ဒီရက်ပိုင်းထဲမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေက အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။ Realme 7 နဲ့ 7 Pro ပြီးတော့ OPPO F17 နဲ့ F17 Pro တို့ အကြောင်းကို ပြောနေတုန်းမှာပဲ Huawei ကလည်း Mid-range အမျိုးအစားဖြစ်တဲ့ Enjoy 20 နဲ့ Enjoy 20 Plus တို့ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Huawei Enjoy 20 Plus ဟာ 5G အမျိုးအစား စမတ်ဖုန်းဖြစ်ပါတယ်။ 6.63-inch IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 1080 x 2400px resolution နဲ့ပါ။ 90Hz refresh rate နဲ့ မျက်နှာပြင်ပြည့်အမျိုးအစားပါ။ ဒါကြောင့် 16MP selfie ကင်မရာကို Elevating mechanism အနေနဲ့ တပ်ဆင်ထားပါတယ်။

MediaTek ရဲ့ Mid-range 5G chipset သစ် Dimensity 720 5G ကို 6GB ဒါမှမဟုတ် 8GB LPDDR4X RAM နဲ့ တွက်ဖက်ပေးထားပါတယ်။ သိုလှောင်မှုကတော့ 128GB ဖြစ်ပြီး NMcard နဲ့ 256GB အထိ တိုးချဲ့နိုင်ပါတယ်။ ကျောဘက်မှာ 48MP အဓိကကင်မရာ၊ 8MP ultrawide နဲ့ 2MP macro ကင်မရာတွေ တပ်ဆင်ပေးထားပါတယ်။ 4,200mAh ဘက်ထရီနဲ့ 40W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါသေးတယ်။

Fingerprint ကတော့ ဘေးဘက်မှာရှိနေပြီး 3.5mm audio jack လည်း ပါဝင်ပါတယ်။ Black, Gradient Blue, Forest Green နဲ့ Pink ဆိုပြီး အရောင်လေးမျိုး ထုတ်လုပ်ထားပါတယ်။ 6GB မော်ဒယ်အတွက် $335 (၄ သိန်းခွဲဝန်းကျင်) ဖြစ်ပြီး 8GB အမျိုးအစားအတွက် $30 (၄ သောင်းဝန်းကျင်) ပိုပေးရမှာ ဖြစ်ပါတယ်။

Huawei Enjoy 20 ကလည်း 5G အမျိုးအစား စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ 6.6-inch IPS LCD panel နဲ့ပဲ ဖြစ်ပေမယ့် HD+ (720 x 1600px) resolution ပဲ ရရှိမှာဖြစ်သလို ပုံမှန် 60Hz refresh rate ပဲ ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ Chipest ကတော့ Dimensity 720 ပဲ သုံးထားတာဖြစ်ပေမယ့် RAM ကတော့ 4GB နဲ့ 6GB တို့ကိုပဲ တွဲပေးထားတာပါ။ သိုလှောင်မှုကတော့ 128GB ပဲ ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် Standard microSD ကတ်နဲ့ 512GB အထိ တိုးချဲ့နိုင်ပါတယ်။

ကျောဘက်မှာ 13MP အဓိကကင်မရာ၊ 5MP ultrawide နဲ့ 4cm အကွာအဝေးကို ပုံသေဆုံချက်ဖြတ်ရမယ့် 2MP macro ကင်မရာ တွေကို တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်က Waterdrop notch ထဲမှာတော့ 8MP selfie ကင်မရာတစ်လုံး ရှိနေပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ပမာဏဖြစ်ပြီး 10W charging စနစ်ကို ထောက်ပံ့ပေးပါတယ်။

Fingerprint scanner က ဘေးဘက်မှာ တပ်ဆင်ပေးထားပြီး Black, Gold, Green နဲ့ Pink ဆိုပြီး အရောင် လေးမျိုး ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းတွေကတော့ 4GB ဗားရှင်းကို $250 (၃ သိန်း ၃ သောင်းခွဲဝန်းကျင်) နဲ့ 6GB ဗားရှင်းကို $280 (၃ သိန်း ၇သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ နှစ်မျိုးစလုံးကို Pre-order တင်နိုင်နေပြီဖြစ်ပေမယ့် ရောင်းချတာကတော့ စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena