[Zawgyi]

တ႐ုတ္ႏိုင္ငံရဲ႕အႀကီးဆုံးနည္းပညာကုမၸဏီကို ဥေရာပ 5G ကြန္ရက္ထဲကေန တားျမစ္ထုတ္ပယ္လိုက္ျခင္းရဲ႕ အက်ိဳးဆက္ေတြအတြက္ ပါးနပ္လိမၼာတဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြ ပိုၿပီးလုပ္ေဆာင္သြားဖို႔ လိုအပ္ေနၿပီလို႔ Vodafone ရဲ႕ CEO ျဖစ္သူက ေျပာၾကားလိုက္ပါတယ္။

တ႐ုတ္နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei ရဲ႕ ကိစၥနဲ႔ စပ္လ်ဥ္းၿပီးေတာ့ ျဖစ္လာႏိုင္မယ့္ လုံၿခဳံေရး ဆိုင္ရာအႏၲရာယ္ေတြအတြက္ အခ်က္အလက္အေျခခံတဲ့ ေျပာဆိုေဆြးေႏြးမႈေတြကို ပိုၿပီးေဆာင္႐ြက္သင့္သလို ဒီေဆြးေႏြးပြဲေတြမွာ ႏိုင္ငံတကာဆက္သြယ္ေရးအဖြဲ႕အစည္းေတြက ပူးေပါင္းၾကဖို႔ လိုတယ္လို႔လည္း Vodafone ရဲ႕ CEO ျဖစ္တဲ့ Nick Read က ဖိတ္ေခၚေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei က သူ႔ရဲ႕ 5G ကြန္ရက္တည္ေဆာက္မႈတည္ရွိရာ ေနရာတိုင္းက ႏိုင္ငံသားေတြရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို ထိခိုက္အႏၲရာယ္ရွိေစတယ္ဆိုၿပီး အေမရိကန္နဲ႔ ၎ရဲ႕ မဟာမိတ္ႏိုင္ငံေတြရဲ႕ စြပ္စြဲျခင္းကို ခံထားရတာပါ။ Huawei က သူ႔ရဲ႕ ကြန္ရက္ေတြကိုသုံးၿပီး တ႐ုတ္ႏိုင္ငံအစိုးရအတြက္ သူလွ်ိဴလုပ္ေဆာင္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အသုံးျပဳႏိုင္တယ္ဆိုတဲ့ စြပ္စြဲခ်က္ကိုလည္း ခံထားရပါေသးတယ္။ သို႔ေပမယ့္ စြပ္စြဲေဝဖန္ထားၾကသူေတြကေတာ့ သူတို႔ရဲ႕ ေဝဖန္မႈကို ခိုင္မာေၾကာင္း သက္ေသျပႏိုင္မယ့္ အေထာက္အထားေတြ မျပႏိုင္ေသးပါဘူး။ “Huawei နဲ႔ ပတ္သက္ၿပီးေတာ့ ေျပာခ်င္တာတစ္ခုက ကြၽန္ေတာ္တို႔ေတြ အခ်က္အလက္က်က် ေဆြးေႏြးမႈေတြကို ပိုလုပ္ဖို႔လိုလာၿပီဆိုတာပါပဲ။ အခုအခ်ိန္မွာ ဒီကိစၥဟာ လြယ္မေယာင္နဲ႔ခက္တဲ့ ႏိုင္ငံေရးအခင္းအက်င္းတစ္ခု ျဖစ္လာတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။” လို႔ Vodafone ရဲ႕ CEO Nick Read က ေျပာပါတယ္။

Read က Huawei ရဲ႕ လုံၿခဳံေရးကိစၥအေပၚ အေျခအတင္ေဆြးေႏြးေနၾကတာေတြ၊ ႏိုင္ငံေရးအရ ဖိအားေပးတာေတြကို ကန႔္ကြက္ခဲ့သူပါ။ ဥေရာပမွာရွိတဲ့ Vodafone ပင္မလုပ္ငန္းစုမွာေတာ့ Huawei ရဲ႕ ပါဝင္ပတ္သက္ေနတဲ့ အခန္းက႑ကို ေခတၱခဏရပ္ဆိုင္းထားေပမယ့္ သူ႔ကုမၸဏီအေနနဲ႔ 5G ကို ပထမဆုံးအသုံးျပဳျခင္းအတြက္ကိုေတာ့ တ႐ုတ္နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei နဲ႔ ဆက္လက္ လက္တြဲလုပ္ကိုင္သြားလိုတယ္လို႔လည္း အေလးအနက္ေျပာၾကားထားခဲ့သူျဖစ္ပါတယ္။

“radio နဲ႔ ပင္မလုပ္ငန္း ႏွစ္ခုက အမ်ားႀကီးကြာျခားပါတယ္။ radio အတြက္ Huawei ကို အဓိကထား ၿပီးအသုံးျပဳခဲ့တယ္။ “5G စနစ္မွာလည္း ပင္မလုပ္ငန္းမွာေတာ့ ခဏရပ္ထားေပမယ့္ radio အတြက္ Huawei ကိုပဲ ဆက္သံုးသြားမွာပါ။” “ပင္မလုပ္ငန္းလည္ပတ္ဖို႔ေဆာင္႐ြက္တဲ့အထဲမွာေတာ့ Huawei ရဲ႕ အခန္းက႑က အဲ့ဒီေလာက္ႀကီး ထဲထဲဝင္ဝင္မပါဝင္ေနလို႔ ဘ႑ာေရးအရႀကီးႀကီးမားမား ဂယက္႐ိုက္ခံရတာမ်ိဳးလည္းမရွိသလို တစ္ျခားလုပ္ငန္း တစ္ခုနဲ႔အစားထိုးၿပီး ပူးေပါင္းလုပ္မယ္ဆိုရင္လည္း အေကာင္အထည္ေဖာ္ဖို႔ ႏွစ္ အနည္းငယ္ေလာက္ၾကာတာေလာက္ပဲ ရွိမွာပါ။” ဥေရာပမွာ Huawei ကို လုံးလုံးလ်ားလ်ားပိတ္ပင္လိုက္တာက ဥေရာပတိုက္တစ္ခုလုံးမွာရွိတဲ့ ဆက္ သြယ္ေရးလုပ္ငန္းေတြအားလုံးရဲ႕ ဘ႑ာေရးအိပ္မက္ဆိုးႀကီးျဖစ္လာလိမ့္မယ္လို႔ Read က သတိေပး လိုက္ပါတယ္။

“ရွင္းေနတာပဲ။ radio အဆင့္မွာ Huawei ကို လုံးဝတားျမစ္လိုက္မယ္ဆိုရင္ ဒါဟာ ကြၽန္ေတာ္တို႔ ကုမၸဏီအတြက္ ကိစၥရပ္ႀကီးႀကီးတစ္ခု ျဖစ္လာမွာပဲ။ ဒါေပမယ့္ ဒါဟာ ဥေရာပတစ္တိုက္လုံးရဲ႕ ဆက္သြယ္ေရးနယ္ပယ္တစ္ခုလုံးအတြက္ ျပႆနာႀကီးျဖစ္လာလိမ့္မယ္။ Huawei က ဥေရာပတိုက္ တစ္ခုလုံးရဲ႕ ေဈးကြက္ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းေလာက္ကို ပိုင္ဆိုင္ထားတယ္။ ဒါက အဓိကထည့္သြင္း စဥ္းစားရမယ့္ အခ်က္တစ္ခုလည္းျဖစ္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဲ့ဒီ့အတြက္အခ်က္အလက္ကိုအေၿခခံတဲ့ေဆြးေႏြးမႈမ်ိဳးေတြ ပိုလုပ္ရမယ္။ ဒီလိုလုပ္ေဆာင္တဲ့ေအာ္ပေရတာေတြလည္း ပိုပိုမ်ားလာလိမ့္မယ္လို႔လည္း ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္တို႔ ပင္မလုပ္ငန္းကို ခဏရပ္ထားတယ္။ အခုအေနအထားမွာ အစားမထိုးေသးဘူး” “အခုအခ်ိန္ဟာဆိုရင္ Huawei ရယ္၊ လုံၿခဳံေရးေအဂ်င္စီေတြနဲ႔ ႏိုင္ငံေရးသမားေတြအတူပူးေပါင္းၿပီး အားလုံးရဲ႕ အျမင္ေတြကို ပိုၿပီးေကာင္းမြန္တိုးတက္လာဖို႔ လုပ္ေဆာင္ရမယ့္ အခ်ိန္အခါကို ေရာက္ရွိေနပါၿပီ” ဟု ထပ္ေလာင္းေျပာၾကားသည္။

Ref : Total Telecom

[Unicode]

Huawei ကို တားမြစ်ခြင်းက ဥရောပဆက်သွယ်ရေးလုပ်ငန်းများအတွက် ကြီးကြီးမားမား အခက်တွေ့စေလိမ့်မည်ဟု Vodafone CEO ပြောကြား

တရုတ်နိုင်ငံရဲ့အကြီးဆုံးနည်းပညာကုမ္ပဏီကို ဥရောပ 5G ကွန်ရက်ထဲကနေ တားမြစ်ထုတ်ပယ်လိုက်ခြင်းရဲ့ အကျိုးဆက်တွေအတွက် ပါးနပ်လိမ္မာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပိုပြီးလုပ်ဆောင်သွားဖို့ လိုအပ်နေပြီလို့ Vodafone ရဲ့ CEO ဖြစ်သူက ပြောကြားလိုက်ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ရဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီးတော့ ဖြစ်လာနိုင်မယ့် လုံခြုံရေး ဆိုင်ရာအန္တရာယ်တွေအတွက် ချက်ကျလက်ကျ ပြောဆိုဆွေးနွေးမှုတွေကို ပိုပြီးဆောင်ရွက်သင့်သလို ဒီဆွေးနွေးပွဲတွေမှာ နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့အစည်းတွေက ပူးပေါင်းကြဖို့ လိုတယ်လို့လည်း Vodafone ရဲ့ CEO ဖြစ်တဲ့ Nick Read က ဖိတ်ခေါ်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei က သူ့ရဲ့ 5G ကွန်ရက်တည်ဆောက်မှုတည်ရှိ ရာ နေရာတိုင်းက နိုင်ငံသားတွေရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်အန္တရာယ်ရှိစေတယ်ဆိုပြီး အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စွပ်စွဲခြင်းကို ခံထားရတာပါ။ Huawei က သူ့ရဲ့ ကွန်ရက်တွေကိုသုံးပြီး တရုတ်နိုင်ငံအစိုးရအတွက် သူလျှိူလုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ခံထားရပါသေးတယ်။ သို့ပေမယ့် စွပ်စွဲဝေဖန်ထားကြသူတွေကတော့ သူတို့ရဲ့ ဝေဖန်မှုကို ခိုင်မာကြောင်း သက်သေပြနိုင်မယ့် အထောက်အထားတွေ မပြနိုင်သေးပါဘူး။ “Huawei နဲ့ ပတ်သက်ပြီးတော့ ပြောချင်တာတစ်ခုက ကျွန်တော်တို့တွေ အချက်အလက်ကျကျ ဆွေးနွေးမှုတွေကို ပိုလုပ်ဖို့လိုလာပြီဆိုတာပါပဲ။ အခုအချိန်မှာ ဒီကိစ္စဟာ လွယ်မယောင်နဲ့ခက်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခု ဖြစ်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ Vodafone ရဲ့ CEO Nick Read က ပြောပါတယ်။

Read က Huawei ရဲ့ လုံခြုံရေးကိစ္စအပေါ် အခြေအတင်ဆွေးနွေးနေကြတာတွေ၊ နိုင်ငံရေးအရ ဖိအားပေးတာတွေကို ကန့်ကွက်ခဲ့သူပါ။ ဥရောပမှာရှိတဲ့ Vodafone ပင်မလုပ်ငန်းစုမှာတော့ Huawei ရဲ့ ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍကို ခေတ္တခဏရပ်ဆိုင်းထားပေမယ့် သူ့ကုမ္ပဏီအနေနဲ့ 5G ကို ပထမဆုံးအသုံးပြုခြင်းအတွက်ကိုတော့ တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei နဲ့ ဆက်လက် လက်တွဲလုပ်ကိုင်သွားလိုတယ်လို့လည်း အလေးအနက်ပြောကြားထားခဲ့သူဖြစ်ပါတယ်။

“radio နဲ့ ပင်မလုပ်ငန်း နှစ်ခုက အများကြီးကွာခြားပါတယ်။ radio အတွက် Huawei ကို အဓိကထား ပြီးအသုံးပြုခဲ့တယ်။ 5G စနစ်မှာလည်း radio အတွက် Huawei ကိုပဲ ဆက်သုံးသွားမှာပါ။ ဒါပေမယ့် ပင်မလုပ်ငန်းမှာတော့ ခဏရပ်ထားပါတယ်။” “ပင်မလုပ်ငန်းလည်ပတ်ဖို့ဆောင်ရွက်တဲ့အထဲမှာတော့ Huawei ရဲ့ အခန်းကဏ္ဍက အဲ့ဒီလောက်ကြီး ထဲထဲဝင်ဝင်မပါဝင်နေလို့ ဘဏ္ဍာရေးအရကြီးကြီးမားမား ဂယက်ရိုက်ခံရတာမျိုးလည်းမရှိသလို တစ်ခြားလုပ်ငန်း တစ်ခုနဲ့အစားထိုးပြီး ပူးပေါင်းလုပ်မယ်ဆိုရင်လည်း အကောင်အထည်ဖော်ဖို့ နှစ် အနည်းငယ်လောက်ကြာတာလောက်ပဲ ရှိမှာပါ။” ဥရောပမှာ Huawei ကို လုံးလုံးလျားလျားပိတ်ပင်လိုက်တာက ဥရောပတိုက်တစ်ခုလုံးမှာရှိတဲ့ ဆက် သွယ်ရေးလုပ်ငန်းတွေအားလုံးရဲ့ ဘဏ္ဍာရေးအိပ်မက်ဆိုးကြီးဖြစ်လာလိမ့်မယ်လို့ Read က သတိပေး လိုက်ပါတယ်။

“ရှင်းနေတာပဲ။ radio အဆင့်မှာ Huawei ကို လုံးဝတားမြစ်လိုက်မယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီအတွက် ကိစ္စရပ်ကြီးကြီးတစ်ခု ဖြစ်လာမှာပဲ။ ဒါပေမယ့် ဒါဟာ ဥရောပတစ်တိုက်လုံးရဲ့ ဆက်သွယ်ရေးနယ်ပယ်တစ်ခုလုံးအတွက် ပြဿနာကြီးဖြစ်လာလိမ့်မယ်။ Huawei က ဥရောပတိုက် တစ်ခုလုံးရဲ့ ဈေးကွက်ရှယ်ယာ ၃၅ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားတယ်။ ဒါက အဓိကထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ခုလည်းဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒီ့အတွက် အချက်အလက်ကျ ကျဆွေးနွေးတာမျိုးတွေ ပိုလုပ်ရမယ်။ ဒီလိုလုပ်ဆောင်တဲ့အော်ပရေတာတွေလည်း ပိုပိုများလာလိမ့်မယ်လို့လည်း ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ပင်မလုပ်ငန်းကို ခဏရပ်ထားတယ်။ အခုအဆင့်မှာ အစားမထိုးသေးဘူး” “အခုအချိန်ဟာဆိုရင် Huawei ရယ်၊ လုံခြုံရေးအေဂျင်စီတွေနဲ့ နိုင်ငံရေးသမားတွေအတူပူးပေါင်းပြီး အားလုံးရဲ့ အမြင်တွေကို ပိုပြီးကောင်းမွန်တိုးတက်လာဖို့ လုပ်ဆောင်ရမယ့် အချိန်အခါကို ရောက်ရှိနေပါပြီ” ဟု ထပ်လောင်းပြောကြားသည်။

Ref : Total Telecom