Huawei မှ ၎င်း၏ အမြန်ဆုံး 5G ဖုန်းဖြစ်ပြီး ချိုးခေါက်နိုင်သည့် ဒီဇိုင်းပါဝင်သည့် Mate X အား ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သည့် Mobile World Congress မစတင်မှီ တစ်ရက်အလို၌ မိတ်ဆက်ပြသခဲ့သည်။ အဆင့်မြင့် မူပိုင်ခွင့် ဒီဇိုင်း ရရှိထားသည့် အဆိုပါ စမတ်ဖုန်းသည် ခေါက်လိုက်သည့်အခါတွင် 11mm အထိ ပါးလွှာသွားမည်ဖြစ်ပြီး ဖုန်းမျက်နှာပြင်သည် 8 လက်မ ၊ 6.6 လက်မ ( အရှေ့မျက်နှာပြင်) ၊ 6.38 လက်မ ( အနောက်ဖက် မျက်နှာပြင်) အစရှိသဖြင့် ပုံစံအမျိုးမျိုးသို့ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

Mate X ၏ တမူထူးခြားသည့် ပုံစံ အပြင် ဖုန်းအထဲတွင်လည်း အင်အား ကြီးမားသည့် လုပ်ဆောင်ချက်လည်း ပါဝင်သည်။ 5G multi-mode chipset Balong 5000 နှင့် 7nm Chipset Kirin 980 သည် ယခု 5G Foldable ဖုန်းအား 5G Network ၏ architecture နှစ်မျိုးဖြစ်သည့် SA ( Standalone Architecture) နှင့် NSA ( None-standalone Architecture) တို့အား ထောက်ပံ့မှုအပြည့်အဝပေးနိုင်မည်ဖြစ်သည်။ Mate X သည် လက်ရှိအချိန်တွင် အနာဂတ် စီးပွားဖြစ် 5G ဖွံ့ဖြိုးတိုးတက်မှု၏ အမျိုးမျိုးသော အဆင့်များကို ထောက်ပံ့ပေးနိုင်ရန် ဒီဇိုင်းပြုလုပ်တီထွင်ထားသည့် တစ်ခုတည်းသော ဟန်းဆက် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ 1GB အရွယ်ရှိသည့် ရုပ်ရှင်ကို download လုပ်ရာတွင်လည်း ၃ မိနစ်သာ ကြာမြင့်မည်ဖြစ်သည်။

Mate X သည် ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် €2299 (~$2,600) ကျသင့်မည်ဖြစ်သည်။ အံ့သြသင့်ဖွယ်ကောင်းသည့် foldable ဒီဇိုင်းနှင့်အတူ Mate X တွင် 8GB + 512 GB Storage ၊ 55W SuperCharge နည်းပညာ နှင့် 4,500 mAH ဘက်ထ္ထရီ ပါဝင်သည်။ ပါဝင်သည့် EMUI software သည်လည်း Huawei Mate 20 Pro ၏ ပြေပြစ်သော လုပ်ဆောင်ချက် နှင့် ညီမျှသည့် အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ Network infrastructure ၊ CPE ၊ chipset နှင့် handset အစရှိသည်တို့ ခြုံငုံပါဝင်သော 5G ဂဟစနစ်ကို Huawei မှ ကမ္ဘာ့ပထမဆုံး အဖြစ် တည်ဆောက်နိုင်ခဲ့ကြောင်းကို Huawei Mate X ဖြင့် စိုက်ထူနိုင်ခဲ့သည်။

ကမ္ဘာ့ပထမဆုံး 5G ဖုန်းခေါ်ဆိုမှု

လက်ရှိ 5G ခေတ်ဖြစ်ခါနီးမှာ Mate X အား မိတ်မဆက်မှီ နှစ်ရက်အလိုတွင် လူအနည်းငယ်မှ Vodafone Spain နှင့် Huawei တို့မှ non-standalone 3GPP 5G new radio standard နှင့် sub-6 GHz spectrum မှ တဆင့် ကမ္ဘာ့ပထမဆုံး 5G ဖုန်းခေါ်ဆိုမှုအား ဘာစီလိုနာ တွင် ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့သည်။ NGMN Alliance ၏ CEO နှင့် အဖွဲ့ဝင် တစ်ဦးဖြစ်သည့် Peter Meissner ပြောကြားချက်အရ အဆိုပါ ဖုန်းခေါ်ဆိုမှုသည် ကမ္ဘာမှ စီးပွားဖြစ် 5G ဝန်ဆောင်မှုများကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကို အချက်ပြလိုက်ခြင်း ဖြစ်သည် ဟု ပြောကြားခဲ့သည်။

“5G က 4G ချိတ်ဆက်မှုထက် မြန်ဆန်ပြီးတော့ 4K ရုပ်ရှင်တွေကို စက္ကန့်ပိုင်းတွင်း download လုပ်နိုင်တာက ဘယ်လို ကွာခြားမှုတွေကို သယ်ဆောင်လာနိုင်မှာလဲ။” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သုံးစွဲသူအတော်များများ သိရှိချင်ကြပါလိမ့်မည်။ 5G ကွန်ရက်ချိန်ဆက်မှု ကြောင့် သုံးစွဲသူများ၏ နေ့စဉ် လူနေမှုဘဝအား အဆင့်မြင့်ပြောင်းလဲပေးနိုင်မည် ဖြစ်ပြီး Virtual Reality အား Reality အဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ပထမဆုံး စက်ရုပ်ပံ့ပိုးမှုဖြင့် 5G telesurgery ပြုလုပ်ခြင်း

ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖူကျန့်မြို့၊ တရုတ်ပြည် မှ ၃၂ မိုင် အကွာအဝေးတွင် ရှိသော ဓာတ်ခွဲခန်းရှိ စမ်းသပ်ခံ တိရစ္ဆာန်၏ အသည်းအား စက်ရုပ်လက်မောင်း အသုံးပြုကာ ဖယ်ထုတ်နိုင်ခဲ့သည်။ Huawei မှ ပေးစွမ်းသော မြန်ဆန်ပြီး တည်ငြိမ်သည့် အင်တာနက် ချိတ်ဆက်မှုကြောင့် ဆရာဝန်များမှ 5G ချိန်ဆက်မှုမှ တဆင့် တစ်နာရီကြာသည့် ခွဲစိတ်မှုအား ပြုလုပ်နိုင်ခဲ့သည်။

ယခုကဲ့သို့သော အောင်မြင်မှုသည် ကျန်းမာရေးနယ်ပယ်ထဲတွင် သတင်းကောင်းတစ်ခု ဖြစ်လာခဲ့ပြီး ဆရာဝန်များမှ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ နေရာသတ်မှတ်ချက်များကို ကျော်လွှားကာ “Doctors without Borders” ဖြစ်လာနိုင်တော့မည်ဖြစ်သည်။ 5G ချိတ်ဆက်မှု တိုးတက်လာမှုကြောင့် ကျေးလက်နေပြည်သူများမှ ကျွမ်းကျင်ပညာရှင်များ နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပတ်သတ်သည့် ဝန်ဆောင်မှုများအား ရရှိနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်း အပါအဝင် Drones များအား နည်းမျိုးစုံ အသုံးပြုနိုင်ခြင်း
Drones နည်းပညာအား စစ်ဘက်ဆိုင်ရာ နယ်ပယ်များတွင် ကင်မရာ ရိုက်ကူးခြင်း နှင့် မြေပုံဆွဲခြင်းကဲ့သို့သော လုပ်ငန်းစဉ်များတွင် အသုံးပြုလျှက်ရှိသည်။ သမာရိုးကျ နည်းလမ်းဖြင့်ဆိုသော် drones များအား မျက်စိတစ်ဆုံးအထိသာ အသုံးပြုနိုင်သော်လည်း 5G နည်းပညာ အထောက်အပံ့ဖြင့် drone application အား စိုက်ပျိုးရေးကဲ့သို့သော လုပ်ငန်းဆောင်တာများ ၌ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖြစ်သည်။ တည်ငြိမ်သည့် 5G ချိတ်ဆက်မှု ဖြင့် လယ်သမားများသည် မိမိအိမ်မှတဆင့် ပိုးသပ်ဆေးများဖြန်းခြင်း ကဲ့သို့သော လုပ်ငန်းဆောင်တာများအား လုပ်ဆောင်နိုင်မည်ဖြစ်သည်။

VR နှင့် AR Gaming
Standalone VR Headsets များအား ဈေးကွက်အတွင်းသို့ တင်သွင်းပြီးနောက်တွင် Web Augmented Reality (AR) နှင့် Virtual Reality (VR) များအား PC ထဲတွင် ထားရှိသည့်ထက် Cloud ပ်ါသို့ ပြောင်းရွေ့ရန် ပိုမိုလိုအပ်လာခဲ့သည်။
၎င်းမှာ 5G ဝင်ရောက်လာရန် အခွင့်ကောင်းဖြစ်ပြီး Latency ကြောင့် ဖြစ်လေ့ဖြစ်ထရှိသည့် motion sickness နှင့် ဂိမ်းကစားသူများမှ wired headsets အသုံးပြုမှုများအား လျှော့ချပေးနိုင်မည်ဖြစ်သည်။ Lagging အနည်းဆုံးသော Cloud အခြေပြု အတွေ့အကြုံသည် ပိုမိုသဘာဝဆန်သော AR Gaming အတွေ့အကြုံအား အဆင့်မြင့် ဗီဒီယို အရည်အသွေးဖြင့် သယ်ဆောင်လာနိုင်မည်ဖြစ်သည်။

Self-driving Car
တစ်နေ့ တစ်နေ့ အလုပ်သို့သွားရောက်ခြင်း ၊ ကျောင်းသို့ ကလေးများ ပို့ဆောင်ခြင်း ၊ တစ်စုံတစ်ဦးအား လေယာဉ်ကွင်းမှ သွားရောက်ကြိုဆိုခြင်း ၊ အစရှိသော လုပ်ငန်းဆောင်တာများအတွက် ကားပေါ်တွင် အချိန်များစွာ ကုန်ဆုံးလေ့ရှိသည်။ ထို့ကြောင့် Uber နှင့် Grab ကဲ့သို့သော ဝန်ဆောင်မှုများမှ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်း ခေတ်စားခဲ့ခြင်းဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး မှာ လူပြောများသည့် ကိစ္စတစ်ခုဖြစ်ခဲ့သည်။ သွားလာလှုပ်ရှားမှု အဆင်ပြေချောမွေ့ခြင်း သည် နည်းပညာပိုင်းဆိုင်ရာ ချိုးဖောက်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ အမြဲပါဝင်ခဲ့သည်။ 5G ချိတ်ဆက်မှုသည် ကားများအား အချင်းအချင်းချိတ်ဆက်မှု ပြုလုပ်နိုင်မည်ဖြစ်ပြီး မောင်းသူမဲ့ကား အသုံးပြုမှုအား ပေးအပ်နိုင်ရန် နီးကပ်လာပြီဖြစ်သည်။

Smart Cities
Smart City သည် Information and Communication Technologies (ICT) အသုံးပြုမှုဖြင့် မြို့ပြနေ ပြည်သူများ၏ လူနေမှုအခြေအနေများ နှင့် ပတ်သတ်ပြီး ဝေဖန်ပိုင်းခြားခြင်း ၊ ချိန်ဆခြင်း နှင့် အဆင့်မြှင့်တင်ခြင်းကဲ့သို့သော မတူညီသည့် electronic အချက်အလက်များအား စုဆောင်းပြီး မြို့ပြဧရိယာအား ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ ကြီးမားသည့် အချက်အလက်များအား လျှင်မြန်စွာ နှင့် ယုံကြည်စိတ်ချရစွာ လွှဲပြောင်းနိုင်ရန်အတွက် 5G နည်းပညာမှ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် 5G သည် တာဝန်ရှိသူများအား လေထု အရည်အသွေး အား အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစေနိုင်မည်ဖြစ်ပြီး လေထုအား အန္ထရာယ်ပြုနိုင်မည့် အခါမျိုးတွင် ချက်ချင်းသိရှိစေနိုင်မည်ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံအများစုတွင် ကြုံတွေ့ရလေ့ရှိသည့် “Haze Season” အခြေအနေမျိုးများတွင် အသုံးဝင်သည့် အပလီကေးရှင်းတစ်ခုဖြစ်သည်။

အန္တရာယ်များသည့် အခြေအနေမျိုးတွင် လုံခြုံရေး တိုးမြှင့်နိုင်ခြင်း
မြန်ဆန်သည့် အင်တာနက် ချိတ်ဆက်မှုကြောင့် စက်မှုလုပ်ငန်းအမျိုးမျိုးသည် ရီမုဒ်ဖြင့် ထိန်းချုပ်သည့် ယာဉ်များ နှင့် စက်ယန္တရားများ အသုံးပြုကာ မည်မျှပင်ကွာဝေးသည့် ချိတ်ဆက်မှုမျိုးကိုမဆို ပြုလုပ်နိုင်မည်ဖြစ်သည်။ ၎င်းသည် အန္တရာယ်များသည့် အခြေအနေမျိုးတွင် လူသားအရင်းအမြစ် လိုအပ်မှုအား လျှော့ချပေးနိုင်မည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်အား မိုင်းလုပ်ငန်း ၊ ရေနံ တူးဖော်သည့် လုပ်ငန်း အစရှိကဲ့သို့သော စက်ယန္တရားများ အသုံးပြုရသည့် လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ရည်ရွယ်ထားသည်။

ပိုမိုစိမ်းလန်းသည့် ကမ္ဘာမြေ
World Economic Forum အရ 5G သည် 4G ချိတ်ဆက်မှုထက် ဘက်ထ္ထရီ သုံးစွဲမှု လျော့နည်းမည်ဖြစ်သည်။ ထို့ကြောင့် 5G ထုတ်ကုန်သုံးစွဲလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုလည်း ပိုမိုလျော့နည်းမည်ဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာကြီး ပူနွေးလာမှု ဖြစ်ရပ် အတွက် သတင်းကောင်းတစ်ခုဖြစ်သည်။