US က Huawei အတွက် ထုတ်ပေးထားတဲ့ လိုင်စင်ဟာ ပြီးခဲ့တဲ့ ၁ ပတ်က သက်တမ်းကုန်သွားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသုံးပြုသူတွေဟာ GMS ပါတဲ့ Huawei ဖုန်းတွေမှာ Android Update မရတော့မှာကို စိုးရိမ်နေကြပါတယ်။ အခုတော့ Huawei Mobile က  အဲ့ဒီဖုန်းတွေမှာ Android နဲ့ GMS Update ရမယ်လို့ တွစ်တာမှာ သတင်းပေးလိုက်ပါတယ်။

Huawei nova 5T ပိုင်ရှင် ၁ ယောက်က သူ့ဖုန်းမှာ  နောက်ပိုင်း ကျရင် Android နဲ့ GMS Update ရမလားလို့ မေးတာကို Huawei Mobile က လက်ရှိ ရောင်းချထားတဲ့ Android Device တွေအတွက် စိတ်ပူစရာ မလိုဘူးလို့ စာပြန်ထားပါတယ်။ Huawei သုံးစွဲသူတွေအတွက် Software နဲ့ Security Update ၂ ခုစလုံးကို ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

US Commerce Department က Huawei လိုင်စင် သက်တမ်းတိုးဖို့ အကြောင်း ဘာမှ မပြောသေးပါဘူး။ မကြာခင်မှာတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်တဲ့ အတည်ပြုချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena