Huawei ရဲ့ နောက်ထပ် Mid-range သစ်ဟာ တရုတ်ရဲ့ TENAA မှာ တွေ့ရှိရပြန်ပြီဖြစ်ပါတယ်။ TENAA မှာတွေ့ရလို့ မော်ဒယ်နံပါတ်နဲ့ အချက်အလက်အချို့ကို သိရပေမယ့် ဒီ Device ဟာ Huawei ရဲ့ ဘယ်မော်ဒယ်၊ ဘယ်စီးရီးထဲကနေ ထွက်လာမလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

နောက်တစ်ချက်က Huawei device နဲ့ပတ်သက်တဲ့ ကိုးကားပြသစရာ ရုပ်ပုံလည်း တစ်ပုံတလေမှ မတွေ့ရတာ ပြဿနာ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်နံပါတ် AQM-AL10 နဲ့ Device ရဲ့ အချက်အလက်တွေကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

TENAA ကတစ်ဆင့် တွေ့မြင်ရတာကတော့ ဒီ Device ဟာ 6.3-inch OLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ FHD+ (2,400 x 1,800 pixels) resolution ရှိပြီး Selfie ကင်မရာက 16MP ဖြစ်တာကို တွေ့ရပါတယ်။ Chipset နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်သေးပေမယ့် ဒါဟာ Huawei ရဲ့ Kirin ကိုပဲ အသုံးပြုထားဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Octa-core CPU clock က 2.27GHz ဖြစ်ပါတယ်။ RAM ကတော့ 6GB နဲ့ 8GB နှစ်မျိုးဖြစ်တာကို တွေ့ရပါတယ်။ သိုလှောင်မှုပမာဏကလည်း 128GB နဲ့ 256GB နှစ်မျိုးတွေ့ရပါတယ်။ ကင်မရာပိုင်းပြောရရင်တော့ 48MP အဓိကကင်မရာကို 8MP နှစ်လုံးနဲ့ 2MP macro တစ်လုံးလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဘက်ထရီပမာဏက 3,900mAh ဖြစ်ပြီး 22.5W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါသေးတယ်။ Listing ထဲမှာတော့ Android 9 မောင်းနှင်ထားတာကိုတွေ့မြင်ရပါတယ်။

Ref: GSM Arena