[Zawgyi]

မၾကာေသးခင္ရက္ပိုင္းကပဲ Huawei ဟာ Band 4 ကို မိတ္ဆက္ခဲ့ပါတယ္။ တ႐ုတ္နည္းပညာကုမၸဏီႀကီးဟာ စမတ္ဖုန္းေတြမွာတင္မကဘဲ Fitness tracker ေတြထုတ္လုပ္ေရာင္းခ်ရာမွာလည္း ေအာင္ျမင္တယ္လို႔ ဆိုရပါမယ္။ ျမန္မာေငြ ေလးေသာင္းဝန္းက်င္ေလာက္ရွိတဲ့ Band 4 ကလည္း လူႀကိဳက္မ်ားဦးမယ့္အလားအလာေကာင္းေတြ ျမင္ေတြ႕ေနရပါတယ္။

အခုေတာ့ တ႐ုတ္အေျခစိုက္ကုမၸဏီဟာ Band 4 တင္မကဘဲ ထပ္ၿပီးထုတ္ဦးမယ့္ Band 4 Pro အမ်ိဳးအစားရဲ႕ ဒီဇိုင္းပိုင္းနဲ႔ပတ္သက္ၿပီး သတင္းေပါက္ၾကားေနၿပီ ျဖစ္ပါတယ္။ လက္ရွိေပါက္ၾကားလာတဲ့ ႐ုပ္ပုံေတြအရ Band 4 Pro ဟာ ၿပီးခဲ့တဲ့ႏွစ္ကေၾကညာခဲ့တဲ့ Band 3 Pro နဲ႔ ဆင္တူတာကို ျမင္ေတြ႕ရပါတယ္။

Band 3 Pro ကေတာ့ Black, White နဲ႔ Blue ဆိုၿပီးအေရာင္သုံးမ်ိဳး ထြက္ခဲ့ေပမယ့္ Band 4 Pro ကေတာ့ Red, Pink နဲ႔ Black ဆိုတဲ့ အေရာင္သုံးမ်ိဳးနဲ႔ ထြက္လာမယ္လို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ Band 4 Pro နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကို မသိႏိုင္ေသးပါဘူး။

ခန႔္မွန္းရသေလာက္ေတာ့ Band 4 Pro ဟာ AMOLED display နဲ႔ျဖစ္ၿပီး ႏွလုံးခုန္မႈႀကိမ္ႏႈန္းေစာင့္ၾကည့္တဲ့ လုပ္ေဆာင္ခ်က္လည္း ပါဝင္မွာျဖစ္သလို ေရစိုခံမႈကလည္း မီတာ ၅၀ အထိ ျဖစ္လာႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က Vanilla Band 4 လိုမ်ိဳးပဲ USB-A connector နဲ႔ ထြက္လာဖြယ္ရွိတာပါ။ Band 3 Pro ကို ၿပီးခဲ့တဲ့ႏွစ္က ေအာက္တိုဘာလမွာ ေၾကညာခဲ့တာေၾကာင့္ Band 4 Pro ကို ေၾကညာဖို႔လည္း အခ်ိန္သိပ္မလိုေတာ့ဘူးလို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

Huawei Band 4 Pro ရဲ့ ဒီဇိုင်းပုံရိပ်အချို့ ပေါက်ကြားထွက်ပေါ်လာ

မကြာသေးခင်ရက်ပိုင်းကပဲ Huawei ဟာ Band 4 ကို မိတ်ဆက်ခဲ့ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ စမတ်ဖုန်းတွေမှာတင်မကဘဲ Fitness tracker တွေထုတ်လုပ်ရောင်းချရာမှာလည်း အောင်မြင်တယ်လို့ ဆိုရပါမယ်။ မြန်မာငွေ လေးသောင်းဝန်းကျင်လောက်ရှိတဲ့ Band 4 ကလည်း လူကြိုက်များဦးမယ့် အလားအလာကောင်းတွေ မြင်တွေ့နေရပါတယ်။

အခုတော့ တရုတ်အခြေစိုက်ကုမ္ပဏီဟာ Band 4 တင်မကဘဲ ထပ်ပြီးထုတ်ဦးမယ့် Band 4 Pro အမျိုးအစားရဲ့ ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး သတင်းပေါက်ကြားနေပြီ ဖြစ်ပါတယ်။ လက်ရှိပေါက်ကြားလာတဲ့ ရုပ်ပုံတွေအရ Band 4 Pro ဟာ ပြီးခဲ့တဲ့နှစ်ကကြေညာခဲ့တဲ့ Band 3 Pro နဲ့ ဆင်တူတာကို မြင်တွေ့ရပါတယ်။

Band 3 Pro ကတော့ Black, White နဲ့ Blue ဆိုပြီးအရောင်သုံးမျိုး ထွက်ခဲ့ပေမယ့် Band 4 Pro ကတော့ Red, Pink နဲ့ Black ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိတော့ Band 4 Pro နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိနိုင်သေးပါဘူး။

ခန့်မှန်းရသလောက်တော့ Band 4 Pro ဟာ AMOLED display နဲ့ဖြစ်ပြီး နှလုံးခုန်မှုကြိမ်နှုန်းစောင့်ကြည့်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်မှာဖြစ်သလို ရေစိုခံမှုကလည်း မီတာ ၅၀ အထိ ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က Vanilla Band 4 လိုမျိုးပဲ USB-A connector နဲ့ ထွက်လာဖွယ်ရှိတာပါ။ Band 3 Pro ကို ပြီးခဲ့တဲ့နှစ်က အောက်တိုဘာလမှာ ကြေညာခဲ့တာကြောင့် Band 4 Pro ကို ကြေညာဖို့လည်း အချိန်သိပ်မလိုတော့ဘူးလို့ ယူဆရပါတယ်။

Ref: GSM Arena