နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာ ICT နယ်ပယ်အတွက် Huawei ၏ အဓိကကျသော နည်းဗျူဟာများကို ခင်းကျင်းပြသသည့် HUAWEI CONNECT ၏ 2020 အခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရှန်ဟိုင်း၌ စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် Huawei က ခေတ်မီသော ကမ္ဘာသစ်တစ်ခုကို မျှော်မှန်း၍ အမြဲတမ်းရှင်သန်နေပြီး မတူကွဲပြားသည့် Costa Rica ကဲ့သို့ စီးပွားရေး ဂေဟစနှစ်တစ်ခုကို အတူတကွတည်ဆောက်ကြရန် ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်များကို ကမ်းလှမ်းခဲ့သည်။ ၂၀၁၇ ခုနစ်တွင် ကမ္ဘာ့ထိပ်တန်း Cloud ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီကြီး (၅) ခုအနက် တစ်ခုအပါအဝင် ဖြစ်စေရမည်ဆိုသည့် Huawei ၏ ရည်မှန်းချက်ကို ကြေညာခဲ့သည်။ ၂၀၁၈ တွင် ၎င်း၏ AI နည်းဗျူဟာကို ချပြခဲ့ပြီး ၂၀၁၉ ခုနစ်တွင် ကွန်ပျူတာဆိုင်ရာနည်းဗျူဟာကို ပြသခဲ့သည်။

၂၀၂၀ တွင် တစ်ကမ္ဘာလုံး၌ 5G နည်းပညာကို စတင်မိတ်ဆက်ခဲ့သကဲ့သို့ ICT နယ်ပယ်အတွက် မမျှော်မှန်းနိုင်သည့် အခွင့်အလမ်းများပေါ်ပေါက်လာစေရန် ချိတ်ဆက်မှု၊ Cloud၊ AI၊ ကွန်ပျူတာအသုံးပြုမှုနှင့် ကဏ္ဍအလိုက်အက်ပလီကေးရှင်းများကိုလည်း တစုတစည်းတည်း ဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင် HUAWEI CONNECT သည် နည်းပညာ နယ်ပယ် ငါးခု ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် စံနှုန်းသစ်တစ်ခုဖန်တီးခြင်းကို အလေးပေးခြင်းဖြစ်သည်။

လုပ်ငန်းနယ်ပယ်အသီးအသီးအတွက် လိုအပ်သော ICT နည်းပညာများကို အသုံးချခြင်း၊ စီးပွားရေး မိတ်ဖက်များ လုပ်ငန်းချဲ့ထွင်ရန်ဖြစ်တန်ချေအသေးစိတ်တွက်ချက်ထားသောနည်းပညာများဖြင့် ပံ့ပိုးပေးခြင်နှင့် နိုင်ငံများအနေဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင တိုးတက်စေခြင်း၊ တစ်နိုင်ငံအတိုင်း အတာဖြင့် အကျိုးစီးပွား ရရှိစေခြင်း၊ ပြည်တွင်းထုတ်ကုန်ကဏ္ဍ တိုးတက်လာစေခြင်း အစရှိသည့် ၄င်းတို့၏နည်းဗျူဟာမြောက် ရည်မှန်းချက်များပြည့်မှီရန် အကူအညီ ပေးခြင်း တို့ကို Huawei အနေနှင့် ရှေ့ဆက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဖြစ်သည်။

အခမ်းအနားတွင် Huawei ၏ Rotating Chairman ဖြစ်သူ Guo Ping က ‘နည်းပညာနယ်ပယ်ငါးခု ပေါင်းစည်းဆောင်ရွက်မှုဖြင့် စံနှုန်းသစ်တစ်ခုကို ဖန်တီးခြင်း’ ဆိုသည့် ခေါင်းစဉ်ဖြင့် ပဏာမမိန့်ခွန်းကို ပြောကြားခဲ့သည်။ “ရှိရှိသမျှ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်း တွေဟာ ဒစ်ဂျစ်တယ်အသွင် ပြောင်းလာပြီး အဆင့်အတန်းမြင့်မား လာတာနဲ့အမျှ ICT ကဏ ပိုမိုကြီးထွား လာဖို မယုံနိုင်လောက်တဲ့ အလားအလာ ကိုမြင်တွေ့ကြရပါလိမ့်မယ်။ ဒီစာမျက်နှာအသစ်ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဖွင့်လှစ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု Guo ကဆိုသည်။ Huawei အနေနှင့် အောက်ပါ အဓိကစီးပွားရေး (နည်းပညာဆိုင်ရာ)နယ်ပယ်များတွင် ဆက်လက်ရင်းနှီးမြှပ်နှံသွားမည်လည်း ဖြစ်သည်။

ကွန်ရက်နယ်ပယ်တွင် အစိုးရများနှင့်စီးပွားရေးလုပ်ငန်းများ၏ အဓိကကျသည့် လုပ်ငန်းလည်ပတ်မှု စနစ်များတွင် အဆင့်မီမြှင့်တင်မှုများဖြစ်လာစေရန်အပြင် ယုံကြည်မှု အပြည့် အဝပေးနိုင်သည့် အတွေ့အကြုံနှင့် နေရာအနှံ့အပြား မြန်ဆန်ကောင်းမွန်သည့် သုံးစွဲခွင့်ပေးနိုင်မည့် မြန်နှုန်းမြင့် အလိုအလျောက် ကွန်ယက်တစ်ခု ဖန်တီးပေးနိုင်ရန် ရည်ရွယ်သော အဆင့်မြင့် ဆက်သွယ်မှုစနစ်၏ သဘောတရားကို Huawei က တင်ပြခဲ့သည်။

ကွန်ပျူတာအသုံးပြုမှုနှင့် သက်ဆိုင်သည့် နယ်ပယ်တွင် Hardware မှတစ်ဆင့် x86 နှင့် Kunpeng အပါအဝင် မတူညီသည့် လိုအပ်သောလုပ်ဆောင်ချက်များအပေါ် တွက်ချက်ပြီး အလျဉ်းသင့်သလို ခွဲခြားပေးနိုင်မည့် ကွဲပြားသောတွက်ချက်မှု စွမ်းဆောင်ရည်ကို ရယူလိုသူများအတွက် ထောက်ပံ့ ပေးနိုင်ရန် အစဉ်တစိုက် လုပ်ကိုင်လျက်ရှိသည်။

Cloud ဝန်ဆောင်မှုနယ်ပယ်တွင် ၁.၅ သန်းကျော်ရှိသော ပညာရှင်များအလုပ်လုပ်ကိုင်နိုင်သည့် ၂၃ နေရာကို ကမ္ဘာတစ်ဝန်းတွင် Huawei က အကောင်အထည် ဖော်ခဲ့သည်။

AI နယ်ပယ်တွင်လည်း အမှန်တကယ်လိုအပ်သောအချက်အလက်များအသုံးပြုခြင်းဖြင့် ပြီးပြည့်စုံ သည့် AI စနစ်များတည်ဆောကပြီး အစိုးရများနှင့်စီးပွားရေးလုပ်ငန်းများ၏ အဓိကစီးပွားရေးစနစ်များ တွင် ပိုမိုကောင်းမွန်သော AI ပေါင်းစပ်အသုံးချလာနိုင်ရန် Huawei ကရည်မှန်းထားသည်။

နည်းပညာဆိုင်ရာ နယ်ပယ်ငါးခုမှ ပေါင်းစည်းမှုရလဒ်သည် Huawei အတွက်သာမက နည်းပညာ ကဏ္ဍတစ်ခုလုံးအတွက် အခွင့်အလမ်းများ ဆောင်ကျဉ်းပေးမည်ဟု Huawei က ယုံကြည်ပါသည်။ စံနှုန်းအသစ်မှနေ၍ ရရှိလာမည့် အကျိုးအမြတ်များစွာကို မိတ်ဖက်များ ရရှိနိုင်စေရန် ပံ့ပိုးပေးပြီး အတူတကွ ရပ်တည်ကြရန် Huawei က မျှော်လင့်သည်။

အမြဲတမ်းရှင်သန်နေပြီး မတူကွဲပြားသည့် Costa Rica ကဲ့သို့ စီးပွားရေး ဂေဟစနစ်တစ်ခုကို အတူတကွတည်ဆောက်ကြရန်အတွက် ရည်ရွယ်ပြီးတင်ပြခဲ့သည့် ၂၀၁၆ ခုနှစ်က လမ်းစဉ် သုံးရပ်ကို Guo ပြန်သုံးသပ်ခဲ့သည်။ Huawei ၏မိတ်ဖက်များစွာထဲမှာ မိတ်ဖက်၃ဦးဖြစ်သော Tech Education, Cooler Master နှင့် CS&S တို့ကို ၎င်းတို့၏ စီးပွားရေးချဲ့ထွင်နိုင်ရန် အကူအညီပေးခဲ့သည့် ဥပမာ (၃) ခုကိုလည်း ဝေမျှပေးခဲ့သည်။ မိတ်ဖက်များအနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် အက်ပလီ ကေးရှင်းများဖန်တီးရန်၊ ကုန်ထုတ်လုပ်မှုကွင်းဆက်စွမ်းရည်မြှင့်တင့်ရန် နှင့် သက်ဆိုင်ရာကဏ္ဍ နယ်ပယ်အလိုက်ဖွံ့ဖြိုးစေရန်ကြိုးပမ်းအားထုတ်နေမှုများတွင်လည်း Huawei အနေဖြင့် အစဉ်အမြဲ အားပေးပံ့ပိုးမှုများပြုလုပ်သွားမည်ကိုလည်း Guo ကအလေးထားပြောကြားခဲ့သည်။

ရှန်ကျန်းမြို့၏ မြို့တော်ဝန်ဖြစ်သူ Mr. Chen Rugui လည်း အခမ်းအနားတွင် တက်ရောက်ပြောကြားခဲ့ပြီး “ရှန်ကျန်းမြို့ ကနဦးစီမံကိန်းဧရိယာနဲ့ Guangdong-Hong Kong-Macao Greater Bay ဧရိယာ ကယူဆောင်လာတဲ့ဖွံ့ဖြိုးမှုတွေကနေ ရှန်ကျန်းဟာ အခွင့်အလမ်းတွေ တတ်နိုင်သလောက်ဖန်တီးလျှက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။ “ကမ္ဘာပေါ်မှာရှိနေတဲ့ မြို့ပြကြီး တွေ အဆင့်အတန်းတွေမြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ကြိုးပမ်းနေပါတယ်။ Huawei နဲ့ တခြားနည်းပညာကုမ္ပဏီကြီးတွေကအဆင့်မြင့်နည်းပညာတွေကိုအသုံးချလို့ Shenzhen Intelligent Twins ကိုတည်ဆောက်ရင်း ကျွန်တော်တို့ ရှန်ကျန်းမြို့ဟာတစ်နေ့တစ်ခြားပိုပိုခေတ်မီလာနေပါပြီ။ ကျွန်တော်တို့အနေနဲ့ 5G ကရရှိလာမယ့် အခွင့်အလမ်းသစတွေကို ဖမ်းဆုပ်မယ်၊ 5G ကိုပိုအသုံးချမယ်၊ လုပ်ငန်းပိုင်းဆိုင်ရာမှာချိတ်ဆက်မှုတွေကို မြှင့်တင်မယ်။ အလွှာစုံချိတ်ဆက်မှုကိုတွန်းအားပေးမယ်။ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေးအတွက် ရှန်ကျန်းမြို့က စံပြအနေနဲ့ ရပ်တည်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ နည်းပညာဟာ လူနေမှုဘဝတွေ ပိုမိုကောင်းမွန်လာအောင်၊ မြို့ပြတွေကို ပိုမိုအသက်ဝင်လာအောင်ပြုလုပ်ပေးမယ့် အလားအလာ ကောင်းတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။” ဟု ထပ်မံ ပြောကြားခဲ့သည်။

Huawei ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဖြစ်လည်း Huawei Enterprise BG ၏ ဥက္ကဋ္ဌဖြစ်သူ Peng Zhongyang က ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် စံနမူနာအသစ်တစ်ခု ဖြစ်ပေါ်လာရေးနှင့် ပတ်သက်ပြီး အဓိကမိန့်ခွန်းစကားပြောကြားခဲ့သည်။ အဆိုပါ စံနမူနာအသစ်အောက်တွင် သုံးစွဲသူတို့၏ လိုအပ်ချက်များနှင့် ဆန္ဒများအပေါ်မူတည်ပြီး ဆန်းစစ်မှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ နည်းပညာနယ်ပယ် ငါးခု ပေါင်းစည်းလုပ်ဆောင်မှုကို တွန်းအားပေးခြင်းဖြင့် Huawei သည် စက်မှုလုပ်ငန်းများအတွက် စံနှုန်းအသစ်ကို ဖန်တီးပေးမည့် ခိုင်မာသော ဒစ်ဂျစ်တယ်စီးပွားရေး ဂေဟစနစ်တစ်ခုကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်သည်။

ရှန်ကျန်းလေဆိပ် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်သူ Chen Jinzu နှင့် ရှန်ကျန်းမြေအောက် မီးရထား ဆက်သွယ်ရေး၏ အထွေထွေမန်နေဂျာဖြစ်သူ Tang Shaojie တို့ကလည်း ခေတ်မီ လေဆိပ်နှင့် မြေအောက်မီးရထားတည်ဆောက်ရေးလုပ်ငန်းစဉ်များမှ ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့သည်။ ယခုအခမ်းအနားတွင် Huawei က ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်များနှင့်တကွ ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဂေဟစနစ် ပေါ်ပေါက်လာရေးအတွက် “ဆန်းသစ်၊ ချဲ့ထွင်၊ အတူတကွအောင်မြင် (Innovate, Grow and Win Together)” ဆိုသည့် ဆောင်ပုဒ်ကိုလည်း ကြေညာခဲ့သည်။

Huawei Consumer Business Group မှConsumer Cloud Service ၏ ဥက္ကဋ္ဌဖြစ်သူ Zhang Ping’an က မတူကွဲပြားသည့် အသုံးပြုသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ချောမွေ့သော AI ဝန်ဆောင်မှုကို ဖန်တီးခြင်းနှင့် စီးပွားရေး၊ ဖျော်ဖြေရေး၊၊ ပညာရေး၊ အစိုးရ၊ စီးပွားရေး အစရှိသည့် ကဏ္ဍရပ်ပေါင်းစုံတွင် ဒစ်ဂျစ်တယ် ဆန်းသစ်ဖန်တီးနိုင်ရေးအတွက် Huawei Mobile Services (HMS) က မည်သို့ ပံ့ပိုးပေးထားသည်ကိ မျှဝေပြောကြားခဲ့သည်။

Zhang Ping’an ၏ မိန့်ခွန်းစကားအပြီးတွင် Guo သည် “Huawei က လုပ်နိုင်စွမ်းတွေ ဖန်တီးပေးနေမှာဖြစ်ပြီး မိတ်ဖက်တွေကဒါကို ယူငင်အသုံးချနိုင်ပါတယ်။ ကျွန်တော်တို့အတူတကွ ပူးပေါင်း လုပ်ဆောင်ကြရင်အောင်မြင်မှု ရလဒ်နဲ့ ကျွန်တော်တို့ဖောက်သည်တွေအတွက် ပိုကြီးမားတဲ့ တန်ဖိုးတစ်ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်” ဟ Huawei ၏ မိတ်ဖက်ပါတနာများကို ထပ်မံဖိတ်ခေါ်ခဲ့သည်။

HUAWEI CONNECT 2020 သည် နိုင်ငံတကာ ICT နယ်ပယ်အတွက် Huawei မှ ကြီးမှူးကျင်းပ လေ့ရှိသော အထင်ကရအခမ်းအနားတစ်ခုဖြစ်ပြီး ယခုနစ်တွင် ရှန်ဟိုင်းမြို့၌ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိပြုလုပ်သွားမည်ဖြစ်သည်။ HUAWEI CONNECT သည် စံနှုန်းအသစ်တစ်ခု ပေါ်ပေါက်လာစေရန်အတွက် မိတ်ဖက်များနှင့် ဝန်ဆောင်မှုရယူသူများကို ပြောင်းလဲမှု၊ အတွေ့အကြုံ မျှဝေမှုတို့နှင့် ပတ်သတ်ပြီး အများ သိမြင်လာစေရန် ကူညီပေးသည့် နေရာတစ်ခုလည်းဖြစ်သည်။ ယခုနှစ် အခမ်းအနားတွင် စက်မှုလုပ်ငန်းများ ဒစ်ဂျစ်တယ် ကူးပြောင်းခြင်းမှ ရရှိလာမည့် အခွင့်အလမ်းများနှင့် ခေတ်ရေစီးကြောင်းမျာအကြောင်းကို ဖော်ထုတ်သွားမှာဖြစ်ပြီး အဆင့်မြင့် ICT နည်းပညာ များ၊ ထုတ်ကုန်များနှင့် ဖြေရှင်းချက်များကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ထိုမှသာမက အတူတကွပူးပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိူးရလဒ်များ၏ ဇာတ်ကြောင်း အသေးစိတ်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းမှ အကောင်းဆုံးသော လုပ်ဆောင်မှုများကိုလည်း ဝေမျှသွားမည်ဖြစ်သည်။ Huawei ၏ အဓိကကျသည့် ရည်မှန်းချက်သည် နယ်ပယ်အသီးသီးအတွက် စံနှုန်းတစ်ခုကို ဖန်တီးပေးပြီး ပူးတွဲ လုပ်ဆောင်သူအားလုံး အကျိူးအမြတ်ဖြစ်ထွန်းစေမည့် မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေး ဂေဟစနစ်တစ်ခုကို ထူထောင်ရန်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက https://www.huawei.com/en/events/huaweiconnect2020/ တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

Source – HUAWEI