မကြာသေးခင်တုန်းက တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Huawei ဟာ မူပိုင်ခွင့်များစွာချိုးဖောက်မှုအတွက် အမေရိကန် Chip ထုတ်လုပ်သူ Qualcomm ကို ဒေါ်လာ ၁.၈ ဘီလီယံ ပေးလျော်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ နှစ်နိုင်ငံကြား တင်းမာမှုတွေရှိခဲ့ပေမယ့် ကုမ္ပဏီနှစ်ခုကတော့ ရေရှည်သဘောတူညီမှုသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Qualcomm ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေရဲ့ အဓိကအစိတ်အမျိုးမျိုးအတွက် မူပိုင်ခွင့်တွေရရှိထားပြီး ယေဘုယျအားဖြင့်ထုတ်ကုန်အတွက် IP လိုင်စင်တွေချထားပေးပြီး ဝင်ငွေရရှိတာပါ။ Huawei ကလည်း Qualcomm ရဲ့ ဖောက်သည်တွေထဲကတစ်ဦးဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်ကတည်းကစပြီး ငွေပေးချေမှုကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တုန်းကတော့ ၂၀၁၈ ခုနှစ်ကုန်ဆုံး တဲ့အထိ အရင်တုန်းကနည်းပညာကို သုံးစွဲမှုအတွက် သုံးလပတ်တစ်ကြိမ်တိုင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ပေးချေဖို့ သဘောတူညီခဲ့ပါတယ်။ ဒီသဘောတူညီမှုဟာ ကုမ္ပဏီနှစ်ခုစလုံးအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေစေတဲ့ Win-Win ဖြေရှင်းနည်းလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘောတူညီမှုအပြီးမှာ Qualcomm ဟာ Huawei နဲ့ မူပိုင်ခွင့်နည်းပညာကို အသုံးပြုခွင့်ပေးတဲ့ သဘောတူညီချက်သစ် ပြုလုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

သဘောတူညီချက်သစ်ကြောင့် Qualcomm ကလည်း သူ့ရဲ့ စတော့တန်ဖိုး မြင့်တက်သွားပြီး စံချိန်တင်နိုင်ခဲ့သလို၊ Huawei ကလည်း Qualcomm ရဲ့ အမျိုးမျိုးသော နည်းပညာတွေ၊ အထူးသဖြင့် စမတ်ဖုန်းအတွက် အဓိကပါဝင်အစိတ်အပိုင်းတွေကို ရရှိသွားတယ်လို့ ဆိုရမှာပါ။ ဒါဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုကြောင့် TSMC က Chip တွေကို ဝယ်ယူမရနိုင်တော့တဲ့နောက်ပိုင်း အရေးကြီးတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တာလို့ ဆိုရပါလိမ့်မယ်။

Ref: Gizmochina