[Zawgyi]

Huami က မ်က္ႏွာျပင္ အ၀ိုင္းပါတဲ့ Amazfit Smart Sports Watch 3 ကို ေၾကညာလိုက္ပါတယ္။ စမတ္နာရီမွာ GPS ပါတဲ့အတြက္ တည္ေနရာ ညႊန္ျပမႈအတြက္ စမတ္ဖုန္းကို အားကိုးစရာ မလိုေတာ့ပါဘူး။ ၁.၃၄ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး အၾကမ္းခံတဲ့ ဖန္နဲ႔ ကာကြယ္ထားပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးက 320x320p ျဖစ္ၿပီး စြမ္းအင္စားသံုးမႈ သက္သာပါတယ္။ 316L Stainless Steel နဲ႔ ကိုယ္ထည္ကို တည္ေဆာက္ထားၿပီး အခ်င္းမွာ ၄၈.၆ မီလီမီတာ ျဖစ္ပါတယ္။ ဆီလီကြန္ လက္ပတ္ႀကိဳးက အားကစားသမားေတြအတြက္ သင့္ေတာ္ၿပီး အျခား ၂၂ မီလီမီတာ လက္ပတ္ႀကိဳးေတြနဲ႔ လဲလွယ္ အသံုးျပဳႏုိင္ပါတယ္။

ေစ်းပိုႀကီးတဲ့ Elite Version ကိုလည္း ထုတ္လုပ္ထားၿပီး တိုက္ေတနီယမ္ ေဘးေဘာင္ တပ္ဆင္ထားပါတယ္။ သားေရ လက္ပတ္ႀကိဳး တပ္ဆင္ထားၿပီး အေလးခ်ိန္က ၆၈.၇ ဂရမ္ ရွိတဲ့အတြက္ ၅၉.၆ ဂရမ္ရွိတဲ့ ရိုးရိုး ေမာ္ဒယ္ထက္ ပိုေလးပါတယ္။ ေမာ္ဒယ္ ၂ ခုစလံုးမွာ 5ATM ေရစိုခံႏႈန္းပါၿပီး ေရအနက္ ၅၀ မီတာ အထိ ၀တ္ဆင္ႏုိင္ပါတယ္။

စမတ္နာရီမွာ 300mAh Battery ထည့္သြင္းထားၿပီး ၇ ရက္ အသံုးခံပါတယ္။ Ultra Mode နဲ႔ဆိုရင္ ၁၄ ရက္ေတာင္ အသံုးခံပါတယ္။ Ultra Mode မွာ စမတ္ လုပ္ေဆာင္ခ်က္ေတြကို ကန္႔သတ္ထားေပမယ့္ ၂၄ နာရီ ႏွလံုးခုန္ႏႈန္း တိုင္းတာတာနဲ႔ Notifications ေတြကိုေတာ့ ဖြင့္ေပးထားပါတယ္။ GPS Tracking ကို အခ်ိန္ျပည့္ဖြင့္ထားရင္ နာရီေပါင္း ၇၀ အသံုးခံတာက အရမ္းမိုက္ပါတယ္။ GPS နဲ႔ GLONASS အျပင္ BeiDou နဲ႔ Galileo Systems ေတြကိုပါ ေထာက္ပံ့ပါတယ္။

Amazfit Smart Sports Watch 3 မွာ User အတြက္ 1.9GB Storage က်န္ရွိၿပီး သီခ်င္းေတြ သိမ္းထားႏုိင္ပါတယ္။ Bluetooth Headphones နဲ႔ စမတ္နာရီကို ခ်ိတ္ဆက္ၿပီး သီခ်င္းေတြ နားေထာင္ႏုိင္ပါတယ္။ တရုတ္မွာ ရိုးရိုး ေမာ္ဒယ္ကို ယြမ္ ၁,၃၀၀ နဲ႔ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ၿပီ ျဖစ္ၿပီး ျမန္မာေငြ ၂၇၀,၀၀၀ ေလာက္ရွိပါတယ္။ Elite ေမာ္ဒယ္ကို ယြမ္ ၁,၇၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၆၀,၀၀၀ ေလာက္ က်သင့္ပါတယ္။

Ref : gsmarena

[Unicode]

Huami က Amazfit Smart Sports Watch 3 ကို မိတ်ဆက်

Huami က မျက်နှာပြင် အဝိုင်းပါတဲ့ Amazfit Smart Sports Watch 3 ကို ကြေညာလိုက်ပါတယ်။ စမတ်နာရီမှာ GPS ပါတဲ့အတွက် တည်နေရာ ညွှန်ပြမှုအတွက် စမတ်ဖုန်းကို အားကိုးစရာ မလိုတော့ပါဘူး။ ၁.၃၄ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး အကြမ်းခံတဲ့ ဖန်နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင် အရည်အသွေးက 320x320p ဖြစ်ပြီး စွမ်းအင်စားသုံးမှု သက်သာပါတယ်။ 316L Stainless Steel နဲ့ ကိုယ်ထည်ကို တည်ဆောက်ထားပြီး အချင်းမှာ ၄၈.၆ မီလီမီတာ ဖြစ်ပါတယ်။ ဆီလီကွန် လက်ပတ်ကြိုးက အားကစားသမားတွေအတွက် သင့်တော်ပြီး အခြား ၂၂ မီလီမီတာ လက်ပတ်ကြိုးတွေနဲ့ လဲလှယ် အသုံးပြုနိုင်ပါတယ်။

ဈေးပိုကြီးတဲ့ Elite Version ကိုလည်း ထုတ်လုပ်ထားပြီး တိုက်တေနီယမ် ဘေးဘောင် တပ်ဆင်ထားပါတယ်။ သားရေ လက်ပတ်ကြိုး တပ်ဆင်ထားပြီး အလေးချိန်က ၆၈.၇ ဂရမ် ရှိတဲ့အတွက် ၅၉.၆ ဂရမ်ရှိတဲ့ ရိုးရိုး မော်ဒယ်ထက် ပိုလေးပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ 5ATM ရေစိုခံနှုန်းပါပြီး ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပါတယ်။

စမတ်နာရီမှာ 300mAh Battery ထည့်သွင်းထားပြီး ၇ ရက် အသုံးခံပါတယ်။ Ultra Mode နဲ့ဆိုရင် ၁၄ ရက်တောင် အသုံးခံပါတယ်။ Ultra Mode မှာ စမတ် လုပ်ဆောင်ချက်တွေကို ကန့်သတ်ထားပေမယ့် ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာတာနဲ့ Notifications တွေကိုတော့ ဖွင့်ပေးထားပါတယ်။ GPS Tracking ကို အချိန်ပြည့်ဖွင့်ထားရင် နာရီပေါင်း ၇၀ အသုံးခံတာက အရမ်းမိုက်ပါတယ်။ GPS နဲ့ GLONASS အပြင် BeiDou နဲ့ Galileo Systems တွေကိုပါ ထောက်ပံ့ပါတယ်။

Amazfit Smart Sports Watch 3 မှာ User အတွက် 1.9GB Storage ကျန်ရှိပြီး သီချင်းတွေ သိမ်းထားနိုင်ပါတယ်။ Bluetooth Headphones နဲ့ စမတ်နာရီကို ချိတ်ဆက်ပြီး သီချင်းတွေ နားထောင်နိုင်ပါတယ်။ တရုတ်မှာ ရိုးရိုး မော်ဒယ်ကို ယွမ် ၁,၃၀၀ နဲ့ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး မြန်မာငွေ ၂၇၀,၀၀၀ လောက်ရှိပါတယ်။ Elite မော်ဒယ်ကို ယွမ် ၁,၇၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃၆၀,၀၀၀ လောက် ကျသင့်ပါတယ်။

Ref : gsmarena