[Unicode]

Huawei က တရုတ်မှာ ကိုယ်လက်လှုပ်ရှားမှု တိုင်းတာပေးတဲ့ Band 4 Pro ကို Huawei Nova 6 Series ဖုန်းတွေနဲ့အတူ ကြေညာလိုက်ပါတယ်။ Band 4 Pro ဟာ အရင်မျိုးဆက် Band 4 ရဲ့ ဒီဇိုင်းနဲ့ တူညီပြီး လက်ပတ်ကို ဖြုတ်လဲနိုင်ပါတယ်။ လက်ရှိမှာ တရုတ်မှာပဲ ရောင်းပေးထားပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Huawei Band 4 Pro မှာ ဝ.၉၅ လက်မ AMOLED လေးထောင့်ပုံ Colour Touchscreen တပ်ဆင်ထားပြီး 240x120p Resolution ဖြစ်ပါတယ်။ သွေးတွင်း အောက်ဆီဂျင် ပမာဏ၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု အခြေအနေတွေကို တွက်ချက်ပေးနိုင်ပါတယ်။ GPS ပါတဲ့အတွက် တည်နေရာ လမ်းညွှန်မှုတွေ သုံးနိုင်ပါတယ်။ ရေအနက် ၅ မီတာအထိ ဝတ်ဆင်နိုင်ပြီး လေ့ကျင့်ခန်းလုပ်တာကို တွက်ချက်တိုင်းတာပေးနိုင်ပါတယ်။ အားကစား ပြုလုပ်ရင် လက်ပတ်က သင့်ကို လေ့ကျင့်သင်ကြားပေးနိုင်တာက ဆရာကျပါတယ်။

ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း အပါအဝင် အားကစား ၁၁ မျိုးကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ NFC ပါပြီး ငွေပေးချေမှုတွေ ပြုလုပ်နိုင်သလို ကားခ ၊ ရထားခတွေ ပေးချေနိုင်ပါတယ်။ Wallpaper အသစ်တွေနဲ့ Watch Face ၁၀ ခု ပါလာပါတယ်။ Display ရဲ့ အောက်မှာ ခလုတ် ၁ ခုထည့်သွင်းထားပြီး User Interface မှာ Navigate ပြုလုပ်နိုင်ပါတယ်။

Huawei က ၁ ခါအားအပြည့်သွင်းထားရင် ၁၂ ရက်တောင် အသုံးခံတယ်လို့ ပြောတဲ့အတွက် ဘက်ထရီ သက်တမ်းက တော်တော်လန်းပါတယ်။ လက်ပတ်ကြိုးမှ USB-A Port ကနေ အားသွင်းနိုင်ပါတယ်။ တရုတ်မှာ ၃၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈၅,၀၀၀ လောက်ရှိပါတယ်။ Black, Red နဲ့ Golden Pink အရောင် ၃ ခုထုတ်လုပ်ထားပါတယ်။

Ref : bgr

[Unicode]

ႏွလံုးခုန္ႏႈန္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈေတြကို တိုင္းတာေပးႏိုုင္တဲ့ Huawei Band 4 Pro ကို ေၾကညာ

Huawei က တရုတ္မွာ ကိုယ္လက္လႈပ္ရွားမႈ တိုင္းတာေပးတဲ့ Band 4 Pro ကို Huawei Nova 6 Series ဖုန္းေတြနဲ႔အတူ ေၾကညာလိုက္ပါတယ္။ Band 4 Pro ဟာ အရင္မ်ိဳးဆက္ Band 4 ရဲ႕ ဒီဇိုင္းနဲ႔ တူညီၿပီး လက္ပတ္ကို ျဖဳတ္လဲႏိုင္ပါတယ္။ လက္ရွိမွာ တရုတ္မွာပဲ ေရာင္းေပးထားၿပီး တျခား ႏိုင္ငံေတြမွာ ေရာင္းမယ့္ သတင္းကို မသိရေသးပါဘူး။

Huawei Band 4 Pro မွာ ၀.၉၅ လက္မ AMOLED ေလးေထာင့္ပံု Colour Touchscreen တပ္ဆင္ထားၿပီး 240x120p Resolution ျဖစ္ပါတယ္။ ေသြးတြင္း ေအာက္ဆီဂ်င္ ပမာဏ၊ ႏွလံုးခုန္ႏႈန္းနဲ႔ အိပ္စက္မႈ အေျခအေနေတြကို တြက္ခ်က္ေပးႏိုင္ပါတယ္။ GPS ပါတဲ့အတြက္ တည္ေနရာ လမ္းညႊန္မႈေတြ သံုးႏုိင္ပါတယ္။ ေရအနက္ ၅ မီတာအထိ ၀တ္ဆင္ႏုိင္ၿပီး ေလ့က်င့္ခန္းလုပ္တာကို တြက္ခ်က္တိုင္းတာေပးႏုိင္ပါတယ္။ အားကစား ျပဳလုပ္ရင္ လက္ပတ္က သင့္ကို ေလ့က်င့္သင္ၾကားေပးႏုိင္တာက ဆရာက်ပါတယ္။

ေျပးျခင္း၊ ေရကူးျခင္း၊ စက္ဘီးစီးျခင္း အပါအ၀င္ အားကစား ၁၁ မ်ိဳးကို တိုင္းတာတြက္ခ်က္ေပးႏုိင္ပါတယ္။ NFC ပါၿပီး ေငြေပးေခ်မႈေတြ ျပဳလုပ္ႏုိင္သလို ကားခ ၊ ရထားခေတြ ေပးေခ်ႏုိင္ပါတယ္။ Wallpaper အသစ္ေတြနဲ႔ Watch Face ၁၀ ခု ပါလာပါတယ္။ Display ရဲ႕ ေအာက္မွာ ခလုတ္ ၁ ခုထည့္သြင္းထားၿပီး User Interface မွာ Navigate ျပဳလုပ္ႏိုင္ပါတယ္။

Huawei က ၁ ခါအားအျပည့္သြင္းထားရင္ ၁၂ ရက္ေတာင္ အသံုးခံတယ္လို႔ ေျပာတဲ့အတြက္ ဘက္ထရီ သက္တမ္းက ေတာ္ေတာ္လန္းပါတယ္။ လက္ပတ္ႀကိဳးမွ USB-A Port ကေန အားသြင္းႏိုင္ပါတယ္။ တရုတ္မွာ ၃၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၈၅,၀၀၀ ေလာက္ရွိပါတယ္။ Black, Red နဲ႔ Golden Pink အေရာင္ ၃ ခုထုတ္လုပ္ထားပါတယ္။

Ref : bgr