[Zawgyi]

Huawei က ကိုယ္လက္လႈပ္ရွားမႈကို တုိင္းတာေပးတဲ့ Band 4 ကို မိတ္ဆက္လိုက္ပါတယ္။ စက္တင္ဘာလတုန္းက က်င္းပခဲ့တဲ့ Mate 30 Series Event မွာ ေၾကညာမယ္လို႔ထင္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ Huawei Band 4 မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေၾကညာခဲ့တဲ့ Honor Band 5i ရဲ႕ လုပ္ေဆာင္ခ်က္မ်ားစြာပါပါတယ္။

Huawei Band 4 မွာ ၀.၉၆ လက္မ 80×160 TFT Color Display နဲ႔ Apollo 3 Processor ပါလာပါတယ္။ Honor Band မွာလို စက္၀ိုင္းပံု Home Button မဟုတ္ဘဲ ေဆးေတာင့္ပံုကို Huawei Band 4 မွာ တပ္ဆင္ထားပါတယ္။ Sakura Pink, Graphite Black နဲ႔ Amber Sunrise စတဲ့ အေရာင္သံုးမ်ိဳး ထုတ္လုပ္ထားပါတယ္။ Huawei Watch Face Store က Watch Faces မ်ားစြာကို သံုးႏုိင္ပါတယ္။

TruSleep 2.0 က အိပ္စက္မႈ အေျခအေနကို တြက္ခ်က္ေပးနုိင္တဲ့အတြက္ သင့္ကို အိပ္ေရး၀ေစမွာပါ။ အိပ္ေနစဥ္မွာ သင့္ ႏွလံုးက်န္းမာေရးကို  တိုင္းတာေပးပါတယ္။ အိပ္စက္တာ ပံုမမွန္တဲ့ ပံုစံ ၆ မ်ိဳးကိုေစာင့္ၾကည့္ေပးႏုိင္ၿပီး အိပ္ေရး၀ေစဖို႔ အၾကံေပးပါတယ္။ ေျပးတာ၊ လမ္းေလွ်ာက္တာနဲ႔ စက္ဘီးစီးတာေတြကို တြက္ခ်က္ေပးၿပီး ကယ္လိုရီေလာင္ကြ်မ္းမႈကို ျပသေပးပါတယ္။ ဖုန္းနဲ႔ ႀကိဳးမဲ့ခ်ိတ္ဆက္ထားႏုိင္ၿပီး Calls, Messages ေတြ၀င္လာရင္ လက္ပတ္ကေန Notification ျပသေပးပါတယ္။

Huawei Band 4 မွာ 91mAh Battery ပါလာၿပီး Honor Band 5i မွာလို USB Plug တပ္ဆင္ထားတဲ့အတြက္ အားသြင္းႀကိဳးေတြ မလိုေတာ့ပါဘူး။ ၁ နာရီခြဲမွာ အားအျပည့္သြင္းႏုိင္ၿပီး ၉ ရက္ေတာင္ အသံုးခံတာက မိုက္ပါတယ္။ ေရအနက္ ၅၀ မီတာအထိ ၀တ္ဆင္ႏုိင္ပါတယ္။ ၁၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄ ေသာင္းေလာက္ပဲရွိပါတယ္။

Ref :  gizmochina

[Unicode]

မြန်မာငွေ ၄ သောင်းလောက်ပဲရှိတဲ့ Huawei Band 4 ကို ကြေညာ

Huawei က ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ Band 4 ကို မိတ်ဆက်လိုက်ပါတယ်။ စက်တင်ဘာလတုန်းက ကျင်းပခဲ့တဲ့ Mate 30 Series Event မှာ ကြေညာမယ်လို့ထင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ Huawei Band 4 မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့တဲ့ Honor Band 5i ရဲ့ လုပ်ဆောင်ချက်များစွာပါပါတယ်။

Huawei Band 4 မှာ ဝ.၉၆ လက်မ 80×160 TFT Color Display နဲ့ Apollo 3 Processor ပါလာပါတယ်။ Honor Band မှာလို စက်ဝိုင်းပုံ Home Button မဟုတ်ဘဲ ဆေးတောင့်ပုံကို Huawei Band 4 မှာ တပ်ဆင်ထားပါတယ်။ Sakura Pink, Graphite Black နဲ့ Amber Sunrise စတဲ့ အရောင်သုံးမျိုး ထုတ်လုပ်ထားပါတယ်။ Huawei Watch Face Store က Watch Faces များစွာကို သုံးနိုင်ပါတယ်။

TruSleep 2.0 က အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်တဲ့အတွက် သင့်ကို အိပ်ရေးဝစေမှာပါ။ အိပ်နေစဉ်မှာ သင့် နှလုံးကျန်းမာရေးကို တိုင်းတာပေးပါတယ်။ အိပ်စက်တာ ပုံမမှန်တဲ့ ပုံစံ ၆ မျိုးကိုစောင့်ကြည့်ပေးနိုင်ပြီး အိပ်ရေးဝစေဖို့ အကြံပေးပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာတွေကို တွက်ချက်ပေးပြီး ကယ်လိုရီလောင်ကျွမ်းမှုကို ပြသပေးပါတယ်။ ဖုန်းနဲ့ ကြိုးမဲ့ချိတ်ဆက်ထားနိုင်ပြီး Calls, Messages တွေဝင်လာရင် လက်ပတ်ကနေ Notification ပြသပေးပါတယ်။

Huawei Band 4 မှာ 91mAh Battery ပါလာပြီး Honor Band 5i မှာလို USB Plug တပ်ဆင်ထားတဲ့အတွက် အားသွင်းကြိုးတွေ မလိုတော့ပါဘူး။ ၁ နာရီခွဲမှာ အားအပြည့်သွင်းနိုင်ပြီး ၉ ရက်တောင် အသုံးခံတာက မိုက်ပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ ၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄ သောင်းလောက်ပဲရှိပါတယ်။

Ref : gizmochina