[Zawgyi]

Huawei ဟာ ၿပီးခဲ့တဲ့ရက္က P30 ဖုန္းေတြကို ေၾကညာရင္းနဲ႔ ကုမၸဏီရဲ႕ Wireless Bluetooth Earphones ေတြကိုလည္း တစ္ပါတည္း မိတ္ဆက္သြားခဲ့ပါတယ္။ Huawei Freelace လို႔အမည္ေပးထားတဲ့ ဒီနားၾကပ္ေတြဟာ ႀကိဳးမဲ့စနစ္သုံးနားၾကပ္ေတြျဖစ္သလို USB-C နဲ႔လည္း အသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။

Huawei Freelace ႀကိဳးမဲ့ နားၾကပ္ေတြကို ပထမဆုံးအႀကိမ္အျဖစ္ ဖုန္းနဲ႔ဆက္သြယ္ခ်ိန္မွာ HiPair Feature က ဖုန္းနဲ႔ နားၾကပ္ၾကား ဆက္သြယ္မႈအတြက္ ေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္။ ဒီနားၾကပ္ေတြဟာ USB-C ကို အသုံးျပဳၿပီး အားသြင္းရမွာျဖစ္သလို၊ အဆိုပါ USB-C နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့လည္း သီခ်င္းနားေထာင္ႏိုင္ ပါတယ္။

Freelace ေတြဟာ 9.2mm Dynamic Drivers ေတြနဲ႔ လာတာျဖစ္ၿပီး လက္ဝဲနဲ႔ လက္ယာ ႏွစ္ဘက္စလုံးမွာ Symmetrical Controls ေတြ ပါဝင္မွာ ျဖစ္ပါတယ္။ နားၾကပ္ႏွစ္ဖက္ကို သြယ္တန္းထားတဲ့ ႀကိဳးနဲ႔ ကိုယ္ထည္ကေတာ့ နီကယ္၊ တိုက္ေတနီယမ္ေတြကို ဆီလီကြန္နဲ႔ေရာေႏွာေပါင္းစပ္ထားတာ လို႔ သိရပါတယ္။

Huawei Freelace နားၾကပ္ေတြဟာ Wireless ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ဆက္သြယ္ထားတဲ့ ႀကိဳးပါဝင္ေနတာကေတာ့ သိပ္ၿပီး စိတ္ေက်နပ္စရာ မေကာင္းဘူးလို႔ ဆိုရမွာပါ။ ဒါေပမယ့္လည္း အၾကမ္းခံၿပီး ကိုင္တြယ္ရ အဆင္ေျပေအာင္ ျပဳလုပ္ထားတယ္လို႔ေတာ့ Huawei က ေျပာပါတယ္။

IPX5 Certified ရထားတဲ့ ဒီ Buds ေတြဟာ ေခြၽးစိုခံသလို ျပင္ပက ေႏွာင့္ယွက္တတ္တဲ့ ေလတိုးသံအပါအဝင္ အျခားဆူညံသံေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ Feature ပါဝယ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ျပင္ပကို သြားလာေနစဥ္၊ ေလ့က်င့္ခန္းလုပ္ေနစဥ္ေတြမွာ ေကာင္းေကာင္း အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

Freelace ရဲ႕ ဘက္ထရီသက္တမ္းကေတာ့ တစ္ႀကိမ္အားသြင္းၿပီးရင္ ဖုန္းေခၚဆိုစကားေျပာျခင္းအတြက္ ၁၂ နာရီနဲ႔ သီခ်င္းနားေထာင္မႈအတြက္ ၁၈ နာရီ သုံးႏိုင္မယ္လို႔ သိရပါတယ္။ Fast Charging နည္းပညာေၾကာင့္ ၅ မိနစ္အားသြင္းရင္ ၄ နာရီၾကာ သီခ်င္းနားေထာင္ဖို႔ လုံေလာက္တယ္လို႔လည္း Huawei က ေျပာပါတယ္။ ေဈးႏႈန္းကေတာ့ $112 ဝန္းက်င္ျဖစ္တာေၾကာင့္ ျမန္မာေငြနဲ႔ဆိုရင္ ၁ သိန္း ၇ေသာင္းနီးပါးေလာက္ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

၅ မိနစ်အားသွင်းပြီး ၄ နာရီသီချင်းနားထောင်နိုင်တဲ့ Freelace wireless earphones ကို Huawei မိတ်ဆက်

Huawei ဟာ ပြီးခဲ့တဲ့ရက်က P30 ဖုန်းတွေကို ကြေညာရင်းနဲ့ ကုမ္ပဏီရဲ့ Wireless Bluetooth earphones တွေကိုလည်း တစ်ပါတည်း မိတ်ဆက်သွားခဲ့ပါတယ်။ Huawei Freelace လို့အမည်ပေးထားတဲ့ ဒီနားကြပ်တွေဟာ ကြိုးမဲ့စနစ်သုံးနားကြပ်တွေဖြစ်သလို USB-C နဲ့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Huawei freelace ကြိုးမဲ့ နားကြပ်တွေကို ပထမဆုံးအကြိမ်အဖြစ် ဖုန်းနဲ့ဆက်သွယ်ချိန်မှာ HiPair Feature က ဖုန်းနဲ့ နားကြပ်ကြား ဆက်သွယ်မှုအတွက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီနားကြပ်တွေဟာ USB-C ကို အသုံးပြုပြီး အားသွင်းရမှာဖြစ်သလို၊ အဆိုပါ USB-C နဲ့ ချိတ်ဆက်ပြီးတော့လည်း သီချင်းနားထောင်နိုင် ပါတယ်။

Freelace တွေဟာ 9.2mm dynamic drivers တွေနဲ့ လာတာဖြစ်ပြီး လက်ဝဲနဲ့ လက်ယာ နှစ်ဘက်စလုံးမှာ Symmetrical controls တွေ ပါဝင်မှာ ဖြစ်ပါတယ်။ နားကြပ်နှစ်ဖက်ကို သွယ်တန်းထားတဲ့ ကြိုးနဲ့ ကိုယ်ထည်ကတော့ နီကယ်၊ တိုက်တေနီယမ်တွေကို ဆီလီကွန်နဲ့ရောနှောပေါင်းစပ်ထားတာ လို့ သိရပါတယ်။

Huawei Freelace နားကြပ်တွေဟာ Wireless ဆိုပေမယ့် နားကြပ်နှစ်ဖက်ကို ဆက်သွယ်ထားတဲ့ ကြိုးပါဝင်နေတာကတော့ သိပ်ပြီး စိတ်ကျေေနပ်စရာ မကောင်းဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း အကြမ်းခံပြီး ကိုင်တွယ်ရ အဆင်ပြေအောင် ပြုလုပ်ထားတယ်လို့တော့ Huawei က ပြောပါတယ်။

IPX5 certified ရထားတဲ့ ဒီ Buds တွေဟာ ချွေးစိုခံသလို ပြင်ပက နှောင့်ယှက်တတ်တဲ့ လေတိုးသံအပါအဝင် အခြားဆူညံသံတွေကို လျှော့ချပေးနိုင်တဲ့ Feature ပါဝယ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပြင်ပကို သွားလာနေစဉ်၊ လေ့ကျင့်ခန်းလုပ်နေစဉ်တွေမှာ ကောင်းကောင်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Freelace ရဲ့ ဘက်ထရီသက်တမ်းကတော့ တစ်ကြိမ်အားသွင်းပြီးရင် ဖုန်းခေါ်ဆိုစကားပြောခြင်းအတွက် ၁၂ နာရီနဲ့ သီချင်းနားထောင်မှုအတွက် ၁၈ နာရီ သုံးနိုင်မယ်လို့ သိရပါတယ်။ Fast Charging နည်းပညာကြောင့် ၅ မိနစ်အားသွင်းရင် ၄ နာရီကြာ သီချင်းနားထောင်ဖို့ လုံလောက်တယ်လို့လည်း Huawei က ပြောပါတယ်။ ဈေးနှုန်းကတော့ $112 ဝန်းကျင်ဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင် ၁ သိန်း ၇သောင်းနီးပါးလောက် ဖြစ်ပါတယ်။

Ref: GSMArena