[Zawgyi]

Huawei ႏွင့္ တ႐ုတ္ႏိုင္ငံ၏ ဗြီဒီယိုအေတြ႕အႀကဳံစံႏႈန္း သတ္မွတ္ေရးလုပ္ငန္းအဖြဲ႕အစည္းျဖစ္သည့္ Video Experience Alliance တို႔ ပူးေပါင္းကာ Cloud VR ဝန္ေဆာင္မႈမ်ားအတြက္ပထမဆုံးအႀကိမ္ Cloud VR သုံးစြဲသူအေတြ႕အႀကဳံႏွင့္ အကဲျဖတ္ျခင္း အဆိုျပဳ စာတမ္းကို မၾကာေသးမီက ထုတ္ျပန္ခဲ့သည္။ ၎အဆိုျပဳခ်က္စာ တမ္းထုတ္ျပန္ျခင္းသည္ နယ္ပယ္တြင္းစံႏႈန္းသတ္မွတ္မႈကို အရွိန္ျမင့္လာေစၿပီး VR ultra-HD ဗီဒီယိုဝန္ေဆာင္မႈမ်ားတြင္ အေကာင္းဆုံးအေတြ႕အႀကဳံမ်ား ေဆာင္ယူ လာေပးရန္ အေျခခံအုတ္ျမစ္တစ္ခုကိုလည္း ျဖစ္လာေစသည္။ အဆိုျပဳခ်က္စာတမ္းတြင္ Cloud VR သုံးစြဲသူ အေတြ႕အႀကဳံပုံစံ ႏွင့္ Cloud VR ဝန္ေဆာင္မႈအကဲျဖတ္ျခင္း အေျခခံစည္းမ်ဥ္းမ်ားဟူ၍ အဓိက အပိုင္း (၂)ပိုင္း ပါဝင္သည္။ ၎အဆိုျပဳလႊာသည္ Cloud VR ဝန္ေဆာင္မႈအရည္ အေသြးကိုအကဲျဖတ္တိုင္းတာႏိုင္ရန္ ဝန္ေဆာင္မႈ အစိတ္အပိုင္းမ်ား၏ လုပ္ေဆာင္ခ်က္ႏွင့္အကဲျဖတ္ျခင္းလုပ္ငန္း စဥ္မ်ားကို စံသတ္မွတ္ေပးသည္။ ထို႔အျပင္ ၎သည္ Cloud VR ဝန္ေဆာင္မႈအရည္အေသြးမ်ားအား တိုင္းတာႏိုင္ေစရန္ႏွင့္ အကဲျဖတ္ႏိုင္ေစရန္ လုပ္ေပးျခင္း အားျဖင့္ လုပ္ငန္းနယ္ပယ္တြင္း Cloud VR စံႏႈန္းသတ္မွတ္ျခင္းကို ျမႇင့္တင္ေပးကာ သုံးစြဲသူမ်ားအတြက္ အရည္အေသြးျမင့္ဝန္ေဆာင္မႈအေတြ႕အႀကဳံမ်ားေပးအပ္ႏိုင္ေစမည္ ျဖစ္သည္။

5G၊ Wi-Fi6၊ cloud rendering ကဲ့သို႔ အေရးပါသည့္နည္းပညာမ်ား အရွိန္အဟုန္ျဖင့္ အျပည့္အဝဖြံ႕ၿဖိဳးလာသည္ႏွင့္အမွ် Cloud VR နယ္ပယ္သည္လည္း လွ်င္ျမန္စြာတိုးတက္လာၿပီး စီးပြားေရးစတင္ဖြံ႕ၿဖိဳးသည့္ကာလအပိုင္းအျခားတြင္ ဝန္ေဆာင္မႈသုံးစြဲမႈပုံစံမ်ိဳးစုံကို စတင္ျမင္ေတြ႕လာသည္။ ဦးေဆာင္ေအာ္ပေရတာမ်ားက စီးပြားေရးအရ Cloud VR အသုံးျပဳျခင္းကို အေသးစားစမ္းသပ္မႈမ်ားျဖင့္ စတင္ေနၿပီျဖစ္သည္။ သို႔ရာတြင္ ေရာင္းခ်သူမ်ားအၾကား လုပ္ငန္း သတ္မွတ္ခ်က္မ်ားႏွင့္ ထုတ္ကုန္တည္ေဆာက္ေရးနည္းလမ္းမ်ား ကြဲျပားေနျခင္း၊ အျပန္အလွန္စနစ္ေပါင္းစည္းမႈ ခက္ခဲျခင္း ႏွင့္ သုံးစြဲသူအေတြ႕အႀကဳံမ်ား အားအကန႔္အသတ္ထားရွိျခင္းကဲ့သို႔ အခက္အခဲမ်ားေၾကာင့္ အသုံးျပဳသူ ၁၀,၀၀၀ ေက်ာ္အတြက္ စီးပြာေရးျဖစ္ အသုံးျပဳႏိုင္ေရးခ်ဲ႕ထြင္ရာတြင္ စိန္ေခၚမႈမ်ားႀကဳံေတြ႕ေနရဆဲျဖစ္သည္။

မတူညီသည့္ေရာင္းခ်သူမ်ားမွပံ့ပိုးေသာ နည္းပညာမ်ားသည္ encoding၊ latency ႏွင့္ positioning precision ပိုင္းမ်ားတြင္ မ်ားစြာကြဲျပားမႈရွိျခင္းသည္ ႐ုပ္ပိုင္းဆိုင္ရာအရည္အေသြး၊ ဗီဒီယိုပိုင္းဆိုင္ရာအဆင္ေျပေခ်ာေမြ႕မႈ၊ အျပန္အလွန္ႏွင့္စူးစိုက္ျခင္းဆိုင္ရာအေတြ႕အႀကဳံမ်ားကိုအက်ိဳးသက္ေရာက္ေစေသာေၾကာင့္ Cloud VR အသုံးျပဳမႈ တြင္က်ယ္လာေစရန္ ႀကီးမားေသာအဟန႔္အတားျဖစ္ေနသည္။ အဆိုပါစိန္ေခၚမႈမ်ား ကို ေျဖရွင္းရန္ ႏွင့္ အရည္ အေသြးျမင့္ Cloud VR ဝန္ေဆာင္မႈအေတြ႕အႀကဳံမ်ား အျပည့္အဝေပးအပ္ႏိုင္ရန္ VR နယ္ပယ္တစ္ခုလုံးအတြက္ ၿပီးျပည့္စုံေသာသတ္မွတ္ခ်က္မ်ားႏွင့္ စမ္းသပ္ေရးစံႏႈန္းျပစနစ္မ်ား သတ္မွတ္ရန္ လိုအပ္လာသည္။

Huawei ၏ လႈိင္းအလ်ားက်ယ္ကြန္ရက္တီထြင္ျခင္းလက္ေတြ႕စမ္းသပ္ခန္း iLab က Cloud VR သုံးစြဲသူအေတြ႕ အႀကဳံႏွင့္ ရည္မွန္းခ်က္ၫႊန္ျပကိန္းမ်ား၊ ရလဒ္အေရအတြက္ကို အကဲျဖတ္ႏိုင္မည့္လုပ္ေဆာင္ခ်က္ မ်ား၊ မွ်မွ်တတ အကဲျဖတ္ျခင္းနည္းလမ္း မ်ား၊ အစိတ္အပိုင္းမ်ားကို ပယ္ထုတ္ျခင္းအတြက္ အကဲျဖတ္ျခင္းလုပ္ငန္း စဥ္မ်ား၊ အခ်က္အလက္ခြဲျခမ္းစိတ္ျဖာျခင္းမ်ား၊ နမူနာေဒတာရယူျခင္း ႏွင့္ အဆင္ေျပသည့္ algorithm ရွာေဖြျခင္း တို႔အား ဆက္စပ္ေပးမည့္ သုေတသနတစ္ခုကို ေဆာင္႐ြက္ခဲ့သည္။

အဆိုျပဳခ်က္စာတမ္းတြင္ ေဖာ္ျပထားသည့္ Cloud VR သုံးစြဲသူအေတြ႕အႀကဳံပုံစံငယ္တြင္ အေတြ႕အႀကဳံ (၂) မ်ိဳး (စူးစိုက္ျခင္းအေတြ႕အႀကဳံႏွင့္ အျပန္အလွန္အေတြ႕အႀကဳံ)၊ အရည္အေသြးကိုၫႊန္းဆိုသည့္အခ်က္ (၄)ခု (ပါဝင္ သည့္အေၾကာင္းအရာ၏အရည္အေသြး၊ျပသမႈ အရည္အေသြး၊ လုပ္ငန္းေဆာင္႐ြက္မႈအရည္အေသြး ႏွင့္ တုန႔္ျပန္ မႈ အရည္အေသြး) ႏွင့္ frame freezing၊ artifacts၊ delay ႏွင့္ black borders တို႔ အပါအဝင္ အခ်က္အလက္ ၁၅ ခ်က္ ပါဝင္သည္။ Cloud VR အကဲျဖတ္ျခင္းအေျခခံစည္းမ်ဥ္းတြင္ မွ်မွ်တတ အကဲျဖတ္ျခင္းအခ်က္အလက္ ၁၉၂ ခု၊ အကဲျဖတ္ျခင္းနည္းလမ္းမ်ားႏွင့္ အကဲျဖတ္ျခင္းကိရိယာမ်ား ပါဝင္သည္။ ၎အားျဖင့္ သုံးစြဲသူအေတြ႕အႀကဳံ ျပႆနာမ်ားကို ေျဖရွင္းရန္ႏွင့္ တိုးတက္ေစရန္ ေအာ္ပေရတာမ်ားက Cloud VR ဝန္ေဆာင္မႈမ်ား၊ VR ultra-HD ဗီဒီယိုဝန္ေဆာင္မႈမ်ား၊ VR terminals မ်ား၊ positioning suites၊ ကြန္ရက္ အရည္အေသြး ႏွင့္ the cloud rendering platform တို႔၏ ေဒတာကိုစုေဆာင္းၿပီး လုပ္ေဆာင္ခ်က္ ႏွင့္ စြမ္းေဆာင္ရည္မ်ားကို အကဲျဖတ္ လုပ္ေဆာင္ေပးႏိုင္သည္။

Huawei’s Strategy Department ၏ ဥကၠဌ Mr. Will Zhang က “အခုလို Cloud VR သုံးစြဲသူအေတြ႕အႀကဳံႏွင့္ အကဲျဖတ္ျခင္း အဆိုျပဳခ်က္စာတမ္း ထုတ္ျပန္ေၾကညာတာနဲ႔အတူ အကဲျဖတ္နည္းစနစ္ေတြတိုးတက္လာဖို႔၊ မွ်တစြာအကဲျဖတ္ေပးႏိုင္မယ့္ကိရိယာေတြတည္ေဆာက္ဖို႔၊ စီမံခ်က္အျပည့္အစုံနဲ႔ နယ္ပယ္ရဲ႕ျပႆနာရွိေနတဲ့ ေနရာေတြကို ေပါင္းကူးေပးမယ့္ လက္ခံႏိုင္မႈစံႏႈန္းေတြ တည္ေထာင္ဖို႔၊ Cloud VR terminals ေတြနဲ႔ platforms ေတြၾကားမွာ ေခ်ာေမြ႕တဲ့ဆက္သြယ္မႈစနစ္ေတြကို ျမႇင့္တင္ဖို႔၊ သာယာဝေျပာတဲ့နယ္ပယ္တြင္းေဂဟစနစ္တစ္ခု ျဖစ္ထြန္းလာဖို႔ Huawei က လုပ္ငန္းေတြနဲ႔ ဆက္လက္ပူးေပါင္းသြားလိုပါတယ္။” ဟု ေျပာၾကားသည္။

Huawei က VR နယ္ပယ္တိုးတက္လာေစရန္ ဦးတည္ခ်က္ထားေဆာင္႐ြက္ေပးခဲ့ၿပီး VR ကို စီးပြားေရးအရ တြဲဖက္အသုံးျပဳေရးကိစၥရပ္မ်ားျဖစ္ေပၚလာေစရန္ upstream ႏွင့္ downstream industries မ်ား ပူးေပါင္း ေဆာင္႐ြက္ေရးအတြက္ VR Openlab နယ္ပယ္ပူးေပါင္းေရးအစီအစဥ္ကိုလည္း တင္ျပခဲ့သည္။ လုပ္ငန္းတြင္း ဆန္းသစ္တီထြင္မႈမ်ား ေပါက္ဖြားလာေရးအတြက္ Huawei iLab က မိတ္ဖက္မ်ားႏွင့္ အတူပူးေပါင္း ကာ Cloud VR စီးပြားေရးအရအသုံးျပဳျခင္း အေျခအေနမ်ား၊ ဝန္ေဆာင္မႈနည္းပညာမ်ားႏွင့္ ကြန္ရက္ပို႔ေဆာင္မႈ နည္းလမ္းမ်ားတြင္ အျပဳသေဘာေဆာင္သည့္ တီထြင္မႈမ်ား ပိုမိုျဖစ္ထြန္းလာေစရန္ ေဆာင္႐ြက္လွ်က္ရွိၿပီး Cloud VR ဝန္ေဆာင္မႈမ်ား စီးပြားေရးအရ အသုံးျပဳျခင္းမ်ားကို အစဥ္တစိုက္ ျမႇင့္တင္ေပးေနသည္။

[Unicode]

Cloud VR သုံးစွဲသူအတွေ့အကြုံနှင့် အကဲဖြတ် အဆိုပြုစာတမ်းကို Huawei နှင့် Video Experience Alliance တို့ ပူးပေါင်းထုတ်ပြန်

Huawei နှင့် တရုတ်နိုင်ငံ၏ ဗွီဒီယိုအတွေ့အကြုံစံနှုန်း သတ်မှတ်ရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သည့် Video Experience Alliance တို့ ပူးပေါင်းကာ Cloud VR ဝန်ဆောင်မှုများအတွက်ပထမဆုံးအကြိမ် Cloud VR သုံးစွဲသူအတွေ့အကြုံနှင့် အကဲဖြတ်ခြင်း အဆိုပြု စာတမ်းကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ၎င်းအဆိုပြုချက်စာ တမ်းထုတ်ပြန်ခြင်းသည် နယ်ပယ်တွင်းစံနှုန်းသတ်မှတ်မှုကို အရှိန်မြင့်လာစေပြီး VR ultra-HD ဗီဒီယိုဝန်ဆောင်မှုများတွင် အကောင်းဆုံးအတွေ့အကြုံများ ဆောင်ယူ လာပေးရန် အခြေခံအုတ်မြစ်တစ်ခုကိုလည်း ဖြစ်လာစေသည်။ အဆိုပြုချက်စာတမ်းတွင် Cloud VR သုံးစွဲသူ အတွေ့အကြုံပုံစံ နှင့် Cloud VR ဝန်ဆောင်မှုအကဲဖြတ်ခြင်း အခြေခံစည်းမျဉ်းများဟူ၍ အဓိက အပိုင်း (၂)ပိုင်း ပါဝင်သည်။ ၎င်းအဆိုပြုလွှာသည် Cloud VR ဝန်ဆောင်မှုအရည် အသွေးကိုအကဲဖြတ်တိုင်းတာနိုင်ရန် ဝန်ဆောင်မှု အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်နှင့်အကဲဖြတ်ခြင်းလုပ်ငန်း စဉ်များကို စံသတ်မှတ်ပေးသည်။ ထို့အပြင် ၎င်းသည် Cloud VR ဝန်ဆောင်မှုအရည်အသွေးများအား တိုင်းတာနိုင်စေရန်နှင့် အကဲဖြတ်နိုင်စေရန် လုပ်ပေးခြင်း အားဖြင့် လုပ်ငန်းနယ်ပယ်တွင်း Cloud VR စံနှုန်းသတ်မှတ်ခြင်းကို မြှင့်တင်ပေးကာ သုံးစွဲသူများအတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုအတွေ့အကြုံများပေးအပ်နိုင်စေမည် ဖြစ်သည်။

5G၊ Wi-Fi6၊ cloud rendering ကဲ့သို့ အရေးပါသည့်နည်းပညာများ အရှိန်အဟုန်ဖြင့် အပြည့်အဝဖွံ့ဖြိုးလာသည်နှင့်အမျှ Cloud VR နယ်ပယ်သည်လည်း လျှင်မြန်စွာတိုးတက်လာပြီး စီးပွားရေးစတင်ဖွံ့ဖြိုးသည့်ကာလအပိုင်းအခြားတွင် ဝန်ဆောင်မှုသုံးစွဲမှုပုံစံမျိုးစုံကို စတင်မြင်တွေ့လာသည်။ ဦးဆောင်အော်ပရေတာများက စီးပွားရေးအရ Cloud VR အသုံးပြုခြင်းကို အသေးစားစမ်းသပ်မှုများဖြင့် စတင်နေပြီဖြစ်သည်။ သို့ရာတွင် ရောင်းချသူများအကြား လုပ်ငန်း သတ်မှတ်ချက်များနှင့် ထုတ်ကုန်တည်ဆောက်ရေးနည်းလမ်းများ ကွဲပြားနေခြင်း၊ အပြန်အလှန်စနစ်ပေါင်းစည်းမှု ခက်ခဲခြင်း နှင့် သုံးစွဲသူအတွေ့အကြုံများ အားအကန့်အသတ်ထားရှိခြင်းကဲ့သို့ အခက်အခဲများကြောင့် အသုံးပြုသူ ၁၀,၀၀၀ ကျော်အတွက် စီးပွာရေးဖြစ် အသုံးပြုနိုင်ရေးချဲ့ထွင်ရာတွင် စိန်ခေါ်မှုများကြုံတွေ့နေရဆဲဖြစ်သည်။

မတူညီသည့်ရောင်းချသူများမှပံ့ပိုးသော နည်းပညာများသည် encoding၊ latency နှင့် positioning precision ပိုင်းများတွင် များစွာကွဲပြားမှုရှိခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရည်အသွေး၊ ဗီဒီယိုပိုင်းဆိုင်ရာအဆင်ပြေချောမွေ့မှု၊ အပြန်အလှန်နှင့်စူးစိုက်ခြင်းဆိုင်ရာအတွေ့အကြုံများကိုအကျိုးသက်ရောက်စေသောကြောင့် Cloud VR အသုံးပြုမှု တွင်ကျယ်လာစေရန် ကြီးမားသောအဟန့်အတားဖြစ်နေသည်။ အဆိုပါစိန်ခေါ်မှုများ ကို ဖြေရှင်းရန် နှင့် အရည် အသွေးမြင့် Cloud VR ဝန်ဆောင်မှုအတွေ့အကြုံများ အပြည့်အဝပေးအပ်နိုင်ရန် VR နယ်ပယ်တစ်ခုလုံးအတွက် ပြီးပြည့်စုံသောသတ်မှတ်ချက်များနှင့် စမ်းသပ်ရေးစံနှုန်းပြစနစ်များ သတ်မှတ်ရန် လိုအပ်လာသည်။

Huawei ၏ လှိုင်းအလျားကျယ်ကွန်ရက်တီထွင်ခြင်းလက်တွေ့စမ်းသပ်ခန်း iLab က Cloud VR သုံးစွဲသူအတွေ့ အကြုံနှင့် ရည်မှန်းချက်ညွှန်ပြကိန်းများ၊ ရလဒ်အရေအတွက်ကို အကဲဖြတ်နိုင်မည့်လုပ်ဆောင်ချက် များ၊ မျှမျှတတ အကဲဖြတ်ခြင်းနည်းလမ်း များ၊ အစိတ်အပိုင်းများကို ပယ်ထုတ်ခြင်းအတွက် အကဲဖြတ်ခြင်းလုပ်ငန်း စဉ်များ၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းများ၊ နမူနာဒေတာရယူခြင်း နှင့် အဆင်ပြေသည့် algorithm ရှာဖွေခြင်း တို့အား ဆက်စပ်ပေးမည့် သုတေသနတစ်ခုကို ဆောင်ရွက်ခဲ့သည်။

အဆိုပြုချက်စာတမ်းတွင် ဖော်ပြထားသည့် Cloud VR သုံးစွဲသူအတွေ့အကြုံပုံစံငယ်တွင် အတွေ့အကြုံ (၂) မျိုး (စူးစိုက်ခြင်းအတွေ့အကြုံနှင့် အပြန်အလှန်အတွေ့အကြုံ)၊ အရည်အသွေးကိုညွှန်းဆိုသည့်အချက် (၄)ခု (ပါဝင် သည့်အကြောင်းအရာ၏အရည်အသွေး၊ပြသမှု အရည်အသွေး၊ လုပ်ငန်းဆောင်ရွက်မှုအရည်အသွေး နှင့် တုန့်ပြန် မှု အရည်အသွေး) နှင့် frame freezing၊ artifacts၊ delay နှင့် black borders တို့ အပါအဝင် အချက်အလက် ၁၅ ချက် ပါဝင်သည်။ Cloud VR အကဲဖြတ်ခြင်းအခြေခံစည်းမျဉ်းတွင် မျှမျှတတ အကဲဖြတ်ခြင်းအချက်အလက် ၁၉၂ ခု၊ အကဲဖြတ်ခြင်းနည်းလမ်းများနှင့် အကဲဖြတ်ခြင်းကိရိယာများ ပါဝင်သည်။ ၎င်းအားဖြင့် သုံးစွဲသူအတွေ့အကြုံ ပြဿနာများကို ဖြေရှင်းရန်နှင့် တိုးတက်စေရန် အော်ပရေတာများက Cloud VR ဝန်ဆောင်မှုများ၊ VR ultra-HD ဗီဒီယိုဝန်ဆောင်မှုများ၊ VR terminals များ၊ positioning suites၊ ကွန်ရက် အရည်အသွေး နှင့် the cloud rendering platform တို့၏ ဒေတာကိုစုဆောင်းပြီး လုပ်ဆောင်ချက် နှင့် စွမ်းဆောင်ရည်များကို အကဲဖြတ် လုပ်ဆောင်ပေးနိုင်သည်။

Huawei’s Strategy Department ၏ ဥက္ကဌ Mr. Will Zhang က “အခုလို Cloud VR သုံးစွဲသူအတွေ့အကြုံနှင့် အကဲဖြတ်ခြင်း အဆိုပြုချက်စာတမ်း ထုတ်ပြန်ကြေညာတာနဲ့အတူ အကဲဖြတ်နည်းစနစ်တွေတိုးတက်လာဖို့၊ မျှတစွာအကဲဖြတ်ပေးနိုင်မယ့်ကိရိယာတွေတည်ဆောက်ဖို့၊ စီမံချက်အပြည့်အစုံနဲ့ နယ်ပယ်ရဲ့ပြဿနာရှိနေတဲ့ နေရာတွေကို ပေါင်းကူးပေးမယ့် လက်ခံနိုင်မှုစံနှုန်းတွေ တည်ထောင်ဖို့၊ Cloud VR terminals တွေနဲ့ platforms တွေကြားမှာ ချောမွေ့တဲ့ဆက်သွယ်မှုစနစ်တွေကို မြှင့်တင်ဖို့၊ သာယာဝပြောတဲ့နယ်ပယ်တွင်းဂေဟစနစ်တစ်ခု ဖြစ်ထွန်းလာဖို့ Huawei က လုပ်ငန်းတွေနဲ့ ဆက်လက်ပူးပေါင်းသွားလိုပါတယ်။” ဟု ပြောကြားသည်။

Huawei က VR နယ်ပယ်တိုးတက်လာစေရန် ဦးတည်ချက်ထားဆောင်ရွက်ပေးခဲ့ပြီး VR ကို စီးပွားရေးအရ တွဲဖက်အသုံးပြုရေးကိစ္စရပ်များဖြစ်ပေါ်လာစေရန် upstream နှင့် downstream industries များ ပူးပေါင်း ဆောင်ရွက်ရေးအတွက် VR Openlab နယ်ပယ်ပူးပေါင်းရေးအစီအစဉ်ကိုလည်း တင်ပြခဲ့သည်။ လုပ်ငန်းတွင်း ဆန်းသစ်တီထွင်မှုများ ပေါက်ဖွားလာရေးအတွက် Huawei iLab က မိတ်ဖက်များနှင့် အတူပူးပေါင်း ကာ Cloud VR စီးပွားရေးအရအသုံးပြုခြင်း အခြေအနေများ၊ ဝန်ဆောင်မှုနည်းပညာများနှင့် ကွန်ရက်ပို့ဆောင်မှု နည်းလမ်းများတွင် အပြုသဘောဆောင်သည့် တီထွင်မှုများ ပိုမိုဖြစ်ထွန်းလာစေရန် ဆောင်ရွက်လျှက်ရှိပြီး Cloud VR ဝန်ဆောင်မှုများ စီးပွားရေးအရ အသုံးပြုခြင်းများကို အစဉ်တစိုက် မြှင့်တင်ပေးနေသည်။