[Zawgyi]

ၿပီးခဲ့တဲ့ရက္က ထြက္ေပၚခဲ့တဲ့ စိတ္ဝင္စားစရာ သတင္းတစ္ခုက Huawei Mate 30 Series ေတြဟာ 25W ႀကိဳးမဲ့အားသြင္းစနစ္ကို ေထာက္ပံ့ေပးမယ္ဆိုတဲ့ သတင္းျဖစ္ပါတယ္။ ေနာက္တစ္ရက္အၾကာမွာေတာ့ ပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့ သတင္းကထြက္ေပၚလာပါေတာ့တယ္။ အဲဒါက FCC မွာ အမွွန္တကယ္ ေတြ႕ျမင္ရတယ္ ဆိုတာပါပဲ။

စာ႐ြက္စာတမ္းေတြက ျပသေနတာကေတာ့ 30W ႀကိဳးမဲ့အားသြင္းစနစ္ အေၾကာင္းျဖစ္ပါတယ္။ ဒါဟာ ကနဦးသတင္းထြက္ထားတာထက္ 5W ေတာင္ ပိုေနတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ေလွ်ာက္ထားမႈက ဒီ Charger ဟာ 30W အျပည့္အဝ ထုတ္ေပးႏိုင္တယ္၊ မထုတ္ေပးႏိုင္ဘူးဆိုတာကိုေတာ့ အတည္ျပဳခ်က္မေပးႏိုင္ေသးပါဘူး။

ခန႔္မွန္းရတာကေတာ့ Huawei ဟာ 25W ႀကိဳးမဲ့အားသြင္းစနစ္ကိုလည္း သုံးစြဲသူေတြလက္ထဲ ပို႔ေဆာင္ေပးႏိုင္ေျခရွိတယ္ဆိုတာပါပဲ။ 25W ကို အဆင္ေျပေျပအသုံးခ်ႏိုင္ခဲ့ၿပီဆိုရင္ေတာ့ 30W က ဆက္တိုက္ဆိုသလို ထြက္ေပၚလာမယ့္သေဘာျဖစ္ပါတယ္။ ဒါေၾကာင့္ Mate 30 Series မွာ တကယ္ပဲ 30W ႀကိဳးမဲ့အားသြင္းစနစ္ကို ေထာက္ပံ့လာမလားလို႔ ေစာင့္ၾကည့္ရေတာ့မွာပါ။

Huawei Mate 30 နဲ႔ Mate 30 Pro တို႔ကို လာမယ့္ စက္တင္ဘာ ၁၉ က်ရင္ ဥေရာပမွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ေပၚထားတာပါ။ Mate 30 နဲ႔ Mate 30 Pro တို႔ဟာ Kirin 990 Chipset ေတြကို အသုံးျပဳထားမယ္လို႔လည္း သတင္းထြက္ထားပါေသးတယ္။ ဒီဟန္းဆက္ေတြမွာ ပါဝင္လာႏိုင္တဲ့ 40MP ဆင္ဆာ ႏွစ္ခုအျပင္ အခုသတင္းထြက္လာတဲ့ 30W ႀကိဳးမဲ့အားသြင္းစနစ္ပါထပ္ေပါင္းလိုက္ရင္ေတာ့ စိတ္လႈပ္ရွားစရာအေတာ္ေကာင္းေနၿပီလို႔ပဲ ဆိုရေတာ့မွာပါ။

Ref: GSM Arena

[Unicode]

FCC မှာ တွေ့လိုက်ရတဲ့ Huawei ရဲ့ 30W Wireless Charger

ပြီးခဲ့တဲ့ရက်က ထွက်ပေါ်ခဲ့တဲ့ စိတ်ဝင်စားစရာ သတင်းတစ်ခုက Huawei Mate 30 Series တွေဟာ 25W ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးမယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ နောက်တစ်ရက်အကြာမှာတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ သတင်းကထွက်ပေါ်လာပါတော့တယ်။ အဲဒါက FCC မှာ အမှှန်တကယ် တွေ့မြင်ရတယ် ဆိုတာပါပဲ။

စာရွက်စာတမ်းတွေက ပြသနေတာကတော့ 30W ကြိုးမဲ့အားသွင်းစနစ် အကြောင်းဖြစ်ပါတယ်။ ဒါဟာ ကနဦးသတင်းထွက်ထားတာထက် 5W တောင် ပိုနေတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် လျှောက်ထားမှုက ဒီ Charger ဟာ 30W အပြည့်အဝ ထုတ်ပေးနိုင်တယ်၊ မထုတ်ပေးနိုင်ဘူးဆိုတာကိုတော့ အတည်ပြုချက်မပေးနိုင်သေးပါဘူး။

ခန့်မှန်းရတာကတော့ Huawei ဟာ 25W ကြိုးမဲ့အားသွင်းစနစ်ကိုလည်း သုံးစွဲသူတွေလက်ထဲ ပို့ဆောင်ပေးနိုင်ခြေရှိတယ်ဆိုတာပါပဲ။ 25W ကို အဆင်ပြေပြေအသုံးချနိုင်ခဲ့ပြီဆိုရင်တော့ 30W က ဆက်တိုက်ဆိုသလို ထွက်ပေါ်လာမယ့်သဘောဖြစ်ပါတယ်။ ဒါကြောင့် Mate 30 Series မှာ တကယ်ပဲ 30W ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့လာမလားလို့ စောင့်ကြည့်ရတော့မှာပါ။

Huawei Mate 30 နဲ့ Mate 30 Pro တို့ကို လာမယ့် စက်တင်ဘာ ၁၉ ကျရင် ဥရောပမှာ မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ထားတာပါ။ Mate 30 နဲ့ Mate 30 Pro တို့ဟာ Kirin 990 Chipset တွေကို အသုံးပြုထားမယ်လို့လည်း သတင်းထွက်ထားပါသေးတယ်။ ဒီဟန်းဆက်တွေမှာ ပါဝင်လာနိုင်တဲ့ 40MP ဆင်ဆာ နှစ်ခုအပြင် အခုသတင်းထွက်လာတဲ့ 30W ကြိုးမဲ့အားသွင်းစနစ်ပါထပ်ပေါင်းလိုက်ရင်တော့ စိတ်လှုပ်ရှားစရာအတော်ကောင်းနေပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: GSM Arena