[Zawgyi]

Huawei က MediaPad M6 Tablet (၂) လံုးကို ေၾကညာလိုက္ပါတယ္။ ၈.၄ လက္မနဲ႔ ၁၀.၈ လက္မမ်ား ျဖစ္ပါတယ္။ သူတို႔ႏွစ္လံုးဟာ အရြယ္အစားနဲ႔ ဘက္ထရီသာ ကြာျခားၿပီး အျခား အစိတ္အပိုင္းမ်ားက တူညီၾကပါတယ္။ တက္ဘလက္မ်ားမွာ LCD Panels မ်ားထည့္သြင္းထားၿပီး အရည္အေသြးမွာ 2560x1600p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားက   ပါးလႊာပါတယ္။ အရြယ္ႀကီး ၁၀.၈ လက္မ ေမာ္ဒယ္မွာ ပိုမို ႀကီးမားတဲ့ 7500mAh Battery ထည့္သြင္းထားၿပီး အရြယ္ေသး ၈.၄ လက္မ ေမာ္ဒယ္မွာ 6100mAh Battery ပါပါတယ္။

တက္ဘလက္မ်ားမွာ 8MP Front Camera နဲ႔ 13MP Rear Camera မ်ား ပါပါတယ္။ ဟြာေ၀းက အရြယ္ႀကီး တက္ဘလက္မွာ မီဒီယာမ်ား ၾကည့္ရႈလို႔ ေကာင္းမြန္ေအာင္ Harman Kardon ထုတ္တဲ့ စပီကာ ေလးလံုး ထည့္သြင္းထားပါတယ္။ တက္ဘလက္ ႏွစ္လံုးစလံုးမွာ Kirin 980 SoC , 4GB RAM မ်ား ပါၿပီး 64GB or 128GB Storage မ်ား ထည့္သြင္းထားပါတယ္။ Android 9.1 အေျချပဳ EMUI 9.1 ေမာင္းႏွင္ထားပါတယ္။

ဟြာေ၀းက တက္ဘလက္မ်ားအတြက္ Keyboard Case ကိုလည္း ထုတ္လုပ္ေပးထားပါတယ္။ သူတို႔မွာ USB Type-C Ports , 3.5mm Audio Jack နဲ႔ microSD Card Slots မ်ား ပါပါတယ္။ MediaPad M6 10.8 ကို ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး ဇူလိုင္လ ၁၀ ရက္မွာ ေရာင္းခ်မွာပါ။ 4/64GB WiFi Only Model ကို ျမန္မာေငြ  ၅၀၀ ၀၀၀ ၀န္းက်င္ က်သင့္မွာပါ။ 4/128GB Cellular Model ဟာ ၇၅၀ ၀၀၀ ၀န္းက်င္ က်သင့္ပါတယ္။

အရြယ္ေသး ၈.၄ လက္မ ေမာ္ဒယ္ရဲ႕ 4/64GB WiFi Model ကို ၄၃၀ ၀၀၀ ၀န္းက်င္ သတ္မွတ္ထားပါတယ္။ 4/128GB Cellular Model ဟာ ၅၉၀ ၀၀၀ ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Huawei က MediaPad M6 Tablet များကို ကြေညာ

Huawei က MediaPad M6 Tablet (၂) လုံးကို ကြေညာလိုက်ပါတယ်။ ၈.၄ လက်မနဲ့ ၁၀.၈ လက်မများ ဖြစ်ပါတယ်။ သူတို့နှစ်လုံးဟာ အရွယ်အစားနဲ့ ဘက်ထရီသာ ကွာခြားပြီး အခြား အစိတ်အပိုင်းများက တူညီကြပါတယ်။ တက်ဘလက်များမှာ LCD Panels များထည့်သွင်းထားပြီး အရည်အသွေးမှာ 2560x1600p ဖြစ်ပါတယ်။ မျက်နှာပြင်ဘေးဘောင်များက ပါးလွှာပါတယ်။ အရွယ်ကြီး ၁၀.၈ လက်မ မော်ဒယ်မှာ ပိုမို ကြီးမားတဲ့ 7500mAh Battery ထည့်သွင်းထားပြီး အရွယ်သေး ၈.၄ လက်မ မော်ဒယ်မှာ 6100mAh Battery ပါပါတယ်။

တက်ဘလက်များမှာ 8MP Front Camera နဲ့ 13MP Rear Camera များ ပါပါတယ်။ ဟွာဝေးက အရွယ်ကြီး တက်ဘလက်မှာ မီဒီယာများ ကြည့်ရှုလို့ ကောင်းမွန်အောင် Harman Kardon ထုတ်တဲ့ စပီကာ လေးလုံး ထည့်သွင်းထားပါတယ်။ တက်ဘလက် နှစ်လုံးစလုံးမှာ Kirin 980 SoC , 4GB RAM များ ပါပြီး 64GB or 128GB Storage များ ထည့်သွင်းထားပါတယ်။ Android 9.1 အခြေပြု EMUI 9.1 မောင်းနှင်ထားပါတယ်။

ဟွာဝေးက တက်ဘလက်များအတွက် Keyboard Case ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ သူတို့မှာ USB Type-C Ports , 3.5mm Audio Jack နဲ့ microSD Card Slots များ ပါပါတယ်။ MediaPad M6 10.8 ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်မှာ ရောင်းချမှာပါ။ 4/64GB WiFi Only Model ကို မြန်မာငွေ ၅၀၀ ၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ 4/128GB Cellular Model ဟာ ၇၅၀ ၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။
အရွယ်သေး ၈.၄ လက်မ မော်ဒယ်ရဲ့ 4/64GB WiFi Model ကို ၄၃၀ ၀၀၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။ 4/128GB Cellular Model ဟာ ၅၉၀ ၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။
Ref : gsmarena