[Zawgyi]

Xiaomi ရဲ႕ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာ နည္းပညာမွာ ပါတနာ ျဖစ္တဲ့ Huami က Amazfit GTS Smartwatch ကို ေၾကညာလိုက္ပါတယ္။ ၁.၆၅ လက္မ AMOLED Display တပ္ဆင္ထားၿပီး ေလးေထာင့္ ပံုသ႑ာန္ ျဖစ္ပါတယ္။ ၁ လက္မကို Pixel သိပ္သည္းဆက ၃၄၁ ျဖစ္ၿပီး အရည္အေသြးမွာ 348 x 442px ျဖစ္ပါတယ္။ အရြယ္အစား က်စ္လစ္ေသးငယ္ၿပီး ပါးလႊာ ေပါ့ပါးပါတယ္။ ကိုယ္ထည္ကို အလူမီနီယမ္နဲ႔ တည္ေဆာက္ထားၿပီး အေရာင္ ၆ မ်ိဳးထုတ္လုပ္ထားပါတယ္။

Amazfit GTS ကို ေရအနက္ ၅၀ မီတာအထိ ၀တ္ဆင္ႏိုင္တဲ့အတြက္ ေရကူးတာ၊ ေရငုပ္တာေတြ အတြက္ သင့္ေတာ္ပါတယ္။ ေျမျပင္မွာ ေလ့က်င့္ခန္းေတြ ျပဳလုပ္ရင္လည္း ၀တ္ဆင္ထားႏုိင္ပါတယ္။ 220mAh Battery ရဲ႕ သက္တမ္းက ၁၄ ရက္ခံၿပီး Amazfit GTR 42mm နဲ႔ တူညီပါတယ္။ ဒါေပမယ့္ 47mm Model ေလာက္ေတာ့ ဘက္ထရီ သက္တမ္း မေကာင္းပါဘူး။ Amazfit GTS မွာ GPS ကို အခ်ိန္ျပည့္ အသံုးျပဳရင္ ဘက္ထရီက ၂၅ နာရီ အသံုးခံပါတယ္။

စမတ္နာရီမွာ GPS နဲ႔ GLONASS ေတြ အျပင္ NFC နဲ႔ Bluetooth 5.0 LE ဆက္သြယ္မႈေတြ ပါပါတယ္။ Optical Heart Rate Tracker , Barometer , Ambient Light Sensor နဲ႔ Accelerometer + Compass ေတြ ထည့္သြင္းထားပါတယ္။ တရုတ္မွာ ယြမ္ ၉၀၀ နဲ႔ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ၿပီ ျဖစ္ၿပီး ျမန္မာေငြ ၁၉၀,၀၀၀ ေလာက္ ရွိပါတယ္။

Huami က Amazfit X စမတ္ လက္ပတ္ကိုလည္း ျပသလိုက္ၿပီး နမူနာေမာ္ဒယ္ အဆင့္သာရွိပါေသးတယ္။ ၂၀၂၀ ခုႏွစ္ အေစာပိုင္းမွာ ေရာင္းဖို႔ ရည္ရြယ္ထားပါတယ္။ ၂.၀၇ လက္မ Curved AMOLED Display ထည့္သြင္းထားမွာ ျဖစ္ၿပီး Xiaomi Mi Band 4 နဲ႔ Samsung Galaxy Fit ထက္ေတာင္ အရြယ္ႀကီးပါတယ္။ 220mAh Battery က ၇ ရက္ အသံုးခံၿပီး ေစ်းႏႈန္းကို ေနာက္ပိုင္းမွာ ေျပာမွာပါ။

Ref : gsmarena

[Unicode]

Huami က Amazfit GTS Smartwatch ကို ကြေညာ

Xiaomi ရဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နည်းပညာမှာ ပါတနာ ဖြစ်တဲ့ Huami က Amazfit GTS Smartwatch ကို ကြေညာလိုက်ပါတယ်။ ၁.၆၅ လက်မ AMOLED Display တပ်ဆင်ထားပြီး လေးထောင့် ပုံသဏ္ဍာန် ဖြစ်ပါတယ်။ ၁ လက်မကို Pixel သိပ်သည်းဆက ၃၄၁ ဖြစ်ပြီး အရည်အသွေးမှာ 348 x 442px ဖြစ်ပါတယ်။ အရွယ်အစား ကျစ်လစ်သေးငယ်ပြီး ပါးလွှာ ပေါ့ပါးပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး အရောင် ၆ မျိုးထုတ်လုပ်ထားပါတယ်။

Amazfit GTS ကို ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်တဲ့အတွက် ရေကူးတာ၊ ရေငုပ်တာတွေ အတွက် သင့်တော်ပါတယ်။ မြေပြင်မှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ရင်လည်း ဝတ်ဆင်ထားနိုင်ပါတယ်။ 220mAh Battery ရဲ့ သက်တမ်းက ၁၄ ရက်ခံပြီး Amazfit GTR 42mm နဲ့ တူညီပါတယ်။ ဒါပေမယ့် 47mm Model လောက်တော့ ဘက်ထရီ သက်တမ်း မကောင်းပါဘူး။ Amazfit GTS မှာ GPS ကို အချိန်ပြည့် အသုံးပြုရင် ဘက်ထရီက ၂၅ နာရီ အသုံးခံပါတယ်။

စမတ်နာရီမှာ GPS နဲ့ GLONASS တွေ အပြင် NFC နဲ့ Bluetooth 5.0 LE ဆက်သွယ်မှုတွေ ပါပါတယ်။ Optical Heart Rate Tracker , Barometer , Ambient Light Sensor နဲ့ Accelerometer + Compass တွေ ထည့်သွင်းထားပါတယ်။ တရုတ်မှာ ယွမ် ၉၀၀ နဲ့ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး မြန်မာငွေ ၁၉၀,၀၀၀ လောက် ရှိပါတယ်။

Huami က Amazfit X စမတ် လက်ပတ်ကိုလည်း ပြသလိုက်ပြီး နမူနာမော်ဒယ် အဆင့်သာရှိပါသေးတယ်။ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ရောင်းဖို့ ရည်ရွယ်ထားပါတယ်။ ၂.၀၇ လက်မ Curved AMOLED Display ထည့်သွင်းထားမှာ ဖြစ်ပြီး Xiaomi Mi Band 4 နဲ့ Samsung Galaxy Fit ထက်တောင် အရွယ်ကြီးပါတယ်။ 220mAh Battery က ၇ ရက် အသုံးခံပြီး ဈေးနှုန်းကို နောက်ပိုင်းမှာ ပြောမှာပါ။

Ref : gsmarena