သမိုင်းတစ်လျှောက် Huawei အတွက် ပထဆုံးအကြိမ်အဖြစ် ထိပ်တန်း အမှတ်တံဆိပ် ၁၀ခုစာရင်းတွင် ပါဝင်လာခြင်း ဖြစ်ပါသည်။
Huawei သည် ဗြိတိန်အခြေစိုက် ထိပ်တန်းကုန်ပစ္စည်း အမှတ်တံဆိပ်အတိုင်ပင်ခံကုမ္ပဏီဖြစ်သော Brand Finance မှ တန်ဖိုးအရှိဆုံးသော အမှတ်တံဆိပ် ၁၀ ခုထဲတွင် တစ်ခုဖြစ်ကြောင်း ပထမဆုံးအကြိမ်အနေဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။ မကြာသေးမီမှ ထုတ်ပြန်ထားသည့် Brand Finance Global 500 2020 report တွင် Huawei သည် ထိပ်တန်းအမှတ်တံဆိပ် ၁၀ ခု စာရင်းတွင် ဖော်ပြခံရသည့် တတိယမြောက်တရုတ်ကုမ္ပဏီဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅.၀၈၄ ဘီလီယံတန်ဖိုးရှိပြီး တစ်နှစ်လျှင် ၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဖော်ပြပါရှိပါသည်။
Brand Finance ၏ report ထဲတွင် “Huawei အနေဖြင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများ ကြီးစိုးထားသည့် ဈေးကွက်ထဲသို့ အောင်မြင်စွာလုပ်ငန်းတိုးချဲ့နိုင်ခဲ့ခြင်းဖြင့် 5G ကွန်ရက်လုပ်ငန်း အတွက် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာခဲ့စေပြီး ဆက်သွယ်ရေးလုပ်ငန်းအတွက် ပိုမို ကြီးမားတဲ့အခွင့်အလမ်း များကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အငြင်းပွားဖွယ်ရာ ပိတ်ဆို့တားဆီးမှုများ ပေါ်ထွက်လာသည့်ကြားထဲမှ Huawei သည် ယခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်မားဆုံးသော အမှတ်တံဆိပ် ၁၀ ခုတွင် အမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၅.၁ ဘီလီယံဖြင့် ပထဆုံးအကြိမ်ပါဝင်ခဲ့ပြီဖြစ်ပါသည်။” ဟုပြောကြားခဲ့ပါသည်။
စာရင်းတွင် ပါဝင်သောထိပ်တန်း ကုမ္ပဏီ ၅၀၀ တွင် ကုမ္ပဏီ ၂၀၅ခုမှာ အမေရိကန်လုပ်ငန်းများဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၄၅.၅ ရာခိုင်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၀.၅ ဘီလီယံဖြင့် ဦးဆောင်နေပြီး တရုတ်စီးပွားရေး လုပ်ငန်းစုများက ကုမ္ပဏီ ၇၀ (၁၈.၉ ရာခိုင်နှုန်းခန့်) နှင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၃.၄ ဘီလီယံဖြင့် ရပ်တည်နေပါသည်။
နည်းပညာကဏ္ဍသည် တန်ဖိုးအရှိဆုံး ကဏ္ဍအဖြစ် အာရုံစိုက်ခံရမှုကို ဆက်လက်ခံယူနေပြီး တန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ၅၀၀ အနက် ၄၆ ခု သို့မဟုတ် ၁၄ ရာခိုင်နှုန်းသည် နည်းပညာကဏ္ဍမှ ဖြစ်ပြီး စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၈၆.၅ ဘီလီယံ တန်ဖိုးရှိပါသည်။ Huawei သည် တန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ၁၀ ခုအနက်မှ တစ်ခုတည်းသော တရုတ်နည်းပညာအမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။
ယခုကဲ့သို့ Huawei အနေဖြင့် အမှတ်တံဆိပ်တန်ဖိုး တိုးတက်ခြင်းသည် အသုံးပြုသူများအတွေ့အကြုံကို အလေးထားခြင်း၊ ကုန်ပစ္စည်းယှဉ်ပြိုင်မှုတို့ကို အစဉ်အမြဲတိုးတက်အောင် ဆန်းသစ်တီထွင်မှုကိုပြုလုပ်နေခြင်းကြောင့်ဟု မှတ်ယူနိုင်ပါသည်။
၂၀၁၉ ခုနှစ်တွင် Huawei သည် စမတ်ဖုန်းအလုံး သန်း၂၄၀ ကို တင်ပို့နိုင်ခဲ့သည်ဟု ခန့်မှန်းခဲ့ရပြီး HUAWEI အနေနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါသည်။ HUAWEI Mate Series နှင့် HUAWEI P Series အမျိုးအစား၂ခုတည်းကို အလုံးရေ ၄၄ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး နှစ်စဉ်တိုးတက်မှု အားဖြင့် ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။ Huawei ၏ 5G စမတ်ဖုန်းများသည်လည်း ထိပ်တန်းနည်းပညာနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်များကြောင့် လူကြိုက်များ အသိအမှတ်ပြုခံခဲ့ရပြီး ၂၀၁၉ ဒီဇင်ဘာလအထိ ရရှိသော ကိန်းဂဏာန်းများအရ အလုံးရေ ၆.၉သန်းကျော်အထိ တင်ပို့ရောင်းချနိုင်ခဲ့သည်ဟု သိရပါသည်။
ပြီးခဲ့သည့်နှစ်က Huawei သည် အခြေအနေအားလုံး၏အတွေ့အကြုံများကို ပိုမိုကောင်းမွန်စွာ ခံစားနိုင်စေရန် ရည်ရွယ်ပြီး တက်ဘလက်များ၊ PC များ၊ ဝတ်ဆင်နိုင်သောပစ္စည်းများနှင့် IoT ပစ္စည်းများအစရှိသည့် အမျိုးအစား စုံလင်စွာပါဝင်သည့် ထုတ်ကုန်အသစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည့် HiLink ဂေဟစနစ်ကို မိတ်ဆက်ထုတ်လုပ်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်မြင်မှုများ ရရှိခဲ့ပါသည်။
“နောက် ၅နှစ်မှ ၁၀နှစ်တွင် Huawei သည် အခြေအနေအားလုံးတွင် အသုံးပြုနိုင်သည့် မဟာဗျုဟာကိုသာ ဦးစားပေးပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အသုံးပြုသူများကို အကောင်းဆုံးသော အတွေ့အကြုံများပေးနိုင်ရန်အတွက် တက်ဘလက်များ၊ VR ထုတ်ကုန်များ၊ ဝတ်ဆင်နိုင်သောပစ္စည်းများ၊ စမတ်မျက်နှာပြင်၊ စမတ်စပီကာ၊ ကားများနှင့် IoT ပစ္စည်းများကို စမတ်ဖုန်းနှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် ဂေဟစနစ်ကို တစိုက်မတ်မတ် ဖန်တီးသွားမည်’ ဟု Huawei Consumer Business Group မှ CEO ဖြစ်သူ Mr.Richard Yu က ပြောကြားခဲ့ပါသည်။
Ref : Huawei