Zawgyi

အေမရိကန္ကုန္သြယ္ေရးစစ္ပြဲရဲ႕ ရလဒ္တစ္ခုအျဖစ္ တရုတ္စမတ္ဖုန္းကုမၸဏီ Huawei ဟာ အေမရိကန္ နည္းပညာျဖစ္တဲ့ Android မုိဘုိင္းစက္ႏွင္စနစ္ကို သုံးစြဲခြင့္ပိတ္ပင္ခံခဲ့ရၿပီး Google ရဲ႕ဝန္ေဆာင္မႈေတြကို သူ႕ရဲ႕ ဖုန္းထုတ္ကုန္အသစ္ေတြမွာ ဖယ္ရွားေပးရဖို႔ျဖစ္လာပါတယ္။ ဒါေၾကာင့္ ကုမၸဏီဟာ အစားထုိးဖို႔ မုိဘုိင္း OS တစ္ခုကို ရွာေဖြလာရပါတယ္။

Huawei ရဲ႕ကိုယ္ပိုင္မုိဘုိင္း OS ျဖစ္တဲ့ Ark OS (ျပည္တြင္းမွာေတာ့ Hongmeng OS လို႔ေခၚေဝၚ) ကို အစားထိုးသုံးစြဲလာမယ္လို႔ ေနာက္ဆုံးထြက္တဲ့သတင္းေတြက ညႊန္ျပေနၿပီး လာမယ့္ေအာက္တုိဘာလမွာ ကိုယ္ပိုင္ OS နဲ႔ဖုန္းေတြ ထြက္လာေတာ့မယ္လို႔ ဆုိေနေပမယ့္ တရုတ္နည္းပညာကုမၸဏီႀကီးနဲ႔ နီးစပ္တဲ့ အသုိင္းအဝုိင္းကေတာ့ Huawei ဟာ ေရြးခ်ယ္စရာတစ္ခုအျဖစ္ Sailfish OS ကိုလည္း တည့္ထြက္ေနတယ္လို႔ သတင္းထြက္လာပါတယ္။

Sailfish OS အစစ္ေတာ့မဟုတ္ဘဲ Forked ဗားရွင္းျဖစ္တဲ့ ရုရွားပိုင္ Aurora OS ကိုသုံးစြဲလာႏုိင္ေျခရွိကာ Linux အေျခခံ OS ပါပဲ။ ရုရွားမီဒီယာတစ္ခ်ဳိ႕က Huawei ရဲ႕စီအီးအုိဟာ ရုရွားမွ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံကာ Aurora OS ကို သူ႕ရဲ႕ဟန္းဆက္ေတြမွာ သုံးစြဲဖို႔ ညိွႏႈိင္းခဲ့တယ္လို႔ ေဖာ္ျပလာခဲ့ၾကပါတယ္။ ဒါ့အျပင္ တစ္ခ်ဳိ႕ ဟန္းဆက္ေတြမွာ စတင္စမ္းသပ္ေနၿပီလို႔ေတာင္ ဆုိပါတယ္။

ႏွစ္ဖက္စလုံးကေတာ့ တရားဝင္သတင္းထုတ္ျပန္မႈေတြ မရွိေသးတာေၾကာင့္ စတင္ညွိႏိႈင္းေနဆဲ ျဖစ္တယ္လို႔ ယူဆရပါတယ္။ ၂၀၁၂ ခုႏွစ္မွာ Sailfish OS ကို Nokia မွထြက္ခြာလာတဲ့ နည္းပညာရွင္ေတြကေန စတင္ထုတ္လုပ္ဖန္တီးခဲ့ၿပီး ဖင္လန္ကုမၸဏီ Jolla မွပုိင္ဆုိင္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ရုရွားဘီလီယံနာတစ္ဦးျဖစ္တဲ့ Grigory Berezkin ဟာ Jolla ရဲ႕ပူးတြဲပိုင္ရွင္ျဖစ္လာခဲ့ၿပီး ရုရွားႏုိင္ငံအတြက္ ကိုယ္ပိုင္မုိဘုိင္း OS တစ္ခုကို Sailfish အားအေျခခံၿပီး ထုတ္လုပ္ေပးဖို႔ တာဝန္ယူခဲ့ပါတယ္။

Ref – GSM Arena

Unicode

အမေရိကန်ကုန်သွယ်ရေးစစ်ပွဲရဲ့ ရလဒ်တစ်ခုအဖြစ် တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ဟာ အမေရိကန် နည်းပညာဖြစ်တဲ့ Android မိုဘိုင်းစက်နှင်စနစ်ကို သုံးစွဲခွင့်ပိတ်ပင်ခံခဲ့ရပြီး Google ရဲ့ဝန်ဆောင်မှုတွေကို သူ့ရဲ့ ဖုန်းထုတ်ကုန်အသစ်တွေမှာ ဖယ်ရှားပေးရဖို့ဖြစ်လာပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ အစားထိုးဖို့ မိုဘိုင်း OS တစ်ခုကို ရှာဖွေလာရပါတယ်။

Huawei ရဲ့ကိုယ်ပိုင်မိုဘိုင်း OS ဖြစ်တဲ့ Ark OS (ပြည်တွင်းမှာတော့ Hongmeng OS လို့ခေါ်ဝေါ်) ကို အစားထိုးသုံးစွဲလာမယ်လို့ နောက်ဆုံးထွက်တဲ့သတင်းတွေက ညွှန်ပြနေပြီး လာမယ့်အောက်တိုဘာလမှာ ကိုယ်ပိုင် OS နဲ့ဖုန်းတွေ ထွက်လာတော့မယ်လို့ ဆိုနေပေမယ့် တရုတ်နည်းပညာကုမ္ပဏီကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ Huawei ဟာ ရွေးချယ်စရာတစ်ခုအဖြစ် Sailfish OS ကိုလည်း တည့်ထွက်နေတယ်လို့ သတင်းထွက်လာပါတယ်။

Sailfish OS အစစ်တော့မဟုတ်ဘဲ Forked ဗားရှင်းဖြစ်တဲ့ ရုရှားပိုင် Aurora OS ကိုသုံးစွဲလာနိုင်ခြေရှိကာ Linux အခြေခံ OS ပါပဲ။ ရုရှားမီဒီယာတစ်ချို့က Huawei ရဲ့စီအီးအိုဟာ ရုရှမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ Aurora OS ကို သူ့ရဲ့ဟန်းဆက်တွေမှာ သုံးစွဲဖို့ ညှိနှိုင်းခဲ့တယ်လို့ ဖော်ပြလာခဲ့ကြပါတယ်။ ဒါ့အပြင် တစ်ချို့ ဟန်းဆက်တွေမှာ စတင်စမ်းသပ်နေပြီလို့တောင် ဆိုပါတယ်။

နှစ်ဖက်စလုံးကတော့ တရားဝင်သတင်းထုတ်ပြန်မှုတွေ မရှိသေးတာကြောင့် စတင်ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ယူဆရပါတယ်။ ၂၀၁၂ ခုနှစ်မှာ Sailfish OS ကို Nokia မှထွက်ခွာလာတဲ့ နည်းပညာရှင်တွေကနေ စတင်ထုတ်လုပ်ဖန်တီးခဲ့ပြီး ဖင်လန်ကုမ္ပဏီ Jolla မှပိုင်ဆိုင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားဘီလီယံနာတစ်ဦးဖြစ်တဲ့ Grigory Berezkin ဟာ Jolla ရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာခဲ့ပြီး ရုရှားနိုင်ငံအတွက် ကိုယ်ပိုင်မိုဘိုင်း OS တစ်ခုကို Sailfish အားအခြေခံပြီး ထုတ်လုပ်ပေးဖို့ တာဝန်ယူခဲ့ပါတယ်။

Ref – GSM Arena