Zawgyi

Huami ဟာ တရုတ္အေျခစိုက္ Xiaomi ရဲ႕ ကုမၸဏီခြဲတစ္ခုျဖစ္ၿပီး စမတ္လက္ပတ္နာရီေတြကုိ အဓိကထုတ္လုပ္ပါတယ္။ ၿပီးခဲ့တဲ့လက Huami ဟာ Amazfit Verge 2 နဲ႔ Amazfit Health Watch အမည္ရ ထုတ္ကုန္ႏွစ္မ်ဳိးကို မိတ္ဆက္ခဲ့ၿပီး ေနာက္ထပ္ရက္သတၱပတ္အနည္းငယ္သာျခားကာ Amazfit Bip Lite နဲ႔ Amazfit Verge Lite တုိ႔ကိုထပ္မံေစ်းကြက္ထဲပို႔ခဲ့ျပန္တယ္။

ယေန႔မွာေတာ့ ထပ္ၿပီး Amazfit GTR အမည္ရထုတ္ကုန္အသစ္ကို လာမယ့္ဇူလိုင္လ ၁၆ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ ထပ္မံေၾကျငာလိုက္ျပန္ပါၿပီ။

Grand Tour Racing ရဲ႕အတုိေကာက္ျဖစ္တဲ့ Amazfit GTR ဖုန္းဟာ သတ္မွတ္ထားတဲ့ရက္မွာ တရုတ္ႏုိင္ငံ ေဘက်င္းၿမိဳ႕မွာ မိတ္ဆက္သြားမယ္လို႔သိရပါတယ္။ သူ႕ရဲ႕အဓိက Feature ေတြထဲက တစ္ခုကေတာ့ တုိက္ေတနီယံနဲ႔ ျပဳလုပ္သြားမယ့္ ကုိယ္ထည္ပါပဲ။ တုိက္ေတနီယံသတၳဳဟာ နာရီအမ်ားစုမွာ အသုံးျပဳေနတဲ့ သံမဏိ (Stainless Steel) ထက္ ခံႏုိင္ရည္ျမင့္မားသလို သံေခ်းတက္ျခင္းကိုလည္း ကာကြယ္ေပးႏုိင္ပါတယ္။

Amazfit GTR ရဲ႕ဒီဇုိင္းနဲ႔ပတ္သက္လို႔ေတာ့ သူ႕ရဲ႕ Teaser ပိုစတာထဲမွာ အနက္ေရာင္ပုံသ႑ာန္တစ္ခုကို ျမင္ေတြ႕ရမွာျဖစ္ၿပီး အဝုိင္းပုံသ႑ာန္ဒိုင္ခြက္နဲ႔ ညာဘက္မွာ ခလုတ္ႏွစ္ခုပါဝင္တာကို ျမင္ႏုိင္မွာပါ။ Huami ဟာ သူတုိ႔ရဲ႕ Weibo အေကာင့္ကေနလည္း ဒီနာရီဟာ ၂၄ နာရီ ဘကၳရီသက္တမ္းရွိမယ္လို႔ ေၾကျငာခဲ့ပါတယ္။

Huami ဟာ မၾကာခင္အခ်ိန္အတြင္း စမတ္နာရီအမ်ဳိးအစား ၁၀ မ်ဳိးနဲ႔အထက္ မိတ္ဆက္သြားဖို႔ အၾကံအစည္အား ဇြန္လအေစာပုိင္းမွာ ဖြင့္ဟေျပာၾကားခဲ့ၿပီး အခုပုံအတုိင္းဆုိရင္ေတာင္ ေျပာတဲ့အတုိင္း ျဖစ္လာဖို႔ ရွိပါတယ္။ ဇြန္လကေန အခုခ်ိန္ထိအတြင္း GTR ကိုပါ ထည့္တြက္ရင္ စမတ္နာရီငါးမ်ဳိး ထြက္ရွိၿပီးျဖစ္တာေၾကာင့္ ဒီႏွစ္မကုန္ခင္ ေနာက္ထပ္ ငါးမ်ဳိးကို ထပ္ျမင္ရဖို႔ဆုိတာ ျဖစ္ႏုိင္တဲ့အရာတစ္ခုပါပဲ။

Ref – Gizmo China

Unicode

Huami ဟာ တရုတ်အခြေစိုက် Xiaomi ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး စမတ်လက်ပတ်နာရီတွေကို အဓိကထုတ်လုပ်ပါတယ်။ ပြီးခဲ့တဲ့လက Huami ဟာ Amazfit Verge 2 နဲ့ Amazfit Health Watch အမည်ရ ထုတ်ကုန်နှစ်မျိုးကို မိတ်ဆက်ခဲ့ပြီး နောက်ထပ်ရက်သတ္တပတ်အနည်းငယ်သာခြားကာ Amazfit Bip Lite နဲ့ Amazfit Verge Lite တို့ကိုထပ်မံဈေးကွက်ထဲပို့ခဲ့ပြန်တယ်။

ယနေ့မှာတော့ ထပ်ပြီး Amazfit GTR အမည်ရထုတ်ကုန်အသစ်ကို လာမယ့်ဇူလိုင်လ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ထပ်မံကြေငြာလိုက်ပြန်ပါပြီ။

Grand Tour Racing ရဲ့အတိုကောက်ဖြစ်တဲ့ Amazfit GTR ဖုန်းဟာ သတ်မှတ်ထားတဲ့ရက်မှာ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ မိတ်ဆက်သွားမယ်လို့သိရပါတယ်။ သူ့ရဲ့အဓိက Feature တွေထဲက တစ်ခုကတော့ တိုက်တေနီယံနဲ့ ပြုလုပ်သွားမယ့် ကိုယ်ထည်ပါပဲ။ တိုက်တေနီယံသတ္ထုဟာ နာရီအများစုမှာ အသုံးပြုနေတဲ့ သံမဏိ (Stainless Steel) ထက် ခံနိုင်ရည်မြင့်မားသလို သံချေးတက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Amazfit GTR ရဲ့ဒီဇိုင်းနဲ့ပတ်သက်လို့တော့ သူ့ရဲ့ Teaser ပိုစတာထဲမှာ အနက်ရောင်ပုံသဏ္ဍာန်တစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အဝိုင်းပုံသဏ္ဍာန်ဒိုင်ခွက်နဲ့ ညာဘက်မှာ ခလုတ်နှစ်ခုပါဝင်တာကို မြင်နိုင်မှာပါ။ Huami ဟာ သူတို့ရဲ့ Weibo အကောင့်ကနေလည်း ဒီနာရီဟာ ၂၄ နာရီ ဘက္ထရီသက်တမ်းရှိမယ်လို့ ကြေငြာခဲ့ပါတယ်။

Huami ဟာ မကြာခင်အချိန်အတွင်း စမတ်နာရီအမျိုးအစား ၁၀ မျိုးနဲ့အထက် မိတ်ဆက်သွားဖို့ အကြံအစည်အား ဇွန်လအစောပိုင်းမှာ ဖွင့်ဟပြောကြားခဲ့ပြီး အခုပုံအတိုင်းဆိုရင်တောင် ပြောတဲ့အတိုင်း ဖြစ်လာဖို့ ရှိပါတယ်။ ဇွန်လကနေ အခုချိန်ထိအတွင်း GTR ကိုပါ ထည့်တွက်ရင် စမတ်နာရီငါးမျိုး ထွက်ရှိပြီးဖြစ်တာကြောင့် ဒီနှစ်မကုန်ခင် နောက်ထပ် ငါးမျိုးကို ထပ်မြင်ရဖို့ဆိုတာ ဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။

Ref – Gizmo China