[Zawgyi]

ျမန္မာႏိုင္ငံလုံးဆိုင္ရာ Cloud ႏွင့္ AI နည္းပညာၿပိဳင္ပြဲျဖစ္သည့္ Myanmar National Cloud & AI Contest ကို နည္းပညာနယ္ပယ္တြင္ အလားအလာရွိသူမ်ား ေမြးထုတ္ရန္ႏွင့္ ျမန္မာႏိုင္ငံကို AI ကမာၻႏွင့္ ခ်ိတ္ဆက္ေပးရန္ ရည္႐ြယ္ခ်က္ျဖင့္ ပထမဆုံးအႀကိမ္ ျပဳလုပ္က်င္းပသြားမည္ျဖစ္သည္။ အဆိုပါၿပိဳင္ပြဲကို Huawei Myanmar ၏ ကူညီေထာက္ပံ့မႈျဖင့္ ျမန္မာႏိုင္ငံပါေမာကၡခ်ဳပ္မ်ား ေကာ္မတီ၊ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္၊ ပညာေရးဝန္ႀကီးဌာနမွ သုေတသနႏွင့္ဆန္းသစ္တီထြင္မႈ ဦးစီး ဌာနတို႔ ပူးေပါင္းက်င္းပျခင္းျဖစ္သည္။

ႏိုင္ငံတဝန္းမွ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါဝင္ယွဥ္ၿပိဳင္ႏိုင္မည့္ Myanmar National Cloud & AI Contest ကို ဇူလိုင္လမွ စက္တင္ဘာလအထိ က်င္းပသြားမည္ျဖစ္သည္။ စာရင္းေပးသြင္းရမည့္ကာလကို ဇူလိုင္ ၅ ရက္ေန႔မွ ၾသဂုတ္ ၁၀ ရက္ေန႔အထိ သတ္မွတ္ထားၿပီး၊ ၿပိဳင္ပြဲဝင္အဖြဲ႕မ်ားအေနျဖင့္ ၾသဂုတ္လ ၂၅ ရက္ေန႔ ေနာက္ဆုံးထားကာ ၿပိဳင္ပြဲဝင္ Cloud နဲ႔ AI နည္းပညာ Solutions ေပးပို႔ရမည္ျဖစ္သည္။

စကာတင္အဆင့္ ၿပိဳင္ပြဲ ဝင္အဖြဲ႕ ၁၀ ဖြဲ႕၏ အမည္စာရင္းကို ၾသဂုတ္လကုန္တြင္ ေၾကညာသြားမည္ျဖစ္ကာ ၿပိဳင္ပြဲဝင္အဖြဲ႕ဝင္ လက္ေတြ႕သ႐ုပ္ျပယွဥ္ၿပိဳင္ျခင္းႏွင့္ ဆုေ႐ြးခ်ယ္ေပးအပ္ျခင္း အခမ္းအနားကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၇ ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္သည္။ စိုက္ပ်ိဳးေရး၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ အျခားစီးပြားေရးလုပ္ငန္းမ်ား စသျဖင့္ ႀကိဳက္ႏွစ္သက္ရာက႑အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ၿပီး၊ ၿပိဳင္ပြဲဝင္ Solutions မ်ားကို Windows၊ Linux၊ Android၊ iOS ႏွင့္ အျခားသင့္ေလ်ာ္သည့္ OS မ်ားအသုံးျပဳကာ အဂၤလိပ္ ဘာသာျဖင့္ ျဖစ္ေစ၊ ျမန္မာဘာသာျဖင့္ျဖစ္ေစ ေရးသားႏိုင္သည္။

Myanmar National Cloud & AI Contest ၿပိဳင္ပြဲ ျဖစ္ေျမာက္ေရးအတြက္ ျပည္တြင္းမွ CDSG၊ CMHL၊ IKBZ၊ ၊ MIT၊ VANGUARD ႏွင့္ Information Matrix စသည့္ စီးပြားေရးလုပ္ငန္းႀကီးမ်ားကလည္း အားျဖည့္ကူညီေပးထားသည္။ ဒူဝံ မီဒီယာကလည္း ပြဲစဥ္တစ္ခုလုံးအတြက္ သီးသန႔္စာနယ္ဇင္းမိတ္ဖက္အျဖစ္ ေဆာင္႐ြက္သြားမည္ျဖစ္သည္။

ယခုၿပိဳင္ပြဲမွ နည္းပညာအလားအလာရွိသူမ်ားကို ေမြးထုတ္ေပးျခင္းျဖင့္ ျမန္မာ့သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ (ICT) က႑ကို ျမႇင့္တင္ေပးႏိုင္မည္ျဖစ္သည္။ ေနာက္ဆုံးေပၚ နည္းပညာသစ္မ်ား ျဖစ္သည့္ IoT၊ 5G၊ cloud ႏွင့္ AI တို႔ေၾကာင့္ ကမာၻအဝန္းရွိ အစိုးရဌာနမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ား၏ ဒစ္ဂ်စ္ တယ္အသြင္ကူးေျပာင္းမႈမ်ား ပိုမိုလ်င္ျမန္လာခဲ့သည္။ ၎နည္းပညာသစ္မ်ား အသုံးျပဳျခင္းျဖင့္ သမား႐ိုးက် IT နည္းပညာအဆင့္မ်ားကို ျဖတ္ေက်ာ္ကာ အရွိန္အဟုန္ျဖင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ႏိုင္မည္ျဖစ္သည္။

Huawei Myanmar ၏ CEO ျဖစ္သူ Mr. Ding Zhaoyi က “ဒီေန႔ေခတ္ စီးပြားေရးလုပ္ငန္းအမ်ားစုဟာ AI နဲ႔ Cloud နည္းပညာေၾကာင့္ ပိုၿပီးဖြံ႕ၿဖိဳးတိုးတက္လာၾကပါတယ္။ ဒီေနာက္ဆုံးေပၚနည္းပညာေတြက စီးပြားေရးလုပ္ ငန္းနယ္ပယ္အသီးသီးရဲ႕ လုပ္ငန္းလည္ပတ္ႏိုင္မႈနဲ႔ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ စီးပြားေရးလုပ္ ငန္းေတြနဲ႔ လူအဖြဲ႕အစည္းအတြက္ အဓိကဝန္ေဆာင္မႈလုပ္ငန္းေတြမွာ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ အလိုအေလ်ာက္ လုပ္ငန္းလည္ပတ္ႏိုင္မႈစြမ္းရည္ေတြ ပိုၿပီးအားေကာင္းလာေစဖို႔ AI နည္းပညာကို ပိုၿပီးမွီခိုလာလိမ့္မယ္လို႔ AI နဲ႔ Machine Learning နည္းပညာကြၽမ္းက်င္သူေတြက ခန႔္မွန္းထားၾကပါတယ္။ ကမာၻ႔ဦးေဆာင္ ICT ကုမၸဏီတစ္ခု ျဖစ္တာနဲ႔အညီ Huawei က မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔အတူ ပူးေပါင္းၿပီး AI နဲ႔ cloud နည္းပညာ မ်ိဳးဆက္သစ္ ေတြကို ေျမေတာင္ေျမႇာက္ေပးသြားမွာပါ။ အတူတကြပူးေပါင္းေဆာင္႐ြက္ျခင္းကေန Huawei ရဲ႕ ကတိကဝတ္ ျဖစ္တဲ့ အျပည့္အဝခ်ိတ္ဆက္ၿပီး အသိဉာဏ္ျမင့္ကမာၻႀကီးတည္ေဆာက္ေရးဆိုတာနဲ႔အညီ ျမန္မာႏိုင္ငံရဲ႕ ICT က႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဒီၿပိဳင္ပြဲက အက်ိဳးသက္ေရာက္မႈေကာင္းေတြေပးစြမ္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါ တယ္” ဟု ေျပာၾကားသည္။

Mr. Qi Zhengyu, Director of Cloud Department,

“ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးေသာ Cloud နဲ႔ AI နည္းပညာၿပိဳင္ပြဲကို ပူးေပါင္းစီစဥ္က်င္းပခြင့္ရတဲ့အတြက္ ကြၽန္ေတာ္ တို႔အေနနဲ႔လည္း တကယ္ပဲစိတ္လႈပ္ရွားပါတယ္။ ဒီၿပိဳင္ပြဲဟာ အနာဂတ္ ICT က႑ကို ပိုၿပီးေတာက္ေျပာင္ေစမဲ့ လမ္းေၾကာင္းတစ္ခုျဖစ္လာမယ္လို႔လည္း ယုံၾကည္ပါတယ္။ ၂၀၁၇ ခုႏွစ္ကစၿပီး၊ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီက Huawei နဲ႔ပူးေပါင္းၿပီး၊ အလားအလာရွိတဲ့ ICT ပညာရွင္ေက်ာင္းသားေက်ာင္းသူေတြ ေမြးထုတ္ေပးဖို႔ ေဆာင္ ႐ြက္ေနတဲ့အစီအစဥ္ေတြလည္း ရွိပါတယ္။ ျမန္မာႏိုင္ငံကို AI ေလာကနဲ႔ ေပါင္းကူးေပးမယ့္ အခုလိုမ်ိဳးၿပိဳင္ပြဲကို Huawei နဲ႔ တကြ အျခားေသာမိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ လက္တြဲၿပီး က်င္းပေပးႏိုင္တဲ့အတြက္ ဝမ္းေျမာက္မိ ပါတယ္” ဟု ျမန္မာႏိုင္ငံပါေမာကၡခ်ဳပ္မ်ားေကာ္မတီဥကၠဌျဖစ္သူ ေဒါက္တာ ေဇာ္ေဝစိုးက ေျပာၾကားသည္။

Dr. Zaw Wai Soe, Chairman of Rectors’ Committee

Myanmar National Cloud & AI Contest ႏွင့္ ပတ္သက္၍ ပိုမိုျပည့္စုံစြာ သိရွိလိုပါက Huawei Myanmar Facebook စာမ်က္ႏွာ https://www.facebook.com/huaweitechmm/ ၊ ပင္မစာမ်က္ႏွာ https://intl.huawei cloud.com တို႔တြင္ ဝင္ေရာက္ေလ့လာၾကည့္ရႈႏိုင္ပါသည္။

[Unicode]

ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲဖြစ်သည့် Myanmar National Cloud & AI Contest ကို နည်းပညာနယ်ပယ်တွင် အလားအလာရှိသူများ မွေးထုတ်ရန်နှင့် မြန်မာနိုင်ငံကို AI ကမ္ဘာနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို Huawei Myanmar ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံပါမောက္ခချုပ်များ ကော်မတီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပညာရေးဝန်ကြီးဌာနမှ သုတေသနနှင့်ဆန်းသစ်တီထွင်မှု ဦးစီး ဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

နိုင်ငံတဝန်းမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည့် Myanmar National Cloud & AI Contest ကို ဇူလိုင်လမှ စက်တင်ဘာလအထိ ကျင်းပသွားမည်ဖြစ်သည်။ စာရင်းပေးသွင်းရမည့်ကာလကို ဇူလိုင် ၅ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့အထိ သတ်မှတ်ထားပြီး၊ ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြိုင်ပွဲဝင် Cloud နဲ့ AI နည်းပညာ Solutions ပေးပို့ရမည်ဖြစ်သည်။

စကာတင်အဆင့် ပြိုင်ပွဲ ဝင်အဖွဲ့ ၁၀ ဖွဲ့၏ အမည်စာရင်းကို သြဂုတ်လကုန်တွင် ကြေညာသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အဖွဲ့ဝင် လက်တွေ့သရုပ်ပြယှဉ်ပြိုင်ခြင်းနှင့် ဆုရွေးချယ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားစီးပွားရေးလုပ်ငန်းများ စသဖြင့် ကြိုက်နှစ်သက်ရာကဏ္ဍအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲဝင် Solutions များကို Windows၊ Linux၊ Android၊ iOS နှင့် အခြားသင့်လျော်သည့် OS များအသုံးပြုကာ အင်္ဂလိပ် ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ ရေးသားနိုင်သည်။

Myanmar National Cloud & AI Contest ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ပြည်တွင်းမှ CDSG၊ CMHL၊ IKBZ၊ ၊ MIT၊ VANGUARD နှင့် Information Matrix စသည့် စီးပွားရေးလုပ်ငန်းကြီးများကလည်း အားဖြည့်ကူညီပေးထားသည်။ ဒူဝံ မီဒီယာကလည်း ပွဲစဉ်တစ်ခုလုံးအတွက် သီးသန့်စာနယ်ဇင်းမိတ်ဖက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုပြိုင်ပွဲမှ နည်းပညာအလားအလာရှိသူများကို မွေးထုတ်ပေးခြင်းဖြင့် မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ နောက်ဆုံးပေါ် နည်းပညာသစ်များ ဖြစ်သည့် IoT၊ 5G၊ cloud နှင့် AI တို့ကြောင့် ကမ္ဘာအဝန်းရှိ အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းမှုများ ပိုမိုလျင်မြန်လာခဲ့သည်။ ၎င်းနည်းပညာသစ်များ အသုံးပြုခြင်းဖြင့် သမားရိုးကျ IT နည်းပညာအဆင့်များကို ဖြတ်ကျော်ကာ အရှိန်အဟုန်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က “ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းအများစုဟာ AI နဲ့ Cloud နည်းပညာကြောင့် ပိုပြီးဖွံ့ဖြိုးတိုးတက်လာကြပါတယ်။ ဒီနောက်ဆုံးပေါ်နည်းပညာတွေက စီးပွားရေးလုပ် ငန်းနယ်ပယ်အသီးသီးရဲ့ လုပ်ငန်းလည်ပတ်နိုင်မှုနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ စီးပွားရေးလုပ် ငန်းတွေနဲ့ လူအဖွဲ့အစည်းအတွက် အဓိကဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလိုအလျောက် လုပ်ငန်းလည်ပတ်နိုင်မှုစွမ်းရည်တွေ ပိုပြီးအားကောင်းလာစေဖို့ AI နည်းပညာကို ပိုပြီးမှီခိုလာလိမ့်မယ်လို့ AI နဲ့ Machine Learning နည်းပညာကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ကမ္ဘာ့ဦးဆောင် ICT ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ Huawei က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး AI နဲ့ cloud နည်းပညာ မျိုးဆက်သစ် တွေကို မြေတောင်မြှောက်ပေးသွားမှာပါ။ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းကနေ Huawei ရဲ့ ကတိကဝတ် ဖြစ်တဲ့ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်ကမ္ဘာကြီးတည်ဆောက်ရေးဆိုတာနဲ့အညီ မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီပြိုင်ပွဲက အကျိုးသက်ရောက်မှုကောင်းတွေပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါ တယ်” ဟု ပြောကြားသည်။

Mr. Qi Zhengyu, Director of Cloud Department

“မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Cloud နဲ့ AI နည်းပညာပြိုင်ပွဲကို ပူးပေါင်းစီစဉ်ကျင်းပခွင့်ရတဲ့အတွက် ကျွန်တော် တို့အနေနဲ့လည်း တကယ်ပဲစိတ်လှုပ်ရှားပါတယ်။ ဒီပြိုင်ပွဲဟာ အနာဂတ် ICT ကဏ္ဍကို ပိုပြီးတောက်ပြောင်စေမဲ့ လမ်းကြောင်းတစ်ခုဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး၊ ပါမောက္ခချုပ်များကော်မတီက Huawei နဲ့ပူးပေါင်းပြီး၊ အလားအလာရှိတဲ့ ICT ပညာရှင်ကျောင်းသားကျောင်းသူတွေ မွေးထုတ်ပေးဖို့ ဆောင် ရွက်နေတဲ့အစီအစဉ်တွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံကို AI လောကနဲ့ ပေါင်းကူးပေးမယ့် အခုလိုမျိုးပြိုင်ပွဲကို Huawei နဲ့ တကွ အခြားသောမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကျင်းပပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိ ပါတယ်” ဟု မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီဥက္ကဌဖြစ်သူ ဒေါက်တာ ဇော်ဝေစိုးက ပြောကြားသည်။

Dr. Zaw Wai Soe, Chairman of Rectors’ Committee

Myanmar National Cloud & AI Contest နှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ သိရှိလိုပါက Huawei Myanmar Facebook စာမျက်နှာ https://www.facebook.com/huaweitechmm/ ၊ ပင်မစာမျက်နှာ https://intl.huawei cloud.com တို့တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။