[Unicode]

Huawei ဟာ EMUI 10 ကို မိတ်ဆက်ချိန်က Google နဲ့ သဘောတူညီမှုရထားတဲ့အတွက် ကမ္ဘာအဝန်းက မိတ်ဆက်ပြီးသား စမတ်ဖုန်းတွေမှာ EMUI 10 Update ရမယ်လို့ အသိပေးခဲ့ပါတယ်။ အခုတော့ Huawei က Android 10 အခြေပြု EMUI 10 ရမယ့် Device စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလကစပြီး Mate 20 နဲ့ P30 စွမ်းရည်မြင့် ဖုန်းတွေမှာ OTA Update ကို ရရှိမှာဖြစ်ပြီး လာမယ့်လတွေအတွင်းမှာ တခြား Device တွေအတွက် တိုးချဲ့ဖြန့်ချိပေးမှာပါ။ စာရင်း အပြည့်အစုံကို အောက်မှာ ကြည့်နိုင်ပါတယ်။


• Huawei P30 Pro
• Huawei P30
• Huawei Mate 20 Pro
• Huawei Mate 20
• Huawei Mate 20 X
• Huawei nova 5T

• Huawei Mate 20 RS Porsche Design
• Huawei Mate 20 X 5G
• Huawei P30 Lite
• Huawei nova 4e
• Huawei P20
• Huawei P20 Pro
• Huawei Mate 10
• Huawei Mate 10 Pro
• Huawei Mate 10 Porsche Design
• Huawei Mate RS Porsche Design
• Huawei Mate 20 Lite
• Huawei P Smart 2019 (sold in Japan as Huawei nova lite 3)
• Huawei P Smart+ 2019
• Huawei P Smart Pro
• Huawei P Smart Z
• Huawei nova 4

တရုတ်ပြင်ပမှာ ရောင်းထားတဲ့ Device တွေပဲ ဒီစာရင်းထဲမှာ ပါလာပါတယ်။ တရုတ်မှာ ဝယ်ထားပြီး တရုတ် ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ (Google Service မပါတဲ့ ) Device တွေအတွက် Update ရမယ့် အချိန်က ကွာခြားပြီး ဒီထက် စောစောရနိုင်ပါတယ်။

EMUI 10 မှာ User Interface အသစ်နဲ့ System-wide Dark Mode ပါလာပြီး App တွေရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။ သဘာဝကျတဲ့ Animations အသစ်တွေ ပါလာပြီး စွမ်းဆောင်ရည်နဲ့ လုံခြုံရေး ပိုကောင်းလာပါတယ်။ နောက်ဆုံးထုတ် GPU Turbo လုပ်ဆောင်ချက်ပါလာပါတယ်။ Huawei ဖုန်းနဲ့ ပီစီတွေအကြားမှာ အလုပ်တွေ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Huawei က EMUI 10 ရမယ့် စမတ်ဖုန်း စာရင်းကို ကြေညာ


• Huawei P30 Pro
• Huawei P30
• Huawei Mate 20 Pro
• Huawei Mate 20
• Huawei Mate 20 X
• Huawei nova 5T

• Huawei Mate 20 X 5G
• Huawei P30 Lite
• Huawei nova 4e
• Huawei P20
• Huawei P20 Pro
• Huawei Mate 10
• Huawei Mate 10 Pro
• Huawei Mate 20 Lite
• Huawei P Smart+ 2019
• Huawei P Smart Pro
• Huawei P Smart Z
• Huawei nova 4



Ref : gsmarena