[Unicode]

Huawei Band 4 ကို Flipkart မှာ စာရင်းတင်ထားပြီဖြစ်ပြီး မကြာခင်မှာ ရောင်းပေးတော့မှာပါ။ ၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သောင်းလောက်ပဲရှိပါတယ်။ Huawei Band 4 ရဲ့ ၀.၉၆ လက်မ 160x80p LCD မျက်နှာပြင်ကနေ Notification , Time , Date နဲ့ Fitness Data တွေကို ပြသပေးနိုင်ပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာတွေကို တွက်ချက်ပေးပြီး အိပ်စက်မှု အခြေအနေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တဲ့အတွက် ရေကူး၊ ရေငုပ်ရင် အိုကေပါတယ်။  Bluetooth 4.2 ကနေ iPhone , Android တွေနဲ့ချိတ်ဆက်ပြီး NFC ကနေ ငွေပေးချေတာတွေ ပြုလုပ်နိုင်ပါတယ်။ 91mAh ဘက်ထရီ ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်းက ၁ ပတ်ခံတဲ့အတွက် အတော်လန်းပါတယ်။ အားသွင်းဖို့အတွက် USB-A Port ပါပါတယ်။

Huawei Band 4 မှာ   Apollo 3 Processor ပါလာပါတယ်။ Honor Band မှာလို စက်ဝိုင်းပုံ Home Button မဟုတ်ဘဲ ဆေးတောင့်ပုံကို Huawei Band 4 မှာ တပ်ဆင်ထားပါတယ်။ Sakura Pink, Graphite Black နဲ့ Amber Sunrise စတဲ့ အရောင်သုံးမျိုး ထုတ်လုပ်ထားပါတယ်။ Huawei Watch Face Store က Watch Faces များစွာကို သုံးနိုင်ပါတယ်။

TruSleep 2.0  က အိပ်စက်တာ ပုံမမှန်တဲ့ ပုံစံ ၆ မျိုးကိုစောင့်ကြည့်ပေးနိုင်ပြီး အိပ်ရေးဝစေဖို့ အကြံပေးပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုကို ပြသပေးပါတယ်။ ဖုန်းနဲ့ ကြိုးမဲ့ချိတ်ဆက်ထားနိုင်ပြီး Calls, Messages တွေဝင်လာရင် လက်ပတ်ကနေ Notification ပြသပေးပါတယ်။  Huawei Band 4 မှာ   Honor Band 5i မှာလို USB Plug တပ်ဆင်ထားတဲ့အတွက် အားသွင်းကြိုးတွေ မလိုတော့ပါဘူး။

Ref :  gsmarena

[Zawgyi]

Huawei Band 4 ကို အိႏၵိယမွာ မၾကာခင္ ေရာင္းေတာ့မည္

Huawei Band 4 ကို Flipkart မွာ စာရင္းတင္ထားၿပီျဖစ္ၿပီး မၾကာခင္မွာ ေရာင္းေပးေတာ့မွာပါ။ ၁,၉၉၉ ႐ူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၄ ေသာင္းေလာက္ပဲရွိပါတယ္။ Huawei Band 4 ရဲ႕ ၀.၉၆ လက္မ 160x80p LCD မ်က္ႏွာျပင္ကေန Notification , Time , Date နဲ႔ Fitness Data ေတြကို ျပသေပးႏိုင္ပါတယ္။ ေျပးတာ၊ လမ္းေလွ်ာက္တာနဲ႔ စက္ဘီးစီးတာေတြကို တြက္ခ်က္ေပးၿပီး အိပ္စက္မႈ အေျခအေနကို ေစာင့္ၾကည့္ေပးႏိုင္ပါတယ္။

ေရအနက္ မီတာ ၅၀ အထိ ဝတ္ဆင္ႏိုင္တဲ့အတြက္ ေရကူး၊ ေရငုပ္ရင္ အိုေကပါတယ္။ Bluetooth 4.2 ကေန iPhone , Android ေတြနဲ႔ခ်ိတ္ဆက္ၿပီး NFC ကေန ေငြေပးေခ်တာေတြ ျပဳလုပ္ႏိုင္ပါတယ္။ 91mAh ဘက္ထရီ ထည့္သြင္းထားၿပီး ဘက္ထရီ သက္တမ္းက ၁ ပတ္ခံတဲ့အတြက္ အေတာ္လန္းပါတယ္။ အားသြင္းဖို႔အတြက္ USB-A Port ပါပါတယ္။

Huawei Band 4 မွာ Apollo 3 Processor ပါလာပါတယ္။ Honor Band မွာလို စက္ဝိုင္းပုံ Home Button မဟုတ္ဘဲ ေဆးေတာင့္ပုံကို Huawei Band 4 မွာ တပ္ဆင္ထားပါတယ္။ Sakura Pink, Graphite Black နဲ႔ Amber Sunrise စတဲ့ အေရာင္သုံးမ်ိဳး ထုတ္လုပ္ထားပါတယ္။ Huawei Watch Face Store က Watch Faces မ်ားစြာကို သုံးႏိုင္ပါတယ္။

TruSleep 2.0 က အိပ္စက္တာ ပုံမမွန္တဲ့ ပုံစံ ၆ မ်ိဳးကိုေစာင့္ၾကည့္ေပးႏိုင္ၿပီး အိပ္ေရးဝေစဖို႔ အႀကံေပးပါတယ္။ ကယ္လိုရီေလာင္ကြၽမ္းမႈကို ျပသေပးပါတယ္။ ဖုန္းနဲ႔ ႀကိဳးမဲ့ခ်ိတ္ဆက္ထားႏိုင္ၿပီး Calls, Messages ေတြဝင္လာရင္ လက္ပတ္ကေန Notification ျပသေပးပါတယ္။ Huawei Band 4 မွာ Honor Band 5i မွာလို USB Plug တပ္ဆင္ထားတဲ့အတြက္ အားသြင္းႀကိဳးေတြ မလိုေတာ့ပါဘူး။

Ref : gsmarena