Zawgyi

ၿပီးခဲ့တဲ့လက Huawei ကုမၸဏီဟာ Nova 5 စီးရီးကို မိတ္ဆက္ခဲ့ၿပီး Nova 5, Nova 5i နဲ႔ Nova 5 Pro ေမာ္ဒယ္ေတြပါဝင္ခဲ့ပါတယ္။ ဒီေမာ္ဒယ္သုံးမ်ဳိးအျပင္ တရုတ္အေျခစုိက္ကုမၸဏီက 5i Pro ဗားရွင္းကိုလည္း မိတ္ဆက္လာဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ မျမင္ေတြ႕ခဲ့ရပါဘူး။

ဒါေပမယ့္ Huawei ဟာ Nova 5i Pro ကိုလုံးဝေမ့ထားလိုက္တာမဟုတ္ဘဲ ေစ်းကြက္ထဲကို ထုိးေဖာက္လာဖို႔ အၾကံအစည္ရွိတယ္ဆုိတာကို သက္ေသျပတဲ့အေနနဲ႔ ယေန႔မွာ Nova 5i Pro ရဲ႕ ဒီဇုိင္းနဲ႔ Specs ေတြသာမက မားကက္တင္းပုိစတာေတြပါ ေပၚထြက္လာခဲ့တာကို ျမင္ရမွာပါ။

အခုထြက္ေပၚလာတဲ့ Nova 5i Pro ဟာအေစာပုိင္းမွာေပါက္ၾကားခဲ့တဲ့ Leak ေတြနဲ႔ကိုက္ညီၿပီး ဒီဇုိင္းကိုပါ အတည္ျပဳေပးႏုိင္ခဲ့တယ္။ ဒီစမတ္ဖုန္းအသစ္ဟာ အေရွ႕ဘက္မွာ Punch-hole ကင္မရာအသုံးျပဳထားတဲ့ 6.26” လက္မအရြယ္ Display တစ္ခုပါဝင္ၿပီး 2340 x 1080p Resolution ပုိင္ဆုိင္ပါတယ္။

ဖုန္းရဲ႕ေနာက္ဘက္မွာေတာ့ Curved ဒီဇုိင္းျဖစ္ၿပီး ေလးေထာင့္ပုံစံအထိုင္နဲ႔ Quad-camera ေလးလုံးတြဲကို သမာရုိးက်ဆန္ဆန္ Fingerprint ဖတ္စက္ရဲ႕အေပၚမွာ ထားတာကို ေတြ႕ရပါတယ္။ အဲဒီထဲမွာ 48MP Sensor တစ္လုံး၊ 8MP တစ္လုံးနဲ႔ 2MP Modules ႏွစ္ခုတုိ႔ ေပါင္းစပ္ထားတာျဖစ္ပါတယ္။ ဆယ္လ္ဖီအတြက္ေတာ့ Punch-hole ထဲမွာ 32MP ကင္မရာတစ္လုံးပါဝင္မွာပါ။

အတြင္းပိုင္းမွာေတာ့ Nova 5i Pro ဟာ Kirin 810 ခ်စ္ပ္ဆက္ကို 6 / 8 GB RAM ႏွစ္မ်ဳိးနဲ႔ တြဲဖက္လာမွာ ျဖစ္ပါတယ္။ 6GB မန္မုိရီဟာ 128 GB Storage နဲ႔တြဲဖက္လာမွာျဖစ္ကာ 8GB RAM ကေတာ့ 128 နဲ႔ 256GB ႏွစ္မ်ဳိးေရြးခ်ယ္ႏုိင္မွာပါ။

မားကက္တင္းပိုစတာလို႔ ယူဆရတဲ့ ပုံရိပ္ကိုၾကည့္ရင္ Nova 5i Pro ဟာ အနည္းဆုံးအေရာင္သုံးမ်ဳိးနဲ႔ ထြက္လာမွာျဖစ္ၿပီး 4,000 mAh ဘကၳရီကို 20W အားအျမန္သြင္းစနစ္ေထာက္ပံ့လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဖုန္းရဲ႕ ေစ်းႏႈန္းနဲ႔ ထြက္ရွိရက္ကိုပဲ ေစာင့္ဆုိင္းစရာက်န္ပါေတာ့တယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လက Huawei ကုမ္ပဏီဟာ Nova 5 စီးရီးကို မိတ်ဆက်ခဲ့ပြီး Nova 5, Nova 5i နဲ့ Nova 5 Pro မော်ဒယ်တွေပါဝင်ခဲ့ပါတယ်။ ဒီမော်ဒယ်သုံးမျိုးအပြင် တရုတ်အခြေစိုက်ကုမ္ပဏီက 5i Pro ဗားရှင်းကိုလည်း မိတ်ဆက်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ မမြင်တွေ့ခဲ့ရပါဘူး။

ဒါပေမယ့် Huawei ဟာ Nova 5i Pro ကိုလုံးဝမေ့ထားလိုက်တာမဟုတ်ဘဲ ဈေးကွက်ထဲကို ထိုးဖောက်လာဖို့ အကြံအစည်ရှိတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ ယနေ့မှာ Nova 5i Pro ရဲ့ ဒီဇိုင်းနဲ့ Specs တွေသာမက မားကက်တင်းပိုစတာတွေပါ ပေါ်ထွက်လာခဲ့တာကို မြင်ရမှာပါ။

အခုထွက်ပေါ်လာတဲ့ Nova 5i Pro ဟာအစောပိုင်းမှာပေါက်ကြားခဲ့တဲ့ Leak တွေနဲ့ကိုက်ညီပြီး ဒီဇိုင်းကိုပါ အတည်ပြုပေးနိုင်ခဲ့တယ်။ ဒီစမတ်ဖုန်းအသစ်ဟာ အရှေ့ဘက်မှာ Punch-hole ကင်မရာအသုံးပြုထားတဲ့ 6.26” လက်မအရွယ် Display တစ်ခုပါဝင်ပြီး 2340 x 1080p Resolution ပိုင်ဆိုင်ပါတယ်။

ဖုန်းရဲ့နောက်ဘက်မှာတော့ Curved ဒီဇိုင်းဖြစ်ပြီး လေးထောင့်ပုံစံအထိုင်နဲ့ Quad-camera လေးလုံးတွဲကို သမာရိုးကျဆန်ဆန် Fingerprint ဖတ်စက်ရဲ့အပေါ်မှာ ထားတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ 48MP Sensor တစ်လုံး၊ 8MP တစ်လုံးနဲ့ 2MP Modules နှစ်ခုတို့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဆယ်လ်ဖီအတွက်တော့ Punch-hole ထဲမှာ 32MP ကင်မရာတစ်လုံးပါဝင်မှာပါ။

အတွင်းပိုင်းမှာတော့ Nova 5i Pro ဟာ Kirin 810 ချစ်ပ်ဆက်ကို 6 / 8 GB RAM နှစ်မျိုးနဲ့ တွဲဖက်လာမှာ ဖြစ်ပါတယ်။ 6GB မန်မိုရီဟာ 128 GB Storage နဲ့တွဲဖက်လာမှာဖြစ်ကာ 8GB RAM ကတော့ 128 နဲ့ 256GB နှစ်မျိုးရွေးချယ်နိုင်မှာပါ။

မားကက်တင်းပိုစတာလို့ ယူဆရတဲ့ ပုံရိပ်ကိုကြည့်ရင် Nova 5i Pro ဟာ အနည်းဆုံးအရောင်သုံးမျိုးနဲ့ ထွက်လာမှာဖြစ်ပြီး 4,000 mAh ဘက္ထရီကို 20W အားအမြန်သွင်းစနစ်ထောက်ပံ့လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဖုန်းရဲ့ ဈေးနှုန်းနဲ့ ထွက်ရှိရက်ကိုပဲ စောင့်ဆိုင်းစရာကျန်ပါတော့တယ်။

Ref – GSM Arena