Zawgyi

Huawei ကေန ယခုႏွစ္အတြက္ ေနာက္ထပ္ Flagship ဖုန္းတစ္ခုျဖစ္တဲ့ Huawei Mate 30 Series စမတ္ဖုန္းေတြကို လာမယ့္ ေအာက္တိုဘာလဝန္းက်င္မွာ မိတ္ဆက္သြားေတာ့မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ Mate 30 Series ဖုန္းေတြမမိတ္ဆက္ခင္မွာ အဆိုပါ Mate 30 ဖုန္းေတြမွာ အသုံးျပဳလာမယ့္ Kirin 990 Processor မိတ္ဆက္မယ့္အခ်ိန္ကို အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

Huawei ကေန အခုသတင္းကို “Huawei Kirin 990 Warm-up” အမည္ရွိတဲ့ Video တစ္ခုကို YouTube ေပၚတင္ၿပီး အတည္ျပဳခဲ့တာျဖစ္ၿပီး ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ ျပဳလုပ္မယ့္ IFA Event (စက္တင္ဘာလ ၆ ရက္ေန႔) မွာ မိတ္ဆက္သြားမယ္လို႔သိရပါတယ္။ အခု Kirin 990 Processor ဟာ Huawei Mate 30 ဖုန္းေတြမွာ ပါဝင္လာမွာျဖစ္သလို Design ေျပာင္းလဲမႈေတြျပဳလုပ္ထားတဲ့ Huawei Mate X Foldable Phone မွာပါ ပါဝင္မယ္ဆိုတာကိုလည္း Huawei Consumer Business Group ရဲ႕ Regional President ျဖစ္တဲ့ Yanmin Wang က အတည္ျပဳေပးခဲ့ပါတယ္။

အခု Video အရေတာ့ Kirin 990 Processor က 5G ကို အဓိကဦးစားေပးေဖာ္ျပထားၿပီးေတာ့ Next Generation Wireless Connectivity ကိုလည္း Highlight ျပဳလုပ္သြားခဲ့ပါတယ္။ အဲ့ဒီအတြက္ ယခင္တုန္းက သတင္းေတြထြက္ထားခဲ့သလိုမ်ိဳး Kirin 990 Processor မွာ လက္ရွိ 5G ဖုန္းေတြလိုမ်ိဳး 5G အသုံးျပဳႏိုင္ဖို႔အတြက္ 5G Modem သီးသန္႔လိုအပ္မွာမဟုတ္ေတာ့ဘဲ Processor မွာတင္ 5G Modem က တပါတည္းပါဝင္လာဖို႔မ်ားေနပါတယ္။

လက္ရွိအခ်ိန္မွာ Huawei ကေန 5G စမတ္ဖုန္းအေနနဲ႔ Huawei Mate 20X 5G Edition ကို ေရာင္းခ်ေနၿပီျဖစ္ေပမယ့္ အဆိုပါ စမတ္ဖုန္းက Kirin 980 Processor ကိုပဲ Huawei ရဲ႕ ကိုယ္ပိုင္ Balong 5000 5G Modem နဲ႔ တြဲဖက္ေပးထားတာျဖစ္ပါတယ္။ Kirin 990 Processor မွာေတာ့ သီးျခား Modem အစား Processor မွာပဲ 5G ကို Support ျပဳလုပ္မွာျဖစ္တဲ့အတြက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ကိုပါ ရရွိလာႏိုင္ပါတယ္။

Kirin 990 Processor ဟာ TSMC ရဲ႕ 7nm EUV Architecture ကို အေျခခံၿပီး တည္ေဆာက္ထားတာျဖစ္ၿပီးေတာ့ Cortex-A77 CPU Core နဲ႔ Mali-G77 GPU ေတြအဓိကပါဝင္လာဖြယ္ရွိေနပါတယ္။ ဒ့ါအျပင္ ယခင္ Kirin 980 Processor လိုမ်ိဳးပဲ AI ပိုင္းဆိုင္ရာ ေဆာင္႐ြက္ခ်က္ေတြအတြက္ Neural Processing Unit (NPU) ပါ ပါဝင္လာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Samsung ကလည္း Galaxy Note 10 Series စမတ္ဖုန္းေတြမွာ Exynos 9820 Processor ကေန Exynos 9825 Processor ကို အဆင့္ျမႇင့္တင္ထားတဲ့အတြက္ အခု Huawei Mate 30 Series ဖုန္းေတြမွာ အသုံးျပဳလာမယ့္ Kirin 990 Processor ကေရာ ဘယ္ေလာက္ထိစြမ္းေဆာင္ရည္ရွိမလဲဆိုတာ စိတ္ဝင္စားစရာပါ။

Ref – Phone Arena

Unicode

Huawei ကနေ ယခုနှစ်အတွက် နောက်ထပ် Flagship ဖုန်းတစ်ခုဖြစ်တဲ့ Huawei Mate 30 Series စမတ်ဖုန်းတွေကို လာမယ့် အောက်တိုဘာလဝန်းကျင်မှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် Mate 30 Series ဖုန်းတွေမမိတ်ဆက်ခင်မှာ အဆိုပါ Mate 30 ဖုန်းတွေမှာ အသုံးပြုလာမယ့် Kirin 990 Processor မိတ်ဆက်မယ့်အချိန်ကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Huawei ကနေ အခုသတင်းကို “Huawei Kirin 990 Warm-up” အမည်ရှိတဲ့ Video တစ်ခုကို YouTube ပေါ်တင်ပြီး အတည်ပြုခဲ့တာဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်မယ့် IFA Event မှာ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့သိရပါတယ်။ အခု Kirin 990 Processor ဟာ Huawei Mate 30 ဖုန်းတွေမှာ ပါဝင်လာမှာဖြစ်သလို Design ပြောင်းလဲမှုတွေပြုလုပ်ထားတဲ့ Huawei Mate X Foldable Phone မှာပါ ပါဝင်မယ်ဆိုတာကိုလည်း Huawei Consumer Business Group ရဲ့ Regional President ဖြစ်တဲ့ Yanmin Wang က အတည်ပြုပေးခဲ့ပါတယ်။

အခု Video အရတော့ Kirin 990 Processor က 5G ကို အဓိကဦးစားပေးဖော်ပြထားပြီးတော့ Next Generation Wireless Connectivity ကိုလည်း Highlight ပြုလုပ်သွားခဲ့ပါတယ်။ အဲ့ဒီအတွက် ယခင်တုန်းက သတင်းတွေထွက်ထားခဲ့သလိုမျိုး Kirin 990 Processor မှာ လက်ရှိ 5G ဖုန်းတွေလိုမျိုး 5G အသုံးပြုနိုင်ဖို့အတွက် 5G Modem သီးသန့်လိုအပ်မှာမဟုတ်တော့ဘဲ Processor မှာတင် 5G Modem က တပါတည်းပါဝင်လာဖို့များနေပါတယ်။

လက်ရှိအချိန်မှာ Huawei ကနေ 5G စမတ်ဖုန်းအနေနဲ့ Huawei Mate 20X 5G Edition ကို ရောင်းချနေပြီဖြစ်ပေမယ့် အဆိုပါ စမတ်ဖုန်းက Kirin 980 Processor ကိုပဲ Huawei ရဲ့ ကိုယ်ပိုင် Balong 5000 5G Modem နဲ့ တွဲဖက်ပေးထားတာဖြစ်ပါတယ်။ Kirin 990 Processor မှာတော့ သီးခြား Modem အစား Processor မှာပဲ 5G ကို Support ပြုလုပ်မှာဖြစ်တဲ့အတွက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပါ ရရှိလာနိုင်ပါတယ်။

Kirin 990 Processor ဟာ TSMC ရဲ့ 7nm EUV Architecture ကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပြီးတော့ Cortex-A77 CPU Core နဲ့ Mali-G77 GPU တွေအဓိကပါဝင်လာဖွယ်ရှိနေပါတယ်။ ဒ့ါအပြင် ယခင် Kirin 980 Processor လိုမျိုးပဲ AI ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေအတွက် Neural Processing Unit (NPU) ပါ ပါဝင်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ကလည်း Galaxy Note 10 Series စမတ်ဖုန်းတွေမှာ Exynos 9820 Processor ကနေ Exynos 9825 Processor ကို အဆင့်မြှင့်တင်ထားတဲ့အတွက် အခု Huawei Mate 30 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Kirin 990 Processor ကရော ဘယ်လောက်ထိစွမ်းဆောင်ရည်ရှိမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Ref – Phone Arena