[Unicode]

အားလုံးသိကြတဲ့အတိုင်း Huawei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုတွေကြောင့် ကုမ္ပဏီရဲ့ မဟာဗျူဟာနဲ့ ခြေလှမ်းတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမယ့် တရုတ်အခြေစိုက် ဧရာမကုမ္ပဏီကြီးဟာ အင်အားချိနဲ့သွားတဲ့လက္ခဏာတော့ အရိပ်အယောင်လေးတောင်မှ မပြသဘဲ အင်ပြည့်အားပြည့်နဲ့ ဈေးကွက်ကို ဆက်ပြီးတိုးချဲ့နေတာ ဖြစ်ပါတယ်။

Economic Times ကဖော်ပြတဲ့ သတင်းတစ်ရပ်အရ Huawei ဟာ အိန္ဒိယ Developers တွေနဲ့အတူ Google ရဲ့ ပေါ်ပြူလာဖြစ်တဲ့ App တွေအတွက် Huawei-Alternatives တွေကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ပိတ်ပင်မှုဟာ Huawei နဲ့ Honor ထုတ်ကုန်သစ်တွေမှာ Maps, Google Drive, Gmail တို့လို လူသုံးများတဲ့ Service တွေကို ကြိုတင်ထည့်သွင်းခွင့် မပေးတာပဲ ဖြစ်ပါတယ်။

အိန္ဒိယ Huawei နဲ့ Honor တို့ရဲ့ CEO က “ကျွန်တော်တို့မှာ ကိုယ်ပိုင် HMS ရှိပြီး မိုလ်ဘိုင်းဂေဟစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ navigation, payments, gaming နဲ့ messaging တို့လိုအဓိက App တွေကို ဒီဇင်ဘာလကုန်မှာ အဆင်သင့်ဖြစ်နေမှာပါ” လို့ ET နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Google App ရဲ့ ဂေဟစနစ်ဟာ အလွန်ကျယ်ပြန့်တာကြောင့် Huawei ကလည်း သူ့ရဲ့ Device တွေအတွက် Huawei-Alternatives အနေနဲ့ဖန်တီးချင်နေတာပါ။ ဒီလိုဖန်တီးချင်တဲ့ အဓိကအကြောင်းရင်းကတော့ Huawei နဲ့ Honor သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Huawei ရဲ့ App Gallery ထဲမှာ အိန္ဒိယရဲ့ ထိပ်တန်း App ၁၅၀ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Huawei ကတော့ အသုံးပြုသူတွေအနေနဲ့ Alternatives ကို အသုံးပြုရတာ ကွာခြားတယ်ဆိုပြီး ပြောကြမှာမဟုတ်ဘူးလို့ အခိုင်အမာပြောပေမယ့် လက်တွေ့သုံးစွဲကနေဖြစ်ပေါ်လာမယ့် တုံ့ပြန်ချက်တွေကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

Google Apps Alternatives ကို ဒီဇင္ဘာလကုန္မွာ အဆင္သင့္ရဖို႔ ႀကိဳးစားေနတဲ့ Huawei

အားလုံးသိၾကတဲ့အတိုင္း Huawei ဟာ အေမရိကန္ရဲ႕ ပိတ္ပင္မႈေတြေၾကာင့္ ကုမၸဏီရဲ႕ မဟာဗ်ဴဟာနဲ႔ ေျခလွမ္းေတြအေပၚ ႀကီးမားတဲ့သက္ေရာက္မႈကို ႀကဳံခဲ့ရပါတယ္။ ဒါေပမယ့္ တ႐ုတ္အေျခစိုက္ ဧရာမကုမၸဏီႀကီးဟာ အင္အားခ်ိနဲ႔သြားတဲ့လကၡဏာေတာ့ အရိပ္အေယာင္ေလးေတာင္မွ မျပသဘဲ အင္ျပည့္အားျပည့္နဲ႔ ေဈးကြက္ကို ဆက္ၿပီးတိုးခ်ဲ႕ေနတာ ျဖစ္ပါတယ္။

Economic Times ကေဖာ္ျပတဲ့ သတင္းတစ္ရပ္အရ Huawei ဟာ အိႏၵိယ Developers ေတြနဲ႔အတူ Google ရဲ႕ ေပၚျပဴလာျဖစ္တဲ့ App ေတြအတြက္ Huawei-Alternatives ေတြကို ဖန္တီးေနတယ္လို႔ သိရပါတယ္။ ပိတ္ပင္မႈဟာ Huawei နဲ႔ Honor ထုတ္ကုန္သစ္ေတြမွာ Maps, Google Drive, Gmail တို႔လို လူသုံးမ်ားတဲ့ Service ေတြကို ႀကိဳတင္ထည့္သြင္းခြင့္ မေပးတာပဲ ျဖစ္ပါတယ္။

အိႏၵိယ Huawei နဲ႔ Honor တို႔ရဲ႕ CEO က “ကြၽန္ေတာ္တို႔မွာ ကိုယ္ပိုင္ HMS ရွိၿပီး မိုလ္ဘိုင္းေဂဟစနစ္ကို တည္ေဆာက္ဖို႔ ႀကိဳးစားေနပါတယ္။ navigation, payments, gaming နဲ႔ messaging တို႔လိုအဓိက App ေတြကို ဒီဇင္ဘာလကုန္မွာ အဆင္သင့္ျဖစ္ေနမွာပါ” လို႔ ET နဲ႔အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

Google App ရဲ႕ ေဂဟစနစ္ဟာ အလြန္က်ယ္ျပန႔္တာေၾကာင့္ Huawei ကလည္း သူ႔ရဲ႕ Device ေတြအတြက္ Huawei-Alternatives အေနနဲ႔ဖန္တီးခ်င္ေနတာပါ။ ဒီလိုဖန္တီးခ်င္တဲ့ အဓိကအေၾကာင္းရင္းကေတာ့ Huawei နဲ႔ Honor သုံးစြဲသူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Huawei ရဲ႕ App Gallery ထဲမွာ အိႏၵိယရဲ႕ ထိပ္တန္း App ၁၅၀ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ Huawei ကေတာ့ အသုံးျပဳသူေတြအေနနဲ႔ Alternatives ကို အသုံးျပဳရတာ ကြာျခားတယ္ဆိုၿပီး ေျပာၾကမွာမဟုတ္ဘူးလို႔ အခိုင္အမာေျပာေပမယ့္ လက္ေတြ႕သုံးစြဲကေနျဖစ္ေပၚလာမယ့္ တုံ႔ျပန္ခ်က္ေတြကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena