတော့ AI Scene Recognition လို့ခေါ်တာပါ။

Telephoto Lens တွေကတော့ 2x Optical Zoom ထိရပြီး Zoom ဆွဲလိုက်ရင်တောင် မဝါးသွားဘဲ အသေးစိတ်ကျတဲ့ပုံတွေပေးနိုင်ဖို့အတွက်ပါ။ Note တို့ S တို့ပြီးရင်တော့ Samsung က ထုတ်သမျှထဲမှာ စိတ်ဝင်စားဖို့ကောင်းတာဆိုလို့ သူပဲရှိပါတယ်။ Galaxy S လည်းမဟုတ် Note လည်းမဟုတ်လို့ ဈေးသက်သာမလားထင်ခဲ့ပေမယ့် မသက်သာပါဘူး..ကင်မရာကလွဲလို့ Performance ပိုင်းကို ကြည့်မယ်ဆိုရင် Snapdragon 660 Chipset နဲ့ ဈေးနဲ့က တစ်ချို့အတွက်တော့ မတန်ဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။

လာမယ့် နိုဝင်ဘာ ၁၅ရက်နေ့ကျရင်တော့ ဥရောပနိုင်ငံနဲ့ UK တို့မှာရနိုင်တော့မှာပေမယ့် U.S ဈေးကွက်ကိုတော့ ဝင်မယ့်ပုံမပေါ်ပါဘူး။ A9 ထွက်တုန်းကလည်း တွေ့သင့်သလောက်တွေ့ခဲ့ပြီးပြီဆိုတော့ A9 အပေါ် ကောင်းခြင်းဆိုးခြင်းအမြင်လေးတွေရှိရင် ဝေမျှခဲ့လို့ရပါတယ်။

Source: AndroidAuthority