နည်းပညာကျွမ်းကျင်မှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် Huawei ကုမ္ပဏီက မည်သို့လုပ်ဆောင်လျက် ရှိနေကြောင်း Huawei Asia Pacific ၏ ဒုတိယ ဥက္ကဌ Jay Chen က ယခုကဲ့သို့ မျှဝေဖော်ပြခဲ့သည်။

ကျွန်တော်တို့တွေဟာ အသိဉာဏ်မြင့်မားတဲ့ ကမ္ဘာကြီးတစ်ခုထဲကို ခုမှ စတင် ဝင်ရောက်လာတာ မဟုတ်ပါဘူး၊ အဲဒီ ကမ္ဘာကြီးမှာ ကျွန်တော်တို့ နေထိုင်နေကြတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးကို ဒီဂျစ်တယ် Signal တွေ အဖြစ် အသွင်ပြောင်းထားပြီး လူသားတွေကိုလည်း စက်တွေနဲ့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ Big data နဲ့ Artificial intelligence နည်းပညာတွေကလည်း ကျွန်တော်တို့ရဲ့ ဘဝတွေကို ပိုမို လွယ်ကူအဆင်ပြေလာအောင်၊ ပိုမို တုံ့ပြန် လုပ်ဆောင်နိုင်လာအောင်၊ ပိုမို အလိုအလျောက် ဆောင်ရွက်နိုင်အောင် ဖန်တီးပေးလာကြပါတယ်။

ဒီလိုတွေ ဖြစ်လာတာဟာ 5G၊ IoT နဲ့ Artificial intelligence စတဲ့ နည်းပညာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Korn Ferry ရဲ့ တွေ့ရှိလေ့လာချက်တစ်ခုအရ ၂၀၃၀ ခုနှစ်မှာ ကျွန်တော်တို့တွေဟာ ခန့်မှန်းခြေအားဖြင့် နည်းပညာ ကျွမ်းကျင်ပညာရှင် ဦးရေ ၄၇ သန်းလောက် လိုအပ်နေမှာ ဖြစ်ပါတယ်။ PwC ရဲ့ အကြိမ် ၂၀ မြောက် CEO စစ်တမ်းတွေ အရလည်း လိုအပ်နေတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ဒီဂျစ်တယ် ပညာရှင်တွေ ငှားရမ်းခန့်အပ်နိုင်ဖို့က ခက်ခဲကြောင်း APAC ဒေသက CEO ၅၀% ကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီလို ကျွမ်းကျင်ပညာရှင် လိုအပ်နေမှုကို ဆန့်ကျင်တိုက်ဖျက်နိုင်ဖို့နဲ့ လက်ရှိအချိန်မှာ COVID-19 ကြောင့် ဖြစ်လာတဲ့ သင်ကြားရေးစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် Huawei ဟာ အဝေးရောက်သင်ယူမှုတွေ အဆင်ပြေ လွယ်ကူစေပြီး နည်းပညာအရည်အချင်းတွေကို မြှင့်တင်ပေးနိုင်မယ့် ရှေ့ပြေးအစီအစဉ်များကို အာရှပစိဖိတ်ဒေသမှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။

Cloud ဖြင့် သင်ကြားခြင်း

Huawei ဟာ e-learning နည်းနဲ့ သင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက်ရော ကျွမ်းကျင်ပညာရှင်တွေ အတွက်ပါ ချိတ်ဆက်မှုတွေ ပံ့ပိုးပြီး အကူအညီပေးနေပါတယ်။ အဝေးရောက်သင်ယူမှုတွေ အဆင်ပြေစေဖို့နဲ့ ဒီဂျစ်တယ် Solution တွေ ပေးနိုင်ဖို့အတွက် ကျွန်တော်တို့တွေဟာ ဘင်္ဂလားဒေ့ရှ်မှာ UNESCO၊ Bijoy Digital တို့နဲ့ မိတ်ဖက်အဖြစ် လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အင်ဒိုနီးရှားမှာလည်း အွန်လိုင်း သင်ကြားမှုဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တစ်ခုကို ပံ့ပိုးပေးနိုင်ဖို့အတွက် Huawei Cloud နဲ့ ULearning တို့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။

Cloud ပေါ်က AI ကျန်းမာရေးစောင့်ရှောက်မှု၊ Enterprise ဝန်ဆောင်မှုတွေနဲ့ အတူ ပညာရေးဟာလည်း COVID-19 တိုက်ဖျက်ရေးမှာ မိတ်ဖက်တွေကို အကူအညီပေးဖို့အတွက် လုပ်ငန်းအစီအစဉ် (Action plan ) အဖြစ် Huawei Cloud က မိတ်ဆက်ထားတဲ့ အခြေခံ ဝန်ဆောင်မှုကြီး သုံးရပ်မှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ သင်ကြားမှု၊ သင်ယူမှု လုပ်ငန်းစဉ်တွေ အပြတ်အတောက်မရှိ ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် ကျွန်တော်တို့ဟာ ဒီ ကပ်ရောဂါ ကာလအတွင်း ကျောင်းတွေကို အွန်လိုင်းသင်ကြားမှုဆုင်ရာ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မိတ်ဖက်များနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေကြား အသံ၊ ဗီဒီယိုနဲ့ Char room တွေက တဆင့် ချိတ်ဆက်ပြောဆိုနိုင်ဖို့ Cloud platform က အဝေးရောက် ပညာသင်ယူမှုစနစ်ကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ အွန်လိုင်း Tools တွေက သင်ရိုးညွှန်းတမ်းတွေရဲ့ ထိရောက်မှုကို မြှင့်တင်ပေးမှာ ဖြစ်သလို ဆရာဆရာမတွေကိုလည်း အဝေးရောက် ချိတ်ဆက်လုပ်ကိုင်မှုတွေ ပြုလုပ်နိုင်စေပြီး သင်ကြားရေးဆိုင်ရာ ကိရိယာတွေကို မျှဝေစေနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေကို ဒေတာအကူးအပြောင်းကြာချိန် (Latency) နည်းပါးတဲ့ HD VOD နဲ့ ကိုယ်တိုင် သင်ယူဖို့ အထောက်အကူပြုပေးမယ့် အပြင် Cloud ပလက်ဖောင်းက သင်ကြားရေးဆိုင်ရာ Content တွေ ပိုမို မြန်ဆန်စေဖို့၊ Online စာမေးပွဲတွေ စစ်ဆေးနိုင်စေဖို့နဲ့ သင်ကြားမှုရဲ့ တိုးတက်မှုကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်ဖို့ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများ

အစောပိုင်းက စင်္ကာပူမှာ ကျင်းပခဲ့တဲ့ Huawei Ecosystem Summit 2020 အခမ်းအနားမှာ စင်ကာပူဟာ COVID-19 အလွန် စီးပွားရေး နာလန်ထူရေးကို ဦးတည်လာတာနဲ့ အမျှ Huawei က ဆန်းသစ်တဲ့ Solution တွေကို ပူးပေါင်း ရှာဖွေမှုတွေ ပြုလုပ်ဖို့အတွက် ဒေသခံမိတ်ဖက်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အွန်လိုင်းက အခမဲ့ သင်တန်းပေါင်း ၁၅၀ ကျော် ပါဝင်တဲ့ Virtual AI Academy အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။ စင်္ကာပူနိုင်ငံအနေနဲ့ ယင်းရဲ့ ဒီဂျစ်တယ် အနာဂတ်အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီအစီအစဉ်ဟာ စင်္ကာပူ ICT ကျွမ်းကျင်ပညာရှင်တွေကို အရည်အသွေးမြှင့်တင်ပေးရေးနဲ့ SME ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး တွေကို အရှိန်အဟုန် မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

အခြားအာရှပစိဖိတ် နိုင်ငံတွေ ဖြစ်တဲ့ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း အလားတူ အစီအစဉ်တွေကို ကျင်းပနေပြီး နိုင်ငံအဆင့် ဒီဂျစ်တယ် ဂေဟစနစ်တွေကို တည်ဆောက်ဖို့အတွက် ICT သင်တန်း အရေအတွက် ထောင်ချီနဲ့ ကျွမ်းကျင် သင်ကြားနည်းပြသူပေါင်း ရာချီကိုလည်း ပံ့ပိုးပေးထားပါတယ်။ Huawei ရဲ့ အစီအစဉ်မှာ အဆင့်မြင့် သင်ကြားရေးဒီဇိုင်းနဲ့ ကမ္ဘာ့အဆင့် တက္ကသိုလ်ကြီးတွေအတွက် Huawei ICT အကယ်ဒမီ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းလည်း ပါဝင်ပါတယ်။ ပိုမိုအရေးကြီးတဲ့ ဆောင်ရွက်ချက်တွေအနေနဲ့ ကျောင်းသူကျောင်းသားတွေ အရည်အချင်း တည်ဆောက် မြှင့်တင်နိုင်ဖို့၊ သူတို့ အရည်အချင်းတွေအတွက် အသိအမှတ်ပြုခံရနိုင်ဖို့နဲ့ သူတို့ ရွေးချယ်တဲ့ နယ်ပယ်တွေထဲက အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိ ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ကျွန်တော်တို့က ICT ပြိုင်ပွဲတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပွဲတော်တွေကိုလည်း ဖန်တီးပေးပါတယ်။

Malaya တက္ကသိုလ် (UM) ဟာ မလေးရှားနိုင်ငံမှာ သက်တမ်းအကြာဆုံးနဲ့ စံချိန်စံနှုန်း အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ယင်းတက္ကသိုလ်ဟာ Huawei ရဲ့ အသိပညာကြွယ်ဝမှုကို အသုံးပြုပြီးတော့ သင်ကြားရေး ဆိုင်ရာ content တွေကို တိုးချဲ့တာ၊ ကျောင်းသားကျောင်းသူတွေရဲ့ ဗဟုသုတကို မြှင့်တင်ပြီး အရည်အချင်းကို တိုးတက်စေတာ စတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ၄ ကြိမ်မြောက် ကမ္ဘာ့အဆင့် Huawei ICT ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ UM တက္ကသိုလ်အသင်းဟာ နိုင်ငံပေါင်း ၃၀ ကျော်က တက္ကသိုလ်ပေါင်း ၆၅ ခုနဲ့ ယှဉ်ပြိုင်ပြီး ကွန်ရက်ပြိုင်ပွဲမှာ ပထမဆုကို ရရှိခဲ့ပါတယ်။

“မလေးရှားနိုင်ငံမှာရှိတဲ့ Huawei အာဆီယံ အကယ်ဒမီဟာ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ ICT ဖွံ့ဖြိုးမှုအပိုင်းမှာ အရေးကြီး အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အစဉ်အမြဲ ပြောင်းလဲနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အခင်းအကျင်းနဲ့ ကိုက်ညီမယ့် ICT အသိပညာတွေ အသေအချာ ရှိနေစေဖို့အတွက် ဒေသခံ ကျွမ်းကျင် ပညာရှင်တွေကို ပြုစုပျိုးထောင်ပေးဖို့ဟာ အရင်ကထက် များစွာ ပိုမို အရေးကြီးလာပါတယ်” လို့ မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် multimedia ဝန်ကြီး YB Dato Saifuddin Abdullah က ဆိုပါတယ်။

အရည်အချင်း ဖွံ့ဖြိုးတိုးတက်မှု

တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး နောက်ထပ် ငါးနှစ်အတွင်း ICT ကျွမ်းကျင်ပညာရှင် ဦးရေ ၂ သန်းကို လေ့ကျင့်ပျိုးထောင်ပြီး ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေအပေါ် လူထု နှစ်သက်မှု ပိုမိုများပြားလာစေဖို့ရည်ရွယ်ချက်နဲ့ ကျင်းပသွားမယ့် Huawei ICT အကယ်ဒမီအစီအစဉ် ၂.၀ ကို Huawei က ဒီနှစ်ထဲမှာ တရားဝင် ကြေညာခဲ့ပါတယ်။ Huawei က နောက်လာမယ့် ငါးနှစ်တာအတွင်း Huawei ICT အကယ်ဒမီ ဖွံ့ဖြိုးရေး ရန်ပုံငွေ (ADIF) အတွက် အနည်းဆုံး US ဒေါ်လာ သန်း ၅၀ ရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပါတယ်။

ဇူလိုင်လမှာ Huawei အင်ဒိုနီးရှားဟာ ပညာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ သဘောတူညီမှု စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ e-learning ပလက်ဖောင်းတွေ၊ ICT လေ့ကျင့်သင်ကြားမှုတွေ၊ ပြိုင်ပွဲတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် အလုပ်သင်အစီအစဉ်တွေနဲ့ သုတေသနအစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ဖြစ်ပါတယ်။

“ဒီဂျစ်တယ် စီးပွားရေးဟာ နိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်နေတဲ့ အရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ICT နယ်ပယ်ထဲမှာ ပညာပြည့်ဝတဲ့ လူသားရင်းမြစ်တွေ လိုအပ်နေမှုကို ပူးပေါင်းဆောင်ရွက်မှုက ဖြေရှင်းပေး နိုင်တာကြောင့် ဖြစ်ပါတယ်” လို့ အင်ဒိုနီးရှား ပညာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ၊ အဆင့်မြင့်ပညာရေး အထွေထွေ အမှုဆောင်ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ Ir. Nizam က ပြောကြားခဲ့ပါတယ်။ “ Huawei ရဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုဟာ တက္ကသိုလ်တွေရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အထောက်အကူပေးရုံတင် မကဘဲ အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့် ပညာရေးကဏ္ဍရဲ့ ကမ္ဘာ့အဆင့်မီ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ Huawei က ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးပြီး Huawei အသိအမှတ်ပြု သင်ကြားမှုတွေ ပြုလုပ်ပေးနိုင်တဲ့ မိတ်ဖက်တွေကိုလည်း ကမ္ဘာအနှံ့မှာ ထားရှိထားပါတယ်။ အကယ်ဒမီနဲ့ သင်ကြားလေ့ကျင့်ရေးဆိုင်ရာ မိတ်ဖက်တွေကတဆင့် ကျွန်တော်တို့ဟာ အသိအမှတ်ပြုလက်မှတ်က ပေးတဲ့ တန်ဖိုးကိုလည်း မြှင့်တင်နိုင်ပြီး ICT နယ်ပယ်အတွင်း အများအပြားလိုအပ်နေတဲ့ ကျွမ်းကျင် ပညာရှင်တွေကိုလည်း လေ့ကျင့်ပျိုးထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ လုပ်ငန်းနယ်ပယ်နဲ့ သက်ဆိုင်တဲ့ ကျွန်တော်တို့ရဲ့ အသိပညာတွေကို အကောင်းဆုံး အသုံးချပြီး ကျောင်းသားတွေကို သင်ကြားဖို့၊ အရည်အချင်းသစ်တွေ ရယူဖို့ ခွင့်ပြုပေးတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ Solutions တွေက တဆင့် Huawei အသိအမှတ်ပြုလက်မှတ်တွေကို ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းသားတွေ အနေနဲ့ အသိအမှတ်ပြုမှု ရရှိဖို့နဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ၊ မိတ်ဖက်တွေနဲ့ ကျွန်တော်တို့ Huawei ဆီမှာ တန်ဖိုးရှိတဲ့ အလုပ်အကိုင်တွေ အခိုင်အမာ ရရှိနိုင်စေဖို့အတွက် ICT ပြိုင်ပွဲတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

“ ရှေ့ဆက် ကြုံရမယ့် ကမ္ဘာကြီးကို ကျွန်တော်တို့ ပတ်ဝန်းကျင်က အရာအားလုံးနဲ့ ချိတ်ဆက်နိုင်မှု၊ အာရုံခံစား တုံ့ပြန်မှုတွေ ပြုလုပ်နိုင်မယ့် စက်ပစ္စည်းတွေက လွှမ်းမိုးထားမှာပါ။ ကျွန်တော်တို့ အခုဆောင်ရွက်နေတဲ့ ပညာရေးအစီအစဉ်တွေဟာ ကျွန်တော်တို့ရဲ့ လူမှုတာဝန်တွေ အပေါ် အလေးအနက်ထားမှုကို ထပ်မံ သက်သေထူနေရုံသာမက နောက်မျိုးဆက်သစ်ပညာရှင်တွေ အတွက်လည်း ဒီဂျစ်တယ်အခင်းအကျင်းကို ပုံဖော်နိုင်ဖို့၊ ကောင်းမွန်စွာ လမ်းကြောင်းဖော်ဆောင် သွားလာနိုင်ဖို့အတွက် ပြင်ဆင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ဒီအပေါ်မှာ မှီတည်နေပါတယ် “ လို့ ဆိုပါတယ်။