Huawei စမတ်ဖုန်းတွေဟာ Google Mobile Services ကို အသုံးပြုနိုင်ခြင်းမရှိတော့ပေမယ့် ကိုယ်ပိုင် Huawei Mobile Services (HMS) ကို ပိုပြီးအာရုံစိုက်လာတယ်လို့တောင် ပြောလို့ရပါတယ်။ အခုလည်း Gaming Service ပိုင်းအတွက် Google Play Games ပုံစံ GameCenter အမည်ရတဲ့ Distribution Platform တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ GameCenter Gaming Service ဟာဆိုရင် Huawei စမတ်ဖုန်းအသုံးပြုသူတွေအတွက် Gaming Hub တစ်ခုဖြစ်လာမှာဖြစ်သလို အရည်အသွေးကောင်းမွန်တဲ့ Content တွေနဲ့ Reward တွေကို စီစဥ်ထားပေးတယ်လို့ လည်း သိရပါတယ်။ လောလောဆယ်မှာတော့ GameCenter ကို နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ရရှိမှာဖြစ်ပြီး Gaming Community တစ်ခုအနေနဲ့ ဖန်တီးသွားမှာဖြစ်ပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ GameCenter ကနေတစ်ဆင့် Asia Pacific ၊ Latin America ၊ Middle East ၊ Africa နဲ့ တခြားသော နိုင်ငံတွေမှာရှိတဲ့ Huawei စမတ်ဖုန်းအသုံးပြုသူတွေကို ချိတ်ဆက်ပေးသွားမှာပါ။ အဆိုပါ GameCenter Application ကိုလည်း AppGallery ကနေ တစ်ဆင့် Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ အခုလိုမျိုး GameCenter ဆိုပြီး Gaming Service တစ်ခုကို စတင်လိုက်တဲ့အတွက်နောက်ပိုင်းမှာ Huawei စမတ်ဖုန်းတွေမှာပဲဆော့ကစားနိုင်မယ့် Exclusive Mobile Game တွေ၊ တခြားသော Game တွေမှာလည်း In-Game Special Rewards တွေကိုပါ ရရှိစေနိုင်မယ်လို့ သိရပါတယ်။ ဒါက Huawei စမတ်ဖုန်းကို အသုံးပြုနေတဲ့ Mobile Gamer တွေအတွက်တေ့ာ သတင်းကောင်းတစ်ခုလို့ပြောရမှာပါ။

Ref – Gizmo China