[Zawgyi]

Huami က အိႏၵိယမွာ Amazfit GTR (42mm) Smartwatch ကို ေၾကညာလိုက္ပါတယ္။ အိႏၵိယမွာ ဒီလ အေစာပိုင္းက ေရာင္းေပးခဲ့တဲ့ GTR 47mm ၿပီးေနာက္ ဒုတိယ ထုတ္ကုန္ အေနနဲ႔ GTR 42mm ထြက္လာတာပါ။ 42mm Edition ကို ဒီလ ၂၉ ရက္ကစၿပီး ရူပီး ၉,၉၉၉ နဲ႔ ၀ယ္ယူႏိုင္မွာျဖစ္ၿပီး ျမန္မာေငြ ၂ သိန္းစြန္းစြန္းရွိပါတယ္။

GTR 42mm မွာ ၁.၂ လက္မ AMOLED Display ပါၿပီး Gorilla Glass 3 နဲ႔ ကာကြယ္ထားတဲ့ အတြက္ ေတာ္ရံုထိခိုက္မႈေတြကို မႈ႕စရာ မလိုပါဘူး။ လက္ေဗြရာ မထင္ေအာင္ အလႊာ ၁ ခုဖံုးအုပ္ထားပါတယ္။ Starry Black, Moonlight White, Cherry Blossom Pink နဲ႔ Coral Red အေရာင္ေတြ ထုတ္လုပ္ထားၿပီး ဆီလီကြန္လက္ပတ္ ပါလာမွာပါ။ Glitter Edition မွာေတာ့ သားေရ လက္ပတ္ တပ္ထားပါတယ္။ Huami က အဲဒီ စမတ္နာရီဟာ လွပခန္႔ညားၿပီး ဖက္ရွင္က်သလို တည္ေဆာက္မႈ အရည္အေသြးက ျမင့္မားတယ္လို႔ ေျပာပါတယ္။

စမတ္နာရီမွာ BioTracker, PPG Optical Heart-Rate Sensor, 3-Axis Geomagnetic Sensor, 6-Axis Acceleration Sensor, Ambient Light Sensor နဲ႔ Pressure Sensor ေတြ ပါတဲ့အတြက္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္သူေတြ၊ က်န္းမာေရး လိုက္စားသူေတြအတြက္ အရမ္းကို အသံုး၀င္ပါတယ္။ ေရအနက္ ၅၀ မီတာ အထိ ၀တ္ဆင္ႏုိင္ပါတယ္။ ဖုန္းမွ Incoming Call နဲ႔ Notification ေတြကို ျပသေပးပါတယ္။ iOS 10 , Android 5.0 နဲ႔ သူ႔အထက္ ဖုန္းေတြနဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။

တစ္ခါအားသြင္းထားရင္ ၁၂ ရက္ေတာင္ အသံုးခံတဲ့ 195mAh Battery ထည့္ထားတဲ့အတြက္ သင့္ကို အလုပ္ရႈပ္သက္သာေစမွာ ေသခ်ာပါတယ္။

Ref : gizmochina

[Unicode]

Huami Amazfit GTR (42mm) ကို အိန္ဒိယမှာ ရောင်းပြီ

Huami က အိန္ဒိယမှာ Amazfit GTR (42mm) Smartwatch ကို ကြေညာလိုက်ပါတယ်။ အိန္ဒိယမှာ ဒီလ အစောပိုင်းက ရောင်းပေးခဲ့တဲ့ GTR 47mm ပြီးနောက် ဒုတိယ ထုတ်ကုန် အနေနဲ့ GTR 42mm ထွက်လာတာပါ။ 42mm Edition ကို ဒီလ ၂၉ ရက်ကစပြီး ရူပီး ၉,၉၉၉ နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး မြန်မာငွေ ၂ သိန်းစွန်းစွန်းရှိပါတယ်။

GTR 42mm မှာ ၁.၂ လက်မ AMOLED Display ပါပြီး Gorilla Glass 3 နဲ့ ကာကွယ်ထားတဲ့ အတွက် တော်ရုံထိခိုက်မှုတွေကို မှု့စရာ မလိုပါဘူး။ လက်ဗွေရာ မထင်အောင် အလွှာ ၁ ခုဖုံးအုပ်ထားပါတယ်။ Starry Black, Moonlight White, Cherry Blossom Pink နဲ့ Coral Red အရောင်တွေ ထုတ်လုပ်ထားပြီး ဆီလီကွန်လက်ပတ် ပါလာမှာပါ။ Glitter Edition မှာတော့ သားရေ လက်ပတ် တပ်ထားပါတယ်။ Huami က အဲဒီ စမတ်နာရီဟာ လှပခန့်ညားပြီး ဖက်ရှင်ကျသလို တည်ဆောက်မှု အရည်အသွေးက မြင့်မားတယ်လို့ ပြောပါတယ်။

စမတ်နာရီမှာ BioTracker, PPG Optical Heart-Rate Sensor, 3-Axis Geomagnetic Sensor, 6-Axis Acceleration Sensor, Ambient Light Sensor နဲ့ Pressure Sensor တွေ ပါတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေ၊ ကျန်းမာရေး လိုက်စားသူတွေအတွက် အရမ်းကို အသုံးဝင်ပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပါတယ်။ ဖုန်းမှ Incoming Call နဲ့ Notification တွေကို ပြသပေးပါတယ်။ iOS 10 , Android 5.0 နဲ့ သူ့အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

တစ်ခါအားသွင်းထားရင် ၁၂ ရက်တောင် အသုံးခံတဲ့ 195mAh Battery ထည့်ထားတဲ့အတွက် သင့်ကို အလုပ်ရှုပ်သက်သာစေမှာ သေချာပါတယ်။

Ref : gizmochina